ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, November 11, 2013

VRoot 1.7.2 and Android Driver and Firmware Search

ကဲ V Root 1.7.2 လေးရယ် Android Driver ရယ် Firmware Search လေးရယ် သုံးမျိုး တင်ပေးလိုက်
တယ်။ Root လုပ်ဖို့အတွက်ဆို ပထမဆုံးလိုအပ်တာက Android Driver ပေါ့ဗျာ။ သူမရှိရင် အလုပ်မဖြစ်ဖူး
လေ ဒါကြောင့် တွဲဖက်ပြီးတင်ပေးတာပါ။ များသောအားဖြင့်ကတော့ ဖုန်းတွေမှာလည်း သူ့အတွက် သီသန့်
လေး ဖုန်းထဲမှာ ပါတတ်ပါတယ်။ USB ကြိုးနဲ့ ကွန်ပျူတာမှာချိတ်ဆက်လိုက်ရင် တွေ့ရတတ်ပါတယ် အဲဒီ
ကောင်လေးကို install လုပ်လိုက်ရင်လည်း အဆင်ပြေတယ်။ ကျုပ်လည်း နေ့လယ်ကတော့ G510 အမျိုး
အစား တစ်လုံး Root ဖောက်ပြီး မြန်မာဖောင့်ထည့်ပေးလိုက်သေးတယ် စမ်းသုံးလိုက်တာပါ။ သူများတွေက
အတော်များများဖုန်းတွေ Root လုပ်နိုင်တယ်ပြောလို့ ဟုတ်သလားဆိုတာ လက်တည့်စမ်းလိုက်တာ အိုကေ
သွားတယ်။ Root လုပ်နည်းတွေကတော့ ရေးထားတာတွေ မနည်းပါဘူး ရှာတတ်ရင် ရပါတယ်နော်။ ကဲ ကိုယ်လုပ်လိုက်တာကတော့ V Root ကို install လိုက်တယ်ဗျာ။ ဖုန်းနဲ့ ကွန်ပျူတာ USB ကြိုးနဲ့ ချိတ်ဆက်
လိုက်တယ်။ ဖုန်း Setting>>Developer options>> USB debugging ကို အမှန်ခြစ်ပေးလိုက်တယ်။
အဲဒါပြီးတော့ V Root ကို ဖွင့်ပြီးတော့ ခနစောင့်ကြည့် သူဟာသူ Android ကို စစ်ဆေးနေတယ် ပီးတော့ Root လုပ်ဖို့ အသင့်အနေအထားလေးကို ရောက်သွားတယ်။ Root Root Root နဲ့ နှိပ်သွားလိုက်တယ်။ ကားမောင်းသလို ၀ူး ၀ူး ခုတော့ ရု ရု ပေါ့ဗျာ နောက်ဆုံးမှာ ဖုန်း Restart ကျသွားတယ် ပြန်တက်လာတော့
Super User လေးပေါ်လာတယ်။ ကဲ ဒီနောက်မှာတော့ မြန်မာစာ မြင်ရဖို့အတွက် Zawgyi Installer Root
လေးကို ဖုန်းထဲမှာ install လုပ်တယ်ဗျာ။



Zawgyi Installer  ဖွင့်လိုက်တယ်ဗျာ။ Check for Root Access ကိုနှိပ် Install Roboto font ဆိုတာကို
ဆက်နှိပ်တယ်။ ခဏလောက်စောင့်ပါ Reboot Now ဆိုတာလေးပေါ်လာတယ် နှိပ်ပါ။ Restart ကျသွားလို့
ပြန်တက်လာရင်တော့ ကြည့်ချင်တဲ့ သတင်းတွေ မြန်မာလို ကြည့်လို့ရပါပြီ။

ကဲ စာရေးလို့မရသေးဘူး Frozen Zawgyi သို့မဟုတ် Bagan Keyboard လေးကို ဖုန်းထဲကို install လုပ်ပါ
ဖုန်း Setting >> Language & input >> Frozen Zawgyi ဆိုတာလေးကို အမှန်ခြစ်ပါ။ ကျန်တာတွေကို
တော့ အမှန်ခြစ်ဖြုတ်ပါ။ Bagan Keyboard ထည့်ရင်လည်း Bagan Keyboard ကိုအမှန်ခြစ်ပြီး ကျန်တာ
ဖြုတ်ထားလိုက်ပါ။

