ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, July 4, 2013

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ For Windows 7/ 8



အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င် စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..ဒါပေမယ့် .. အဲဒီလို လူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း   တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသ မှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်ဖိုင်တွေကို  Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ် ခုပါ ..

ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် .. ( ပုံတွေ မထင်ရှားရင် ပုံပေါ်မှာ မောစ်တင်ပေးလိုက်ပါ)


ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ အောက်ပုံအတိုင်း ကျလာပါမယ်


အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်
 
 
အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်







အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0
( သုည ) ပြောင်းလိုက်ပါ ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ .. ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ

ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ .. အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်


အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..


ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါအားလုံးအတွက် ပြင်ပေး ပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ ၀င်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာ တာကို တွေ့ရပါလိမ့်မယ်ကဲ .. အဆင်ပြေကြပါစေဗျာ.

ရေးသားသူ...အိုင်တီမုဆိုး..

1 အားပေးစကားပြောကြားကြပါ:

  1. [p]It is also usually designed with [url=http://uggclassicshortboots5825.webs.com]ugg 5825 [/url] a rubber lugged sole for extra traction and lightweight comfort . Fashion Ugg boots enjoy great [url=http://cheapuggengland.webs.com]ugg boots 5803 sale[/url] popularity among customers all over the world due to their trendy styles and incredible comfort . Some are [url=http://uggclassicshortboots5825.webs.com]chestnut uggs[/url] engaged concerning the after-sale support . For additional bookish occasions attempt the traditional Tall in adventuresome flower, Bend it back again and forth a bit, does it offers effortlessly or is there anxiety there? How a great deal do they weigh? Do they really feel heavy while you slip them on? The lining within them might be also comfortable . Most of the time, we do a lot and normally, [url=http://uggbootsuksale2013.webs.com]ugg boots uk sale [/url] we forget our feet . Australia is a great place to surf, and since ugg boots [url=http://cheapuggengland.webs.com]Cheap UGG England[/url] are made from Australian sheepskin their
    existence was already well-known in the land down under . In some cases it may not even be possible to make it bigger without changing the garment and making it look "off" . Once you slip your feet into a pair of these boots, they will be warm [url=http://cheapuggengland.webs.com]uk ugg boots 5803[/url] and toasty until it is time to take them off . The casual fashion expression is considered to be personalized when any UGG boot style is worn to finish the dressy look.[/p]

    ReplyDelete