ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Friday, September 13, 2013

ဖုန်းတစ်လုံးနှင့် အင်တာနက် နှစ်ဆယ့်လေးနာရီလုံးသုံးရင် တစ်လမှာ ဘယ်လောက် ကုန်ကျနိုင်သလဲ တွက်ကြည့်ရအောင်

ထိုင်းအင်တာနက်လိုင်းက တစ်လလုံးစိတ်ကြိုက်သုံး 426 ဘတ်ဟုသိရတယ်။ မြန်ငွေနဲ့ အကြမ်းဖျင်း တွက်ထား
တယ်ဆိုပါတော့ကွယ်..။
WCDMA OR CDMA
တစ်နာရီ                                      240
တစ်ရက် 24 နာရီနှင့်မြှောက်သော်    x  24 
နှစ်ဆယ့်လေးနာရီ                      5760 ကျပ်ပေါ့
တစ်ရက်လုံး သုံးမယ်ဆိုရင် 5760 ကျပ်ဆိုတော့
တစ်လဆိုရင် ရက် 30 နဲ့တွက်ကြည့် ရအောင်ဗျာ



                                 5760
                                   x30
                            ----------
 တစ်လလုံး သုံးငွေ        172800 ကျပ်ပေါ့
 တစ်လလုံး နှစ်ဆယ့်လေးနာရီလုံး ဖုန်းအင်တာနက် ဖွင့်ထားမယ်ဆိုရင် တစ်သိန်း ခုနှစ်သောင်း နှစ်ထောင် ရှစ်ရာ ကျတယ်နော် ။ 172800 ကျပ်

ကဲ GSM အင်တာနက်လိုင်းကို တွက်ကြည့်မယ်...

တစ်နာရီ                                      120
တစ်ရက်24နာရီနှင့်မြှောက်လိုက်မယ် x 24
                                              ---------
တစ်ရက်မှာလုံး သုံးငွေ 2880 ကျပ်ပေါ့

ကဲ တစ်လ သုံးမယ်ဆို တွက်ကြည့်ရအောင်နော်

24နာရီး တစ်ရက်မှာ သုံးငွေက        2880
တစ်လ ရက် 30 နှင့်မြှောက်             x 30
                                             --------
တစ်လမှာ အင်တာနက်ဖိုး             86400 ကျပ်

တစ်လမှာ GSM အင်တာနက်ဖိုး 86400 ရှစ်သောင်း ခြောက်ထောင် လေးရာကျပ်ဆိုတော့ မြန်မာပြည်သူတွေ မမွဲဘဲ မနေနိုင်အောင်များ လုပ်ထားလေသလား......တိုင်းပြည်က ငမွဲစာရင်းတာ တင်ထားတာနော်...

သို့သော်လည်း သုံးနေရတာဘဲ...

ကဲ ထိုင်းမှာက တစ်လလုံးနှစ်ဆယ့်လေးနာရီ ကြိုက်သလိုသုံး ထိုင်းဘတ် 426 ရှိတယ်.....
မြန်မာငွေနဲ့ တွက်ရင်တော့ တစ်သောင်း လေးထောင် လောက်ဘဲ ရှိမယ်...14000 ကျပ်ထားပါတော့

ကဲ
WCDMA / CDMA သုံးတဲ့သူတွေကတော့ ထိုင်းတစ်လစာကို နှစ်ရက်ကျော်နဲ့ ပြောင်ရော သုံးရက်တောင် မသုံးလောက်ဘူး....

ကဲ WCDMA က တစ်လကို          172800 ကျပ်
ကဲဗျာ GSM က တစ်လကို             86400 ကျပ်
ထိုင်းက တစ်လကို                       14000 ကျပ်

တစ်လမှာ လုပ်အားခက ဘယ်လောက်ရလဲ..လူအများစုက တစ်သိန်းမကျော်ဘူး အနည်းစုကတော့ တစ်သိန်း
ကျော် လက်လုပ်လက်စားပေါ့။ သူ့ထက်မြင့်တာကတော့ တစ်သိန်းခွဲဘဲ ထားပါတော့.။ တွက်ကြည့်တော့ သူများ
24 နာရီလုံး အင်တာနက်ဖွင့်ထားမယ်ဆို တစ်လစာ ထမင်းဖိုးတောင် မကျန်ဘူး။ ဒီတော့ လျှော့ပေးပါဦးလို့
တောင်ခံတာပါဘဲ....။

ကဲဗျာ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆက်သွယ်ရေးက လူတွေ လူကြီးတွေ ခင်ဗျားတို့လည်း ပြည်သူထဲ က ပြည်သူပါဘဲ..အဲတော့ ဘယ်လို ဖြေရှင်းပေးမလဲ......လိုင်းအားကလည်း ထိုင်းလောက် မကောင်းဘူး....
ငွေအားကတော့ ထိုင်းထက် အများကြီးယူထားတယ်...ဘယ်လိုလုပ်မလဲ လဲမေးမြန်းကြည့်တာ .......
ဖြေကြည့်ကြပါဦး သုံးစွဲနေတဲ့ ပြည်သူ အပေါင်းတို့ရေ......

0 အားပေးစကားပြောကြားကြပါ:

Post a Comment