ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, October 22, 2013

ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ

ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်းသည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထား ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိလက်ရှိ သိရှိ ထားပြီးဖြစ်သည့် HIV ဗိုင်းရပ်စ်များထက် ပိုမိုပြင်းထန်သော မျိုးကွဲ တစ်မျိုးကို မိမိတို့ ဖော်ထုတ် တွေ့ရှိထားပြီဟု ယုံကြည်ရကြောင်း ရုရှားနိုင်ငံမှ သုတေသီများ က ပြောကြားခဲ့သည်။ HIV မျိုးကွဲတစ်ခုအဖြစ် ယူဆရသော 02_AG/A ဗိုင်းရပ်စ်သည် ယခုအခါ ရုရှားနိုင်ငံ တဝှမ်းတွင် လျင်မြန်စွာ ပျံ့နှံ့လာနေပြီဟု ယုံကြည်ရသည်။ အထူးသဖြင့် ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်း သည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထားကြသည်။ 02_AG/Aသည် ဗိုင်းရပ်စ် အမျိုးမျိုး၏ မျိုးကွဲများအနက် ရုရှားတွင် တွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး၊ ဒုက္ခအပေးနိုင်ဆုံး ပုံစံမျိုး ဖြစ်နေေ ကြာင်းလည်း သိရှိရသည်။

ယခု HIV ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ချေချင်းညာ၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်တို့တွင် ကူးစက်နေကြောင်း လည်း တွေ့ရှိထားသည်။ ယခုမျိုးကွဲ ဗိုင်းရပ်စ်ကို (၂၀၀၆)ခုနှစ်က နိုဗိုဆီဘာ့စ်ခ်မြို့တွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ဆိုက်ဘေးရီးယားရှိ ရုရှား အစိုးရ ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝသုတေသနဌာန (VECTOR)မှ ပညာရှင်များက 02_AG/Aကို အမျိုးအစား ခွဲထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ် သုတေသ နပြု လေ့လာလျှက်ရှိသည်။ နိုဗိုဆီဘာ့စ်ခ်တွင် (၂၀၀၇)ခုနှစ်မှ (၂၀၁၂)ခုနှစ်အတွင်း HIVပိုး ရှိနေသူ အရေအတွက်သည် (၂၀၀၀)မှ (၁၅၀၀၀)သို့ ခုန်တက်လာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မျှသည် 02_AG/A ဗိုင်းရပ်စ်ကြောင့်ဟု သိရသည်။

HIVသည် သာမန်အားဖြင့် HIV-1နှင့် HIV-2ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1က သက်ရောက်မှု ပိုမိုပြင်းထန်သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ်ပေးသော အဓိက ဗိုင်းရပ်စ်အဖြစ် ယူဆထားကြသည်။

02_AG/Aက သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။ ယင်း၏ ကူးစက်ပုံသည် အခြား HIV ဗိုင်းရပ်စ်များကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ် ဝေမျှသုံးစွဲခြင်း အစရှိသည့် အခြေအနေများ အတိုင်းပင် ဖြစ်သည်။ သုတေသီများက ရုရှားတွင် ကျောင်းတွင်း လိင်ပညာပေး လုပ်ငန်းများ အားနည်းခြင်းသည် HIV ကူးစက်မှု ကျယ်ပြန့်လာခြင်း၏ အခြေခံ အကြောင်းတရား တစ်ခုဟု အပြစ်တင်ထားသည်။

Planet Myanmar Network
Myanmar Online News ကနေ ကူးယူဖော်ပြထား

0 အားပေးစကားပြောကြားကြပါ:

Post a Comment