ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, July 5, 2014

iTag - Music Tag Editor ( MP 3 လေးတွေကို မိမိဓါတ်ပုံထည့်ကြမယ် )

ကဲဗျာ သူများတွေ သီချင်းတွေမှာ ဓါတ်ပုံလေးတွေ ဘယ်လိုလုပ်သလဲဆိုတာ ကိုမိုးမသိခဲ့ပါဘူး.။ ရွာမှာတုန်းက
တော့ ကိုယ့်နောင်တော်လုပ်တာ တွေ့ဖူးပါတယ်.။ သို့သော်လည်း apk နာမည်မေ့နေသည့်အတွက် မလုပ်ဖြစ်ခဲ့
ပါဘူး။ နေ့လည်ကမှ fb မှာ မေးလို့ itg နဲ့ တွယ်လို့ရတယ်ပြောတော့ Google Play မှာ ရှာပြီးတော့ လုပ်ကြည့်
တာ အဆင်ပြေတယ်ဗျာ.။ ကဲ ဒါလေးကိုဘဲ ဒီနေ့အတွက် လက်ဆောင်ပေးလိုက်ပါတယ်.။ ကဲ MP3 မှာ မိမိပုံ
လေးတွေ မိမိချစ်ခင်တဲ့ မိန်းကလေးပုံတွေကို စိတ်ကြိုက်ထည့်သုံးစွဲနိုင်ပါပြီဗျာ။ မိန်းကလေးတွေအနေနဲ့လည်း
ကိုယ်ချစ်တဲ့ ယောက်ျားလေးပုံ သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ ပုံလေးတွေထည့်ပြီး MP3 ဖွင့်နားထောင်တော့
ပိုကောင်းတာပေါ့။ သီချင်းလည်းနားထောင်ရင်း မိမိသဘောကျတဲ့သူကိုလည်း မြင်နေရတော့ စိတ်ထဲတော့ တစ်မျိုးကောင်းတာပေါ့ ဟုတ်ဘူးလား..။ ကဲ သုံးနည်းကတော့ မခက်ပါဘူး.။ iTag ကိုသွင်းပြီး ဖွင့်ပါ.။ မိမိထည့်
သွင်းချင်တဲ့ သီချင်းကိုရွေးပါ.။ Picture ဆိုတာလေးကိုနှိပ်ပါ.။ ဓါတ်ပုံဘယ်မှာထားတယ်ဆိုတာရွေးပြီး စိတ်ကြိုက်
ဓါတ်ပုံထည့်ပါ.။( ဓါတ်ပုံထည့်ထားတဲ့ MP 3 ဆိုရင် Clear Cover ပေါ့ဗျာ) အဲဒါပြီးရင် Save လိုက်ရုံဘဲ OK လေး
ကျလာရင် OK ပေါ့..။ ဒါမျိုးလေးပါဘဲ မခက်ပါဘူး စမ်းကြည့်ပါ သူ့အထဲမှာတော့ ဖွင့်စမ်းကြည့်လို့မရပါဘူး Google Music Player နဲ့ ဖွင့်လိုက်ရင် ခုနမိမိထည့်သွင်းထားတဲ့ သီချင်းက ဓါတ်ပုံလေးနဲ့ ဖြစ်နေမှာပေါ့ဗျာ..။








0 အားပေးစကားပြောကြားကြပါ:

Post a Comment