ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, January 5, 2013

(၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ မန္တလေးမှာဟောပြောတဲ့ သပြေတန်းခံတပ် အကြောင်းသိကောင်းစရာများ

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ကြည်မြပီသတဲ့အသံ တိုင်းပြည်အပေါ်ချစ်တဲ့စိတ်ဓါတ်ကိုတော့
ဒီဟောပြောပွဲလေးကြောင့် အတော့်ကို ဂုဏ်ယူသွားပြီဗျာ။ သူဟောပြောလိုက်မှ မျက်စိအလင်းပွင့်သွားသလိုပါဘဲ
အတော့်ကို အပြောကောင်းမနောကောင်း တိုင်းပြည်ကို အသက်ပေးလို့ချစ်ခဲ့တယ် ဘ၀ကိုပေးလို့ချစ်ခဲ့ပုဂ္ဂိုလ်ကြီး
ပါဘဲ။ ထောင်ဆိုတာ နိုင်ငံရေးသမားတိုင်းအတွက် ပြတိုက်တစ်ခုလိုပါဘဲတဲ့ အတော်ထိတဲ့ စကားလုံးဗျာ။ အဖွါးစု
တို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ အသက်အပိုင်းအခြားဟာ ထောင်ထဲမှာ ကုန်ခဲ့ရသလို ကိုမင်းကိုနိုင်တို့ရဲ့ဘ၀ဟာလည်း ဒီလို
ပါဘဲ တိုင်းပြည်ကို ခြောက်ထဲကျမှာ အတော်စိုးကြသကိုး။ ဒို့တစ်တွေဟာ မဟုတ်တာကို အဟုတ် အဘတို့ရဲ့ လိမ်
ညာမှုကို ခံခဲ့ရတယ်။ တိုင်းပြည်ကို နွံထဲရောက်အောင် အကြွေးထူတဲ့နိုင်ငံဖြစ်အောင် ပြုလုပ်ခဲ့တဲ့ သူတွေကို
အတော်ကြောက်ခဲ့ကြရတယ်။ တိုင်းပြည်အပေါ်ချစ်တဲ့စိတ်နဲ့ ဘ၀ကိုထောင်ထဲမှာ အချိန်ကုန်ပြီး ပေးဆပ်ခဲ့တဲ့ ၈၈
ကျောင်းသားများနှင့် နိုင်ငံရေးသမားအားလုံးကြောင့် ဒီလိုလေးဖြစ်လာရတာကို ၀မ်းသာပါတယ်။ တိုင်းပြည်ကို ဒီ



ထက်ကောင်းတဲ့ နိုင်ငံတော်ကို ချီတက်ဖို့အတွက် ကိုမင်းကိုနိုင်ရဲ့ဟောပြောထားတဲ့ ဒီနိုင်ငံပြုပြင်ပြောင်းလဲရေး
ဟောပြောလေးကို နားထောင်ပြီး တိုင်းပြည်ကို ချစ်တတ်လာအောင် တင်ပေးချင်တဲ့ စိတ်ကြောင့် MP3 လေးတင်
ပေးလိုက်ပါပြီ။ 27.12.2012 ။ ၁၃၇၄ ခုနှစ်နတ်တော်လဆန်း ၁၄ ရက် ၁၅ ရက်မှာ ဟောပြောသွားတဲ့ သပြေတန်း
ခံတပ်ဆိုတဲ့ ဟောပြောမှုလေးဟာ တစ်နာရီလောက် နာထောင်လိုက်တာနဲ့ တိုင်းပြည်အပေါ် ကိုမင်းကိုနိုင်တဲ့
ဘယ်လောက်ချစ်တယ်ဆိုတာ သိနိုင်သလို နိုင်ငံရေးအမြင်မှန်တွေ လည်းရသွားမှာပါ။ သတ္တိတွေလည်း မွေးထုတ်
ပေးမယ့် ဒီဟောပြောပွဲကို ကြိုက်ကြမယ်လို့ထင်ပါတယ်။ ကျုပ်တို့တိုင်းပြည်ဟာ ဘာမှ သိပ်မကျန်တော့ပါဘူး။