Frozen Zawgyi သို့မဟုတ် Bagan Keyboard ရဲ့ အပေါ်မှာ Default ဆိုတာလေးနှိပ်ပါ။  Frozen Zawgyi
ထည့်ရင် သူ့ကို အမှတ်အသား အစက်ပြောက်လေးပေးပါ။  agan Keyboard ထည့်ထားရင် agan Keyboard ကို အစက်ပြောက်လေး ကို အမှတ်အသား ပြုလုပ်ပါ။

ဟာ ဘာမှတာ မဟုတ်တယ် ရေးလိုက်ရတာဗျာ။ ကဲ အဆင်ပြေပါပြီနော်။ ကိုယ့်ချစ်အစ်ကိုကြီးကလည်း
သူ့ရွာကညီက ဖုန်းမြန်မာစာ  မပေါ်လို့တဲ့ဗျာ လုပ်ခိုင်းတော့လည်း ကြံဖန်လုပ်ပေးလိုက်ရသေးတာ။ သူတို့
Root လုပ်ထားတာက Google Playstore က ဒေါင်းလို့ရတဲ့ ကောင်လေးနဲ့ Root လုပ်ထားတာ Zawgyi Installer Root နဲ့ ကျတော့ အဆင်မပြေဘူးဗျာ။ Root Access မရှိဘူးလို့ပြောနေတာနဲ့ Setting ထဲမှာ
သွားပြီး ဖြုတ်ထုတ်လိုက်ရသေးတာ။ အဲဒါတွေပြီးမှ အပေါ်ကအတိုင်းဘဲ လုပ်ပေးခဲ့တာပါ။ ဒါလေးက ကိုယ်
တွေ့ ဖြစ်ရပ်မှန်လေးပေါ့ဗျာ။ Root လေးလုပ်ဖောင့်လေး ထည့်ပြီးတော့ လက်ဖက်ရည်နဲ့ ပေါက်ဆီ တစ်လုံး
တော့ စားလိုက်ရသေးတာဗျ။ ကဲ ငါ့ညီတွေ အစ်ကိုတွေကတော့ ကိုယ့်ထက်သာတဲ့ သူတွေချည်းပါဘဲ...။
ငမိုးကတော့ မတောက်တစ်ခေါက်ပါ သိတာလေး ကြုံတွေ့ခဲ့ရတာလေးတွေကို ဖောက်သည်ချတယ်လို့ဘဲ
ထားပါတော့လေ...။

ကဲ အဆုံးသတ်ချင်ပေမယ့် ကျန်နေသေးတယ်ဗျာ။ Firmware Search ဆိုတာလေးပေါ့ ကျုပ်ဟိုအရင်က
တင်ပေးခဲ့ဖူးပါတယ်။ ရေးလည်း ရေးခဲ့ဖူးပါတယ်။ သူကတော့ ကျုပ်တို့ Huawei Firamware တွေကို အမြန်
ဆုံး အလွယ်ကူဆုံး ဒေါင်းလော့ချစရာ လင့်တွေကို ရှာပေးမှာပါ။ Huawei မှ တစ်ပါး ကျန်တဲ့ ဖုန်းတွေကို
တော့ ရှာပေးမှာ မဟုတ်ပါဘူး။ ကဲ ဒီကောင့်ကလည်း အတော်လေး အသုံးဝင်ပါတယ်။ ပြောတာပြောရ
တယ်ဗျ။ ခုထိ facebook အကောင့်မလျှောက်တတ် မသုံးတတ်သေးတဲ့သူတွေ မြန်မာပြည်မှာ တစ်ပုံကြီး
ရှိသေးတယ်ဆိုတာပါဘဲ။ ကိုယ်ကတော့ အင်တာနက် သုံးတတ်နေပြီ ရှာတတ်ပြီဆိုပေမယ့် မရှာတတ်မသုံး
တတ်သေးတဲ့သူတွေ သန်းချီလို့ ရှိနေသေးတယ်ဆိုတာကိုလည်း သတိပြုပေါ့..။ ကိုယ်သိထားတာလေးက
လွယ်နေပေမယ့် ခုမှ စသုံးတဲ့ သူတွေကျတော့ တစ်ကယ့်အခက်အခဲကြီး တစ်ခုလို ဖြစ်နေတာကိုလည်း
သတိလေးထား ပြောကြားကြပါလို့.....။

ကဲ ဒါပါဘဲဗျာ။ စာဖတ်ရတာ ပျင်းရောပေါ့......အောက်မှာ ဒေါင်းလိုက်ပါနော်...။



0 အားပေးစကားပြောကြားကြပါ:

Post a Comment