ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, September 2, 2014

Baidu Browser.Apk အလန်းလွန် အလွန်လန်းတဲ့ Browser လေးပေါ့

Baidu Browser လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကောင်လေးကတော့ သုံးရတာ ပေါ့ပါးတဲ့ Browser လေးတစ်ခုပါ။ သုံးကြည့်ရင် သိပါလိမ့်မယ်.။ အမှန်အတိုင်းပြောရရင်တော့ လိုသလောက်လိုမယ် မလိုသလောက်မလိုပါဘူး။ ဖုန်းမှာ ပါတဲ့ Browser တွေကလည်း သူ့ဟာနဲ့သူ ကောင်းပြီးသားတွေဘဲလေ။
Chrome တွေလည်း ပါနေလေတော့ သိပ်ကြီးတော့ မလိုဘူးလို့ထင်တာဘဲ.ကိုယ့်ဆိုက်ပေါ်လည်း တင်သေးတယ် ရချင်အောင်လည်း မပြောတတ်ဘူး ဒီလိုတော့ ထင်ကြမှာဘဲ။ ဟုတ်ပါတယ် ကျုပ်အမှန် အတိုင်းပြောတာပါ..။ သို့သော် အကောင့်ဖောက်တာများတဲ့သူ သို့မဟုတ် အကောင့်များစွာ သုံးနေသူ ဆိုရင်တော့ လိုတာပေါ့ facebook အကောင့်တစ်ခုကို Browser တစ်ခုနှုန်းနဲ့ သုံးနေတဲ့သူတွေကလည်း
ရှိတယ် မဟုတ်လား ဒီတော့ လိုလိုမယ်မယ် တင်ထားတယ်လို့ဘဲ ပြောပါရစေတော့ဗျာ..။


ဒီ Browser မှာ အားသာချက်က ဗွီဒီယိုကို အသေးကြီးကြည့်လို့ရတယ်။ Screen ပေါ်မှာ သေးသေးလေး လုပ်ပြီး ရွေ့ထားရင် အခြားအလုပ်တွေကိုလည်း ကလိလို့ရတာ အားသာချက်ရှိတယ်။သိတယ်မဟုတ်လား ဟိုတစ်လောက တင်ပေးထားတာ သုံးကြည့်ဖူးလား Baidu Browser လေ ကွန်ပျူ တာအတွက်တင်ပေးဖူး တယ်။ အဲ့ကောင် သုံးဖူးရင် သိမှာပါ..ဘယ်လိုလဲ ကောင်းတယ်မဟုတ်လား..။ ကျုပ်အကြိုက်ပေါ့ဗျာ... သိပ်ကောင်းတဲ့ဆော့ဖ်ဝဲဘဲ...။

Internet Download Manager က သိပ်မဟုတ်တော့ဘူး ချီးထုတ်ဖြစ်လာပြီ..။ အသစ်တွေ ထွက်နိုင်မက ထွက် ဟုတ်တာလည်းမဟုတ်ဘူး။ မြန်နှုန်းလည်း တိုးမလာ ဒီဇိုင်းကလည်း ဒီတိုင်းဘဲ ဘာတွေထည့်သွင်း ထားတယ်တော့ မသိပါဘူးဗျာ..။ သို့သော်လည်း ခုနောက်ပိုင်း ဒေါင်းလို့ မကောင်းတော့ဘူး ချီးထုတ်ဖြစ်နေပြီ..။ ဒါကြောင့် Baidu နဲ့ နှစ်ပါးသွားနေတယ်..။ လောလောဆယ်မှာ ကိုယ့်စိတ်ထဲတော့ Baidu က အကောင်းဆုံးပါဘဲ..။

ကဲ ကျုပ်အမှန်တွေပြောလို့လားတော့မသိ..အလည်တောင် သိပ်မလာကြတော့ဘူးဗျ.။ လာတဲ့သူတွေလည်း လာကြပါသေးတယ်.။ ခုနောက်ပိုင်း ကိုယ်တိုင်ရေးတွေ သိပ်မတင်ဖြစ်ဘူးဗျာ..။ကိုယ့်မှာကလည်း လိုက်နေ ရတာ အလောပကောဆိုတော့ ရှိမှာပေါ့..။ သူများဆိုက်တွေကတော့ ရေးပေးမယ့်သူတွေ ရှိနေတော့ အဆင်ပြေတာပေါ့ဗျာ.ကိုယ်က ဆက်ဆံရေး ညံ့တဲ့သူဆိုတော့ ထင်သလောက်မပေါက်မြောက်ဘူးပေါ့...။
ဒါကြောင့် ကြားခံဆက်ဆံရေးသမားလေးတောင် ငှါးရမလို ဖြစ်နေတယ်..။ ကိုယ့်ဆိုက်က ဘာမှလည်း မရဘဲ အငှါးတွေနဲ့ စကားကတော့ တတ်တယ်နော် ပြောတော့ အညာသားတဲ့ ကိုယ့်ဟာကို အားပေး ရင်းဖြင့်ပေါ့ဗျာ နဒိန်းတွေတောင် ကျလာပြီ မျက်တွင်းတွေ ဟောက်လာပြီကြာရင်တော့ သေလိမ့်မယ်။   လျှော့ဦး မိုးကောင်ကင်ကြီး အဲ့လို ကိုယ့်ဟာကို တားပေမယ့် မနေနိုင်တာ မနေတတ်တာကလည်း ခက်နေတယ် မျက်စိတွေလည်း အကျင့်ဖြစ်နေပြီ.။ စောစော မအိပ်တတ်တော့ဘူးလေ...။ ဒါပါဘဲဗျာ....။ အားလုံး အဆင်ပြေပါစေ.။

0 အားပေးစကားပြောကြားကြပါ:

Post a Comment