ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, December 12, 2013

ဆီးဂိမ်းအလှ မြင်ကွင်း 11.12.13 အမှတ်တရပုံလေးတွေပါ..

ကျုပ်လည်း ဆီးဂိမ်းကို သွားလည်း မသွားနိုင်ဘူး ရောက်လည်း မရောက်ဖြစ်ပါဘူး။ သို့သော်လည်း မနေ့ညက
တော့ဖြင့် မမျှော်လင့်ဘဲ လက်ဖက်ရည်ဆိုင်မှာ ကြည့်ဖြစ်တယ်ဗျာ။ အတော်ကောင်းတယ်။ ကိုယ်တိုင် မရောက်
နိုင်တော့ ကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံမပါဘူး။ သူများတင်ထားတာလေးတွေ လိုက်ရှာပြီး အမှတ်တရ တင်ထား
တာပေါ့။ သြော် ဘယ်နှစ်ဘယ်လ ဘယ်ရက်ကတော့ဖြင့်. ဆီးဂိမ်းကျင်းပသွားတာဘဲဆိုပြီးလည်း ကိုယ့်အတွက်
အမှတ်တရဖြစ်တာပေါ့ဗျာ။ ဓါတ်ပုံကတော့ သိပ်အကောင်းကြီးတွေမပါဘူးဗျ။ အွန်လိုင်းတက်တဲ့သူတွေက ဆီးဂိမ်းဖွင့်ပွဲ သိပ်မသွားကြဘူးနဲ့ တူပါတယ်။ ဓါတ်ပုံ ကောင်းကောင်းလေးကို မမြင်ရဘူး..။ ဗွီဒီယိုတော့ ဟုတ်မ
ဟုတ် မသိသေးဘူး ဆီးဂိမ်းဆိုလို့ ဒေါင်းနေတုန်း..။ ကဲ ဘာပဲဆိုဆို ကိုယ့်အတွက် အမှတ်တရလေးပါ..။ အီလက်
ထရောနှစ် နည်းပညာ ဆော့ဖ်ဝဲနည်းပညာတွေလည်း လိုက်လို့ မကုန်နိုင်ပါဘူး။ ကျုပ်အနေနဲ့ပြောချင်တာက
လိုက်ရင် ဝေးမယ်။ ကိုယ့်အတွက် အသုံးလိုတာ အဓိကကျတဲ့ ပညာကိုဘဲ စူးစူးစိုက်စိုက် လေ့လာလိုက်ရင် ပိုကောင်းပါလိမ့်မယ်။ အခုကျုပ်ဆိုရင် အားနဲချက်တွေအများကြီးဘဲ အင်္ဂလိပ်မတတ်ဘူး အင်္ဂလိပ်ကို ဖိပြီးကြိုးစား
လိုက်မယ်ဆို ပိုကောင်းတာပေါ့...။ အဲလိုဘဲ နည်းပညာမှာလည်း ပညာတစ်ခုခုကို တစ်ကယ်တတ်ကျွမ်းအောင်
လုပ်မလား ထွက်သမျှဆော့ဖ်ဝဲနောက်ကိုဘဲ လိုက်မလား..။ ဒါစဉ်းစားပါ..ဒါဘဲ အောက်မှာ ဆီးဂိမ်းပုံတွေ အမှတ်
တရ ထည့်ထားသည်.....ဆီးဂိမ်းဗွီဒီယိုဒေါင်းကြည့်လို့ရင်တော့ အောက်ကလင့်မှာ ဒေါင်းပါ သူများလင့်ပါ..။ လူနာမည်တော့ မပြောတတ်တော့ဘူး မနက်ကတည်းက ဖေ့ဘုတ်မှာတွေ့တာ ...ကျုပ်တော့.ဒေါင်းလို့ပြီးသွားပြီ ကြည့်ရတာ အဆင်ပြေတယ်ကွယ့် လိုင်းကောင်းမှနော် 455MB ရှိတယ်ဗျ...















11.12.13 တဲ့ဗျာ နေ့ကလည်း 11.12.2013ပေါ့...၁၁ရက် ၁၂ လ ၂၀၁၃ ခုနှစ်ပေါ့...။ မြန်မာလိုက မသိသေးဘူး
ကိုယ်လည်း မြန်မာပြက္ခဒိန်မကြည့်တာ ကြာပြီ...။



0 အားပေးစကားပြောကြားကြပါ:

Post a Comment