ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, December 31, 2012

ဥပကနဲ့ မဆာဝါ တစ်ခန်းရပ်ပြဇာတ်လေးပါ။

ဥပက ရသေ့အဖြစ် မိုးဒီ။ မုဆိုးအဖြစ် မော့စ်။ မဆာဝါခေါ် မ၀ါဝါအဖြစ် ရတနာခင်။ ဒီတစ်ခန်းရပ်ပြဇာတ်လေးဟာ အတိုလေးဆိုပေမယ့် တစ်ကယ်ကို ကောင်းပါတယ်။ ဇာတ်လမ်းကတော့ ဇာတ်တော်လာထဲကနဲ့တော့ ကွဲလွဲ
တယ်။ ဒါပေမယ့်ဆိုလိုရင်းကို အဓိကထား တင်ဆက်ထားတာဖြစ်ပါတယ်။ ရသေ့မိုးဒီဟာ တောတောင်ထဲမှာ တစ်ပါးတည်း တရားကျင့်နေတယ်။ မုဆိုးကတွေ့တော့ ကြည်ကြိုပြီး နေ့စဉ်ဆွမ်းကပ်ဖို့ သမီးကို မှာတယ်။ သမီး
ဆွမ်းသွားကပ်တော့ မိုးဒီရသေ့က သဘောကျနှစ်ခြိုက်သွားတယ်ပေါ့ဗျာ မအိပ်နိုင်မစားနိုင်နဲ့ တစ်မိုင်မိုင်ဖြစ်နေ
တာကို မုဆိုး ငမော့စ်သိတော့ သမီးဖြစ်သူနဲ့ပေးစားတယ်။ သမီးဖြစ်သူက မိုးဒီရသေ့ကို အလုပ်တွေကို မျှော်လင့်
ချက်လေးပေပြီး ခိုင်းတယ်။ မိုးဒီက မိုးမချုပ်သေးပေမယ့် ကောင်မလေးနဲ့ တစ်အားအိပ်ချင်နေတယ် အဲဒီဇာတ်ဝင်
ခန်းလေးရယ်။ ကောင်မလေးက ဟင်းချက်ခိုင်းတော့မှ သူနေ့စဉ် ရသေ့ဘ၀နေတုန်းက တဲကျောင်းလေးမှာ အစာ လာတောင်းတဲ့ယုံလေးနှစ်ကောင်ရယ် သမင်တစ်ကောင်ရယ် သတ်ထားတာလေးမြင်တော့မှ သတိသံဝေဂ
ရသွားတယ် ကာမကိလေ ညှိပွေလို့ ကပ်ခါပူးတော့ အရူးပမာဖြစ်ရရှာတဲ့ ဥပကရေဆိုပြီးတော့ သူ့ကိုသူဆုံးမပြီး မိမိနေမြဲ ရသေ့ဘ၀ကိုရောက်ကာ တရားရသွားတဲ့ ပြဇာတ်လေးပါ။ သဘောကျလို့ Youtube မှာ တင်လိုက်
တယ်ကွယ်။


သူများဖေ့ဘုတ်မှာ တင်လာလို့ ဒေါင်းပြီး ကြည့်မိရာက သဘောကျလို့ တင်လိုက်တာပါ။ အဲဒီလိုပါဘဲ
အချစ်ဆိုတာဟာ တစ်ကယ်ပြောရရင် နဲနဲတော့လန့်ရတယ်။ တရားသဘောနဲ့ကြည့်ရင်ပေါ့။ တရားနဲ့မပျော် မယား
နဲ့ပျော်ချင်တာကတော့ လူတိုင်းပါဘဲ။ ငါလည်း မယားနဲ့ပျော်ချင်ပေမယ့် မပျော်နိုင်သေးဘူး ချစ်သူမှ မရှိတာ။ အဲဒီ
တော့ ကိုယ့်ဘော်ဒါတွေတော့ ပျော်ကြပေါ့ဗျာ။ နောက်တော့ ကျုပ်လည်းပျော်နိုင်ကောင်းပါရဲ့။ ဒီလောက်ပါဘဲ
2102 နှစ်သစ်ကူးအမှတ်တရလေးပါနော်။ အားလုံးဘဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်
ပါတယ်ကွယ်။ ဆုတောင်းပေးလိုက်ပါတယ်ညယ်။ ဖောင်းပြင်လေသံပေါ့။ ဟုမ္မလင်းလေသံကတော့ ဆုတောင်းပေးလိုက်ပါတယ်မွေ။ ကရင်လေသံကတော့ ဆုတောင်းပေးလိုက်တယ်ဝေး..

0 အားပေးစကားပြောကြားကြပါ:

Post a Comment