ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, December 18, 2013

ဖောင်းပြင်မြို့နယ်သူ မြို့နယ်သားများကို ဒီဘလော့လေးမှာ သတင်းတွေရေးပေးဖို့ ဖိတ်ခေါ်ခြင်း..

ကဲဗျာ ကျုပ်ရဲ့ ဘလော့လေးကလည်း သက်တမ်းအားဖြင့် တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ဒီတော့ ဖောင်းပြင်က
တော့ အတော်များများလည်း သိကြပါလိမ့်မယ်.။ ဒီတော့ ဖောင်းပြင်သားတွေလည်း နေရာဒေသအနံ့အပြားမှာ
အတော်များများ ရောက်ရှိနေကြတယ်ဆိုတော့ ကိုယ့်မွေးရပ်မြေက သတင်းတွေကို သိချင်ကြမှာပေါ့ဗျာ။ အဲတော့
ကျုပ်အနေနဲ့ တတ်နိုင်တာဆိုလို့ ဒါလေးဘဲ ရှိတာပါ.။ ဖောင်းပြင်သူ ဖောင်းပြင်သားတွေ ဖောင်းပြင်မြို့နယ်က သတင်းအချက်အလက်တွေကို သူများမြို့တွေ နည်းတူ ဖတ်ချင်ကြတယ်။ ဒီတော့ ရေးသားပေးလိုတဲ့ လူတွေ လို
အပ်လာတာပေါ့ဗျာ။ ကျုပ်တစ်ဦးတည်းဆို ဘယ်လိုရေးမလဲ ဖောင်းပြင်မြို့မှာ နေတာလည်း မဟုတ်တဲ့အတွက်
သတင်းတွေကို အချိန်နှင့် တစ်ပြေးညီ မတင်နိုင်ဘူးလေ။ အဲတော့ ဖောင်ပြင်မြို့ပေါ်ကတွေရော နယ်ကတွေပါ
မကျန် ဒီဘလော့လေးကနေပြီး အနယ်နယ်အရပ်ရပ်ကို ရောက်ရှိနေတဲ့ ဖောင်းပြင်သားတွေ ဖတ်နိုင်အောင် သတင်းတွေ နည်းပညာတွေ ရေးပေးဖို့ ဖိတ်ခေါ်ရတာပါ..။ ဘလော့ရေးနည်းကတော့ မခက်ပါဘူးဗျာ။ ကျုပ်ဆိုက်
ထဲမှာလည်း ဘလော့ ဆိုပြီး တင်းထားတယ် အဲဒီအထဲမှာ ကြည့်ရင်သိနိုင်ပါတယ်..။




ရပ်ဝေးမြေခြားရောက်နေတဲ့ ဖောင်းပြင်သူ ဖောင်ပြင်သားအားလုံးလည်း မိမိတို့ သိသမျှကို အများသိနိုင်အောင်
ရေးသားပေးကြမယ်လို့ ထင်ပါတယ်။  ရန်ကုန်ရောက်နေတဲ့ အစ်မတွေရော ဦးလေးတွေရောပေါ့ဗျာ..။ အားလုံး
ဝိုင်းဝန်းပေးကြပါဦးနော်..။ ငါ့ညီတော် နောင်တော်တွေရောပေါ့ဗျာ...။ အဆင်ပြေရင်တော့ ရေးပေးကြဦးနော်..။


ဒီဘလော့လေးမှာ ပါဝင်ရေးသားလိုရင်ဖြင့်....ohnthar@gmail.com သို့ဖြစ်စေ..။ https://www.facebook.com/ohnthar  ဒီfacebook မှာဖြစ်စေ Message ပို့ပေးကြပါ..။ မိမိတို့ ပါဝင်ရေးသားလိုတဲ့ Email ကိုပေါ့ဗျာ...။
သူများ မြို့တွေနည်းတူ ကိုယ့်မြို့လည်း ဒီကမ္ဘာပေါ်မှာ ဒီမြန်မာ့မြေမှာ ရှိပါတစ်ကားဆိုပြီး သိရအောင်ပေါ့ဗျာ..။
ဟုတ်ဘူးလား.....။ ကဲဗျာ...ဒါကတော့ အကူအညီတောင်းတာပါ...။ စိတ်ပါဝင်စားကြမယ်လို့လည်း ထင်ပါတယ်.။

