ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, July 7, 2014

Prolink အသုံးပြုနည်း ( USB Modem Card ထဲ ဆင်းကဒ်ထည့်ပြီး အင်တာနက်အသုံးပြုနည်းနှင့် ငွေဖြည့်သွင်းနည်း )

ကဲဗျာ ဒီနေ့တော့ ဟိုတစ်နေ့က ကြွားထားတဲ့ 28000 တန် USB Modem လို့ခေါ်တဲ့ Prolink အကြောင်းလေး အသုံးပြုနည်းလေးကို တင်ပြပေးပါ့မယ်.။ အားလုံးလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဒီကောင်လေးကတော့
ဘက်ထရီမလိုဘဲနဲ့ ဆင်းကဒ်ထည့်ပြီး USB နဲ့ကွန်ပျူတာမှာချိတ်ဆက်ပြီးတော့ အင်တာနက်သုံးနိုင်တဲ့အကြောင်း
ပေါ့ဗျာ။ ဖုန်းလိုင်းတွေကလည်း ချလာတော့မှာဆိုတော့ ဒါလေးတွေကလည်း လိုအပ်လာတော့မယ်ထင်ပါတယ်။
အင်တာနက်သုံးတာက ဆင်းကဒ်တစ်ခု။ ကိုယ့်အတွက်အရေးကြီးတဲ့ဖုန်းက တစ်လုံးဒီလိုဘဲ သုံးကြမယ်မဟုတ်
လား.။ ဒါက ဘာကောင်းသလဲဆိုတော့ အားသွင်းရတဲ့ဒုက္ခတစ်ခု ကင်းတယ်ဗျာ ဖုန်းနဲ့သုံးမယ်ဆိုရင် ဘက်ထရီ
အခက်အခဲလေးတွေ ရှိတာကို သုံးဖူးသူတိုင်းသိမှာပါ.။ အဲတော့ ဘယ်တော့မှဘက်ထရီလည်း မကုန်တဲ့နည်း.
အလွယ်တစ်ကူလည်း ယူသွားနိုင်တဲ့ မည်သည့်ကွန်ပျူတာမှာမဆို ဖုန်းလိုင်းမိမယ်ဆို အင်တာနက်အသုံးပြုနိုင်တဲ့
နည်းလမ်းလေးကို ပြောပြသွားမှာပါ.။ ဒီကောင်လေးကတော့ အတော့်ကိုကောင်းပါတယ်.။ ဖုန်းမရှိလည်း ကွန်ပျူ
တာသာရှိမယ်ဆို အင်တာနက်သုံးနိုင်မှာပါ..။ ကဲ ဒီလောက်ဆို သိရောပေါ့..ဒီတော့ Prolink ခေါ် USB Modem
ကဒ်နဲ့ အင်တာနက်ချိတ်ဆက်နည်းကိုပြောပါ့မယ်..။


ကဲစကြစို့ဟေ့ (1) ပထမဆုံး USB Modem လေးကို ၀ယ်ပါ.။ (2) USB Modem ထဲ ဆင်းကဒ်ထည့်ပါ.။
(3) ကွန်ပျူ တာ USB ပေါက်မှာထိုးပြီးတော့ ချိတ်ဆက်ပါ.။ (4) USB Modem Driver မောင်းပါ..။ ပြီးရင်..
ဇာတ်လမ်းက စပါပြီ.။

(အင်တာနက် Setting ချိန်နည်း / ချိတ်ဆက်နည်း )

ကဲ မောင်းပြီးရင်  PROLiNK HSPA Modem ဆိုတာလေးကို ဖွင့်လိုက်ပါ။ ပြီးရင် Setting ကိုနှိပ်ပါ.။ Connection ကိုနှိပ်ပါ.။ Add ကိုဆက်နှိပ်ပါ..။ Common မှာ Config file မှာ mptnet ထည့်ပါ..။
Dial number မှာ *99# ထည့်ပါ..။

Last the following APN Address မှာ  mptnet ထည့်ပါ..။
Username မှာ ကြိုက်တာထည့်
Password  မှာလည်း ကြိုက်တာထည့်ပြီး Save လိုက်ပါ..။
ပြီးရင်တော့ Internet အသုံးပြုနိုင်ပါပြီ..။ အသုံးပြုမယ်ဆို Connected to Netword ပေါ့ဗျာ..။ ဒါဆိုရင်
အင်တာနက် သုံးဖို့ချိတ်ဆက်နေပြီပေါ့..။ ပြီးတာနဲ့ ကြည့်ချင်တာ ကြည့် ရချင်တာရှာ..။ ဆွဲချင်တာဆွဲ...
မင့်စိတ်ကြိုက်ပါဘဲ...။