အမြင်မှန်တွေ ရသင့်ပါပြီ။ အထက်မှာလည်း သစ်တောတွေလည်း ပြောင်ပြီ။ ကျောက်စိမ်းတွေလည်း ကုန်သလောက် နီးနီး ရှိနေပြီ။ အလယ်ကိုရောက်လာပြန်ပြီ။ ကြေးနီတောင်စီမံကိန်း ရွှေတွေထွက်တဲ့ ကြေးနီ
တောင်စီမံကိန်းကလည်း တိုင်းပြည်အတွက်မဟုတ်ပါဘူး။ စစ်အစိုးရ ရောင်းစားခဲ့တဲ့ ဒဏ်တွေ ဘုန်းကြီးတွေ
ရော လူတွေရော အလူးအလဲခံခဲ့ကြရတာ လူတိုင်းအသိပါ။ နောက်ပြီး အောက်ကိုစုံသွားလိုက်တော့ ဂက်စ်တွေလည်း ပိုက်လိုင်းကြီးနဲ့ သွယ်တန်းပြီး ပို့တော့မယ်။ ကျုပ်တို့ တောရွာတွေမပြောနဲ့ မြို့ကြီးတွေတောင်
မီးမှန်အောင်မရနိုင်ဘဲ ဒီဂက်စ်တွေကို ရောင်းနေပြီ။ ဖောင်စီးရင်နဲ့ ရေငတ်တဲ့ ဘ၀ရောက်နေပြီ။ တိုင်းပြည်ကောင်း
စားဖို့အတွက်မဟုတ်ဘဲ သူများကောင်းစားဖို့ အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွတ်ခိုင်းခံရသလို ဖြစ်နေပြီနော်။
ကျုပ်တို့ တိုင်းပြည်ဟာ ဗုဒ္ဓဘာသာတွေ ဖြစ်သည့်အလျောက် မြတ်ဘုရားရဲ့အဆုံးအမတွေနဲ့ တစ်ဦးကို တစ်ဦးချစ်
ခင်လေးစားရမယ့်အချိန်ရောက်နေပြီ ညီညီညွတ်နေသင့်တာကြာပါပြီ။ သမိုင်းတစ်လျောက် ထိုင်ခုံလုလို့ တိုင်းပြည်ပါ ပျက်ခဲ့ရတဲ့ သီပေါခေတ်ကိုလည်း ကြုံခဲ့ရပြီ။ အခုလို စနစ်သစ်နဲ့ သွားတဲ့နေရာမှာ ကိုယ်တတ်နိုင်တဲ့
နေရာကနေ ပါဝင်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိရာကို လုပ်ဆောင်ကြပါစို့ ညီညွတ်ကြပါစို့။ တစ်ဦးကို တစ်ဦး မေတ္တာထားကြပါစို့။ ယုံယုံကြည်ကြည်နဲ့ လူကိုလူလို ဆက်ဆံကြပါစို့ ဒို့တိုင်းပြည်ကလူတွေ စလုံးမှာ ကျွန်ခံ ယိုးဒယားမှာ မျက်နှာငယ်နဲ့ အလုပ်လုပ်ရဲ့ဘ၀တွေကို တိုင်းပြည်ကောင်းအောင် လုပ်ပေးမယ့် သူတွေကိုထောက်ခံ အားပေးကြပါစို့ လမ်းကြောင်းမှားနေတဲ့သူတွေကို လမ်းမှန်ပေါ်ရောက်အောင် ညှိနိုင်းပြောဆိုရတော့မယ့် အချိန်အခါပါ။ လက်နက်ကိုင် သမားတွေကလည်း တိုင်းပြည်ကောင်းဖို့ အတွက် ရှေ့ရှုပြီးတော့ အာဏာတွေပါဝါတွေကို ပဓာနမထားဘဲ အားပြိုင်မနေဘဲ
တိုင်းပြည်ကောင်းစားဖို့ နောင်လာနောက်သားတွေ ဒီထက်တိုးတက်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြပါစို့ဗျာ။ ငါမပါ ဘယ်ဟာ မပြီး ငါချည်းတော့လည်း ဘာမှမပြီး ဆိုသလိုဘဲ ငါတစ်ယောက်တည်း လည်း မဖြစ်ဘူး မင်းတို့ငါတို့အားလုံး ပြည်ထောင်စု အတွင်းမှာနေထိုင်ကြတဲ့ သူအားလုံးညီညွတ်ပါမှ တိုင်းပြည်က ကောင်းလာမှာပါ။ ဒါတွေထက် ပိုကောင်းတဲ့ဟောပြောပွဲလေးကို နားထောင်ကြည့်ပါဦးဗျာ ကျုပ်ပြောတာက မပြည့်စုံပါဘူး သူတို့လောက်မပြောတတ်ဘူးလေ။

ကိုမင်းကိုနိုင်ရဲ့ သပြေတန်းခံတပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောချက်ဟာ အတိုင်းအတာတစ်ခုထိတော့ အောင်မြင်
မယ်လို့တော့ ထင်ပါတယ်။ ယုံကြည်ပါတယ်။ တိုင်းပြည်က လူတွေအားလုံး စိတ်ဓါတ် ပျက်စီးနေတာတွေ
ဒီထက်ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီလောက်ပါဘဲဗျာ။ Internet ပေါ်တင်ရတာမို့ MP3 အသံ Layer
ကို 32 kbps stereo နဲ့ လုပ်လိုက်တယ် မိမိတို့ ဒေါင်းလော့ချပြီးရင် အသံဖိုင်ကို ပြန်ပြုပြင်လိုက်ပါ။ အကောင်းဆုံး
အသံဆိုက်ကတော့ 192 ပါ။ ဒါကတော့ ဘောက်ကြီးတွေနဲ့ ဖွင့်ရင် 192 မှ အသံကြည်လင်တာပါ ပုံမှန်ဆိုက်က
တော့ 128 ပါ။ ဒါကြောင့် ရလာတဲ့ အသံဖိုင်ကို မိမိတို့ သုံးစွဲနေတဲ့ MP3 ပြုလုပ်တဲ့ ဘယ်ဆော့ဝဲနှင့်မဆို အသံ
ကို ပြုပြင်လိုက်ပါဦးနော်။ နားထောင်ရတာပိုကောင်းအောင်လို့ပါ။ သဘောကျကြမယ်လို့ထင်ပါတယ်။

နှစ်သက်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလော့ချလိုက်ပါဗျာ။ အမှားတွေ ပါသွားရင်လည်း ပြင်ဆင်ဖတ်ရှုကြပါဗျာ။ နှစ်ခုကွဲနေလို့ မဆက်ပေးလိုက်ဘူးဗျာ။ နှစ်ပုဒ်လို့ ဒေါင်းလော့ချပြီး
နားထောင်ကြပါ။ ဗွီဒီယိုဆိုတာတော့ ဆိုင်တွေမှာ နောက်ပိုင်းဝယ်လို့ ရလောက်ပါတယ်။  

۩۩۩۩  DOWNLOAD KO MINKONAING1  ۩۩۩۩

۩۩۩۩  DOWNLOAD KO MINKONAING2  ۩۩۩۩



0 အားပေးစကားပြောကြားကြပါ:

Post a Comment