မိမိတို့ တတ်သိတာလေးတွေ ဝေမျှတာပေါ့ဗျာ..။ ဖောင်းပြင်မှာ ဘယ်သူ အလှူရှိတယ် ဘာညာ ဒီလိုဘဲ ရေးကြ
ရမှာဘဲလေ..။ သတင်းကလည်း သိသင့်တာဆို ရေးရမှာပေါ့ လိုအပ်နေတာတွေလည်း ရေးပေးကြပေါ့ဗျာ...။

ကဲ ဒီနေ့တော့ဖြင့် ကျုပ်လည်း မန္တလေး ရတနာပုံကျောင်းရောက်တော့ ဒို့ ဆရာဗလက အမိန့်ရှိခဲ့တယ်ဗျာ..။
ဟာ ဘလော့ကာကြီး လာပြီဆိုပြီးတော့ပေါ့..။ မင်းဘလော့က ဒို့ဖောင်းပြင်က သတင်းတွေလည်း တင်ရင်တော့
ပိုကောင်းမယ်ဆိုပြီး အကြံပေးလာတယ်..။ ဒါကတော့ ကိုယ့်အနေနဲ့လည်း ဟိုအရင်ကတည်းက စဉ်းစားမိပါတယ်
သို့ပေမယ့် ရေးပေးမယ့်သူ မရှိတာရယ် သတင်းအချက်အလက်ကလည်း ရဖို့မလွယ်တာကြောင့် မရေးနိုင်ခဲ့ပါဘူး
ခုတော့ ဖောင်းပြင်မှာလည်း အင်တာနက်တွေ သုံးလို့ ရနေပြီဆိုတော့ ဒါ ပိုအဆင်ပြေတာပေါ့ဗျာ....။

ကဲ ငါ့ညီများရော နှမများရော အစ်မတွေရော တတ်နိုင်သမျှ ပါဝင်ရေးကူကြပါဦးလို့.....ဖိတ်ခေါ်လိုက်ချင်ပါတယ်..။
ဒါနဲ့ ဘလော့မရေးတတ်မှာစိုးလို့ ကျုပ် သူများ ဗွီဒီယိုလေးတော့ တင်ပေးလိုက်တယ်ဗျာ။ ကျုပ်ကတော့ မိတ်ဆွေ
များ Gmail ကို သိရင်တော့ လှမ်းဖိတ်ရုံပေါ့ဗျာ။ အဖိတ်ခံရရင်ဖြင့်..။ မိမိ Email ကိုစစ်ပြီး လက်ခံပေးကာ ရေးသား
လို့ ရပြီပေါ့..။ www.blogger.com မှာမိမိ Gmail အကောင့်နဲ့ ၀င်ပြီးတော့ ပို့စ်တွေ တင်လို့ရပြီပေါ့...စာတွေ တတ်သမျှ ရေးသားလို့ ရပြီပေါ့ဗျာ..။ နည်းပညာဆိုက် အတော်များများလည်း ဒီလိုဘဲ စုပေါင်း ရေးကြတာဘဲလေ။
သတင်းဆိုက်တွေမှလည်း ဒီလိုဘဲ အများကြီးရေးကြတာဘဲ...။

ကဲ ဒို့ဖောင်းပြင်သားတွေလည်း ခေတ်နောက်ကောက် မကျန်ခဲ့လေအောင် ပါဝင်ကူညီ အားဖြည့်ရေးသားကြပါစို့...
လား........ရွှေဖောင်းပြင်သားတို့ရေ.....................

ပို့စ်မတင်တတ်သူများ ဘလော့မရေးသားသေးသူများ အောက်က ဗွီဒီယိုလေးကို ဒေါင်းပြီး ကြည့်ပါ...။

 ဒီအောက်က လင့်နှစ်ခုကို ဒေါင်းပြီး ကြည့်ပါ....



0 အားပေးစကားပြောကြားကြပါ:

Post a Comment