ဆင်းကဒ်ထဲ ငွေထည့်နည်း
ကဲဆင်းကဒ်ထဲကို ငွေထည့်မယ်ဆိုလည်း အောက်မြှားလေးကိုနှိပ်ပြီး USSD ကိုဆက်နှိပ်ပါ.။ဖုန်းမှာငွေဖြည့်သလို
*123*--------လျှို့ ဝှက်နံပါတ် --# Call သို့မဟုတ် Config နှိပ်လိုက်ရင် ငွေထည့်ပြီးပြီပေါ့ဗျာ..။ ဒီငွေထည့်နည်း
ကတော့ ချစ်ညီလေး မောင်သစ်ဆန်းခန့်ပြောပြပေးတဲ့နည်းပါ..။ Thit San Khant ကဲ ဒါကတော့ ကျေးဇူးရှင်မို့ပါ
နောက်ပြီးတော့  ချစ်ညီလေးမောင်သန်းတိုးအောင်တို့လည်း ဒီငွေဖြည့်အသုံးပြုနည်းမှာ အားပေးကူညီခဲ့လို့
ကိုမိုးအနေနဲ့ သိခဲ့တာလေးကိုလည်း မှတ်တမ်းတစ်ခုအနေနဲ့ ရေးထည့်လိုက်သည်..။

မရှင်းရင် ပုံကိုကြည့်ပါ...။
ပထမဆုံး မြှားပြထားတဲ့ 3G ကိုနှိပ်ပြီးတော့ Driver မောင်းထည့်လိုက်ပါ..။
 မောင်းထည့်လိုက်ပါပြီ..။
Setting >>Connection>>Add>> အထိသွားပါ..

 ဒီမှာဖြည့်ပြထားသလို ဖြည့်စွက်လိုက်ပါ....
ခုမြှားပြထားတဲ့နေရာမှာ Data Connected ဆိုတာလေးကိုနှိပ်လိုက်ရင် ခုပုံလေးလို အင်တာနက်ချိတ်ဆက်ပြီး
အသုံးပြုနိုင်ပါပြီ..။
ဒီပုံမှာကတော့ ငွေဖြည့်တဲ့ နည်းစနစ်ပါကွယ်...ခုပုံမှာပြထားသလိုဘဲ နှိပ်ပြီး ဖြည့်ထည့်လိုက်တော့..။

ကဲ ဒီလောက်ဆိုရင်တော့ အားလုံး နားလည်သဘောပေါက်လောက်ပါပြီ....။ ဟန်းဆက်မလိုတော့ဘူးပေါ့
Prolink နဲ့ နှစ်ပါးသွားနိုင်ဖို့ 28000 လောက်တော့ ငွေရှိဖို့လိုတယ် ၀ယ်ယူသုံးဆောင်နိုင်ကြပါစေ..ကုန်သတည်း.။
ငွေကြေးမတတ်နိုင်သူများကတော့ 15000 လောက်တန်တာကို ၀ယ်သုံးနိုင်ပါတယ်..။ မိမိက GSM/ WCDMA
သုံးမယ်ဆိုရင် ကဒ်ကတစ်မျိုးပါ..။ CDMA နဲ့သုံးမယ်ဆို တစ်မျိုး ၀ယ်ရမှာနော် အဲတော့ မိမိအသုံးပြုမယ့်ဆင်းကဒ်
ပေါ်မူတည်ပြီးတော့ Modem Card ကိုလည်း ရွေးချယ်ဝယ်ယူရမယ်ဆိုတာကို အသိပေးလိုက်ပါတယ်...။
အခမဲကြော်ငြာရေးပေါ့ဗျာ...Prolink ကတော့ ကိုယ့်ကျေးဇူးရှိသွားပြီ ဒီတော့လက်ဆောင်လေးတော့ တောင်းရ
မှာပေါ့ဗျာ..။ ဟဲ ဟဲ ဟား ဟား..။

0 အားပေးစကားပြောကြားကြပါ:

Post a Comment