ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, July 10, 2013

Hangouts နှင့် Video Call ပြောမယ် နောက်ပြီး Google ရဲ့ ရှယ်ဆော့ဝဲများ

ကဲ မယုံမရှိနဲ့ဗျာ ကျုပ်တော့ ဒီထဲကကောင်လေးတွေကို အသုံးပြုနေတာဘဲ။ ကဲဒီထဲမှာ ပါတဲ့ဆော့ဝဲ အသုံးဝင်ပုံ
လေးအကြောင်းနဲနဲပြောမယ်.။ Flash Transfer ဆိုတဲ့ကောင်က Zapya လိုဘဲ သူ့ထက်နဲနဲမြန်တယ်လို့ အပြောများ
တယ်.။ Friendcaster Pro ဒီကောင်လေးကတော့လည်း အသုံးပြုကြပါတယ် သူက Facebook အသုံးပြုတဲ့ကောင်
ပေါ့ဗျာ.။ Google Translatew ဆိုတဲ့ကောင်လေးက ဘာသာပြန်ပေးတဲ့ ဆော့ဝဲပဲ နိုင်ငံပေါင်း 70 ကျော်က ဘာသာ
စကားတွေကို ပြန်ပေးနိုင်တယ် မြန်မာတော့ မပါသေးဘူး.။ Google+ လည်း သိပြီးသား ဖေ့ဘုတ်လိုပါဘဲ.။ သူနဲ့
တွဲသုံးရမှာကတော့ လန်းချက်က မိုက်ကိုမိုက်ပါတယ်လို့ ပြောရမလားဘဲဗျာ.။ Hangouts ဆိုတဲ့ကောင်ပေါ့ဗျာ.။
သူကတော့ Google Play Store ၀င်လို့ရတဲ့သူမှသာလျှင် အဆင်ပြေမှာပါနော်.။ ဖုန်းထဲမှာ Talk ဆိုတဲ့ဆော့ဝဲလေး
တွေ့ဖူးကြလား သူ့နေရာမှာ အစားထိုးသွားပါ့မယ်.။ ဒီ  Hangouts က ကျုပ်ဟိုအရင်ကပြောခဲ့သလိုဘဲ. သူကလူ
လေးငါးယောက် သို့မဟုတ် မိသားစုလိုက်ကို Chat လို့ရတယ်.ရိုးရိုး Chat မဟုတ်ဘူး Video Chat ဗျာ သိပ်ကောင်း
တယ်နော်.မှတ်ထား.။ တစ်ခြားဆော့ဝဲတွေနဲ့ မတူဘူး ဒါက Google ကပေးတာလေ Gmail အကောင့်ရှိရင် ၀င်
လို့ရပြီ.။



ကဲ Hangouts ကိုတော့ ကိုယ်တိုင် တင်ပြီးစမ်းကြည့်ကြ မကြိုက်ရင် ပြန်ဖြုတ်လိုက်ပေါ့.။ ဖြုတ်လိုက်ရင် မူရင်းပါတဲ့
Talk ဆော့ဝဲလေးက ပြန်ပေါ်လာမယ်.။ ကဲ Hangouts အကြောင်းကတော့ ဒီလောက်ပါဘဲနော်..။ နောက်တစ်ခုက
Google Maps 6.14.4 ဒါကလည်း မြန်မာမဟုတ် ကမ္ဘာမှာပင်လျှင် နာမည်ကြီး ဆော့ဝဲဘဲ ဘယ်ကိုသွားချင်လည်း
လမ်းမသိရင် အင်တာနက်လေးဖွင့်ပြီး ရိုက်ထည့် မိမိရောက်နေတဲ့ နေရာကနေ (ဥပမာ ဖောင်းပြင်ကို သွားချင်ရင်
Phaung Pyin လို့ ရိုက်ထည့်လိုက် ဘယ်လိုသွားရမယ်ဆိုတာ ပေါ်လာမယ် ) ဒါကတော့ ကိုယ်သွားချင်တဲ့ နေရာ
တွေကို လိုက်ရှာခိုင်းတာပေါ့ သူကလည်း အများကြီး အသုံးဝင်တယ်နော်..သိပါတယ် မိတ်ဆွေတို့က..ကိုယ့်ထက်
တော်သူတွေများပါတယ်.။

နောက်တစ်ခုကတော့ Tube Video Downloader ဆိုတာကတော့ YouTube က ဗွီဒီယိုတွေကို ဒေါင်းတဲ့ဆော့ဝဲဘဲ
နောက်ပြီး ဖေ့ဘုတ်ပေါ်ရောက်လာတဲ့ YouTube ကဗွီဒီယိုဆိုရင်လည်း ဒေါင်းလော့ချလို့ရတယ်.။ ကဲနောက်တစ်
မျိုးကတော့ အင်တာနက် အဖွင့် အပိတ်လုပ်တဲ့ဆော့ဝဲပေါ့ဗျာ..။ ကဲအားလုံးဘဲ အဆင်ပြေချောမွေ့စွာဖြင့် အသုံး
ပြုနိုင်ကြပါစေနော်...11.7.2013 အမှတ်တရ..ကြိုတင်ရေးလိုက်တာပေါ့ဗျာ...




0 အားပေးစကားပြောကြားကြပါ:

Post a Comment