ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, September 9, 2013

ဆီးရီးယားကို သုံးရက်ဖြင့် အပြတ်တိုက်မည် Ref-AFP ၊ ၀ါရှင်တန်

 
ပင် တဂွန်က ဆီးရီးယားကို ရက်ရှည် တိုက်ရန် မူလကရည်ရွယ်ထား သော်လည်း ယခုအခါ သုံးရက် သာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။ ဒုံးလက် နက်များဖြင့် တိုက် ခိုက်၍ မထိခိုက်သောပစ်မှတ်နေ ရာများအား စစ်လေယာဉ်များက အပြင်းအထန် တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အရာရှိများ၏ပြော ကြားချက်ကို တိုင်းမ်ကကိုးကား၍ ဖော်ပြခဲ့သည်။ အိမ်ဖြူတော်က မူလကပေး ထားသော ပစ်မှတ်၅ဝထက်ပိုသော ပစ်မှတ် များကို တောင်းထားသည်ဟု ဆိုသည်။ ဆီးရီးယား သမ္မတဘာရှား အယ်လ်အာဆတ်၏ စစ်တပ်များ ပြိုကွဲသွားရန် တိုက်ခိုက်သွားမည့် ကြိုးပမ်းမှု၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်ဟုဆိုသည်။ ပင်တဂွန်စစ်ရေးစီစဉ်သူ များက လေတပ်ဗုံးကြဲလေယာဉ် များနှင့် ဒုံးပျံတပ် ဖျက်သင်္ဘော ငါးစင်းက မြေထဲပင်လယ်မှ ဆီးရီး ယားဒုံးပျံများ မမီနိုင်သည့်နေရာ မှ နေ၍ဝေဟင် မှမြေပြင်ပစ်ဒုံး များ ဖြင့် ပစ်ခတ်သွားမည်ဟုဆိုသည်။

ပင်လယ်နီ၌တပ်စွဲထားသော လေယာဉ်တင်သင်္ဘော USS Nimitz ကလည်း ဒုံးပျံများဖြင့်ပစ် ခတ်မည်ဖြစ်သည်။

၇၂နာရီအတွင်း အဆက် မပြတ်ပစ်ခတ်သွားမည်ဖြစ်ပြီး ပစ် မှတ်ကိုသေချာစစ်ဆေး၍ နောက် ထပ်ပစ်ခတ်မည်ဟုဆိုသည်။ ပစ် ခတ်မှုမှာ ၇၂နာရီကြာမည်ဟု သက် ဆိုင်ရာမှ တိုင်းမ်သို့ပြောခဲ့သည်။

သမ္မတအိုဘားမားက တနင်္လာနေ့တွင် အသံလွှင့်ဌာနသုံး ခုဖြစ်သည့် PBS, CNN နှင့် Fox News တို့နှင့် တွေ့ဆုံမေးမြန်း မည်ဖြစ်ပြီး ၎င်းမေးမြန်းချက်ကို ရေဒီယိုမှလည်း ထုတ်လွှင့်မည် ဟုဆိုသည်။
အိုဘားမားက စစ်လေယာဉ် များအရေအတွက် နည်းနည်းသာ အသုံးပြုလိုသည်ဟုဆိုသည်။

''အမေရိကန်ထိုးစစ်က အာဆတ်ရဲ့စစ်ရေးကို ဟန့်တား နိုင်ပါလိမ့်မယ်''ဟု အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။

ယခုတိုက်ခိုက်မှုက လက်ရှိ ဆီးရီးယားစစ်ကို ရပ်ပစ်မှာမဟုတ် သကဲ့သို့ ဆီးရီးယားစစ်ပွဲမှာ နောက် နှစ်နှစ်ခန့်ကြာဦးမည်ဟု အမေ ရိကန်အရာရှိတစ်ဦးက ဆိုသည်။

Yangon Media Group

9.9.2013

0 အားပေးစကားပြောကြားကြပါ:

Post a Comment