ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, November 26, 2013

နောက်ဆုံးရ အကောင်းဆုံး apk လေးများ Last update apk

ကဲနောက်ဆုံးရ apk လေးတွေ တင်ပေးလိုက်ပြန်ပြီဗျာ။ ဒီတစ်ခါတော့ နဲနဲပြောမယ်။ တစ်ခြားမထင်ပါနဲ့ apk အကြောင်းလေးတွေပေါ့ဗျာ။
(1) 4.0 MMSD Gapp Installer ကတော့ Android Version 4.0.4 အတွက်သာ အသုံးတည့်ပါမယ်။ သူ့မှာ အသုံးပြုနည်းပါတယ်နော်...Google Play Store နဲ့ Gmail Gtalk မပါတဲ့သူများအတွက်ပေါ့..။
(2) 9NaWim_1.1 ကိုးန၀င်းကတော့ ပုတီးစိပ်နည်းပါ။ မိုးမလင်း ကိုးန၀င်းတော့ မဟုတ်လောက်ပါဘူး..။
(3) com.mmas.samsungzawgyienabler ဒီကောင်လေးကတော့ ဆမ်းဆောင်းမှာ မြန်မာစာပေါ်ဖို့ပါ..။
(4) foutzerogappinstaller ကဲ ဒီကောင်လေးကတော့ မြန်မာစာ မမှန်တာတွေ မှန်ဖို့အတွက်ပေါ့ဗျာ..။
(5) GameHacker ဆိုတာကတော့ ဂိမ်းတွေ ဟက်ပြီးဆော့တဲ့ကောင်လေးဆိုဘဲ။ ငွေတွေဟက်လို့ရတယ်
      တဲ့ဗျာ။ ငွေရအောင်နဲနဲဆော့ပြီး ဟက်ရတယ်ဆိုဘဲ..ကဲ ဟက်စမ်းကြည့်ကြပေါ့..။
(6) GplayEX ဆိုတာကတော့ တင်ပေးဖူးပြီးသားပါ။ Google Play Store ၀င်မရသူများအတွက်ပေါ့..။
(7)  LayDic ဥပဒေ အဘိဓါန်တဲ့ဗျာ သုံးကြည့်တာ အထှာမနပ်တော့ သိပ်မသုံးတတ်ဘူးဗျ။




(8) MPT Net Setting v1.0 တဲ့ဗျာ။ GSM / WCDMA ဖုန်းများအတွက် အင်တာနက် Setting ကို သူ့ဟာသူ ချိန်းပေးမယ့် ကောင်လေးပါ။ မချိန်းတတ်သေးတဲ့ သူတွေအတွက် ကောင်းပါတယ်..နော်..။

(9) ROM.Toolbox.Pro.5.2.5 ကတော့ မသုံးဖူးဘူးဗျာ။ ဘယ်လို သုံးသလဲ မသိဘူး..သူများဆိုက်မှာ ဖတ်တုန်းကတော့ ကောင်းတာဘဲ ဆိုပြီး ဆွဲထားတာ မေ့သွားပြီ..။ ဟုတ်နေတာဘဲနော်...။

(10)  Symbols keyboard & text art Pro 2.7.0 ဒါလေးကတော့ ကီးဘုတ်လေးပါ။ သို့သော်သူက အရုပ်
လေးတွေနဲ့ ချက်တတ်တဲ့ သူတွေအတွက် အဆင်ပြေမယ့် ကောင်လေးပေါ့ဗျာ..။ ကဲ ဒီလောက်ပါဘဲ..။

ဗဟုသုတ​ရမယ့် စကားလုံးတွေတော့ ကိုယ်လည်း မပြောတတ်တော့ဘူး သြော်ဒါနဲ့ ဒီနေ့တော့ စတိပ်ဂျော့
ရဲ့ အတ္ထုပ္ပတ္တိဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျာ မြန်မာစာတန်းထိုး မဟုတ်တော့ နဲနဲတော့ အဆင်မပြေဘူး
များများအဆင်မပြေတာပါ။ ဘာပြောလို့ ပြောမှန်း မသိဘူးလေ..။ တစ်ကယ်ဆို ဗဟုသုတတွေ အတုံးလိုက်
အတစ်လိုက် ရရမှာ ခုတော့ မြန်မာလို စာတန်းထိုးမပါတော့ ရုပ်ကြည်လင်တာလေးကိုဘဲ ဖီးယူပြီး ကြည့်ရ
တော့တာပေါ့ဗျာ...။ ကဲ ဒါပါဘဲ တစ်ခြားဆိုက်တွေ လည်ရဦးမယ် မဟုတ်လား..စကား မများတော့ပါဘူး
ဒါလေးပါဘဲ အားလုံး အဆင်ပြေကြပါစေ....ကျုပ်လည်း ကျန်းမာလို့ ချမ်းသာက ထီ သိန်း 1500 ဆုကြီး
ပေါက်ပါရစေလားဗျာ......

0 အားပေးစကားပြောကြားကြပါ:

Post a Comment