ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Sunday, September 2, 2012

Gmail အသုံးပြုနည်း စုံစုံလင်လင်လေးများဖြစ်နေပြီဗျာ

ကဲဗျာ အထူးအဆန်လေးတွေမို့ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်အနေနဲ့ခဏအတွင်းမပျက်စီးနိုင်တဲ့ 
ဂျီမေးအသုံးပြုနည်းလေးတင်လိုက်ပါတယ်။ နေမင်းမောင် ဘသားချော အိုင်တီဘဏ် ကောင်းမင်းထက်တို့မှ ကြိုက်တာလေးတွေ ကူးယူဖော်ပြထားသည်။
G Mail Motion Beta (ဂျီမေးလ်ကို ခြေဟန်လက်ဟန်နဲ့ အမိန့်ပေးပြီး ခိုင်းမယ်)
ကဲ ကွန်ပျူတာရှေ့မှာ တစ်နေကုန်တစ်နေခမ်းထိုင် ချက်တင်ဝင်ရတာလည်း ဘာပဲဖြစ်ဖြစ် ပင်ပန်းတာပေါ့နော်...တစ်ခြားလှုပ်ရှားမှုကလည်းမရှိ၊ လက်ချောင်းကလေးတွေပဲ လှုပ်နေရတာဆိုတော့ အညောင်းအညာလည်းမိတာပေါ့... နောက် စာရိုက်တယ်ဆိုတာ ဘာပဲပြောပြော ခလုတ်ကလေးပဲ နှိပ်ရတယ်ဆိုပေမယ်လို့ စာလုံးမလွဲအောင်တော့ အာရုံစိုက်ရတယ်လေ... ခုကျတော့ အဲ့ဒါတွေရောတစ်ခြားပြသနာတွေ ရောကို ဖြေရှင်းဖို့အတွက် ဂျီမေးလ်ကနေပြီးတော့ GMail Motion Beta ကို ထုတ်လိုက်တာပေါ့.. သူက ကိုယ်ဟန်အမူအရာနဲ့ ဂျီမေးလ်ကို စာရိုက်ခိုင်းလို့ရတယ်.. ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်သွားတာပေါ့ နော်.... ဥပမာ ကိုကိုတွေ မမတွေနဲ့ ချက်လို့ စိတ်ကောက်ရင် နှုတ်ခမ်းလေးစူပြလိုက်တာနဲ့ ဟိုက သွား လာခေါ်နဲ့ စိတ်ကောက်နေတယ်ပေါ့..:D အသလိုမျိုးပေါ့....ပိုကောင်းတာက မြန်မာဘာသာပါ ထည့်သွင်းထားခြင်းပါပဲ......ကျွန်တော်ပြောရင် လူအ အိပ်မက်ပြောသလို ဖြစ်နေပါလိမ့်မယ် ဒီလင့်ခ် လေးကို နှိပ်ပြီးတော့ မူရင်းနေရာမှာ သွားကြည့်လိုက်ပါ.. အဲ့ဒီစာမျက်နှာကိုရောက်လို့ သူပြထားတဲ့ ဗွီဒီယိုလေး ကြည့်ပြီး စမ်းသုံးချင်လို့ စိတ်ပါရင် ဘေးက Try Gmail Motion ကို နှိပ်ပြီးတော့ Gmail Motion Beta လေးကို ပျော်ရွှင်စွာ သုံးစွဲနိုင်ပါပြီ။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
************************************


Gmail Manager 0.6.3 

Firefox browser တစ်ခုတည်းမှာ ဂျီမေးလ်အကောင့်နှစ်ခုကို တစ်ပြိုင်တည်း ဖွင့်လို့ရချင်ရင် ဒီ Add on လေးကို install လုပ်ပြီး browser ကို restart ပေးလိုက်ပြီးရင် ဂျီမေးလ်အကောင့်နှစ်ခုစလုံးကို browser တစ်ခုတည်းကနေ တစ်ပြိုင်တည်း ဖွင့်လို့ရသွားပါလေရောတဲ့ဗျာ.... *************************************

Gmail Account Locked ကျသွားရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မေးတာလေးတွေ တွေ့ တော်  ရှာကြည့်တာ    Google က အဲ့အတွက် service ပေးထားပါတယ်။ အောက်က Link ကိုသွားပါ။


https://www.google.com/accounts/DisplayUnlockCaptcha

ရောက်သွားရင် အောက်က ပုံလေးအတိုင်း ပေါ်လာပါမယ်...



 အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျာ။အဆင်ပြေမယ်လို့ တော့ မျှော်လင့်ပါတယ်..
------------------------------------------------------------------------------------ 
IT bank မှ

Gtalk Chat Box လေးတွေကို အများကြီး ဖွင့်ပြီးအသုံးပြုချင်တဲ့ သူတွေ အတွက်ပါ။

မိမိ ကွန်ပျူတာ Destop မှာ Gtalk Software ရှိနေရင်တော့ တစ်မျိုးပေါ့။Gtalk Software ရှိပြီး နှစ်ခု ဖွင့်လို့မရရင်ပေါ့ဗျာ။နှစ်မျိုးလုံး ဒီပုံစံလေးပါဗျာ။
C:/Program Files/Google/Google Talk 
အဲ့ဒီ ထဲမှာ ရှိနေတဲ့ Gtalk Icon လေးကို Right Click ထောက်လိုက်ပါ။ပြီးရင် Send To ဆိုတာလေးကို တွေ့အောင်ရှာပါ။Send To ကိုတွေ့ရင် Destop(Create Shortcut) ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် မိမိ Computer Destop လေးမှာ Gtalk Icon ပုံ Gtalk Software လေးရောက်ရှိသွားမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင် လုပ်ရမဲ့ အဆင့်ကတော့ အောက်က ပုံလေးတွေ အတိုင်းပေါ့ဗျာ။အဲ့ဒီ Gtalk Icon လေးကို ခုနကလိုပါပဲ Right Click ထောက်လိုက်ပါ။ပြီးရင် Properties ဆိုတာလေးကို Click လိုက်ပါ။

အဲ့ဒီ ပုံလေး အတိုင်း လုပ်ပြီးရင်တော့ အောက်က ပုံလေးအတိုင်း Box လေးတစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီမှာ စတွေ့တော့တာပဲဗျာ။အဲ့ဒီ Box လေးက Shortcut ဆိုတဲ့ Tab လေးကိုသွားလိုက်ပါ။ပြီးရင်အဲ့ဒီ Tab လေးမှာ ရှိတဲ့ Target ဆိုတဲ့ နေရာလေးမှာ အရင်ဦးဆုံး ကျွန်တော်တို့ မြင်ရမှာက အောက်က စာလေးအတိုင်းပေါ့ဗျာ။
"C:\Program Files\Google\Google Talk\googletalk.exe   


အပေါ်က စာလေးအတိုင်း ကျွန်တော်တို့ မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ စာလေးနေရာမှာ ကျွန်တော်တို့ အနည်းငယ် ပြင်ပေးရပါမယ်။အောက်က စာလေး  ဖြည့်ရေးပေးလိုက်ယုံပါပဲဗျာ။googletalk.exe ဆိုတဲ့ စာလုံးလေးရဲ့ အနောက်မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်ဗျာ။googletalk.exe'' နဲ့ /nomutex ရဲ့ ကြားမှာ Space Bar တစ်ချက်ခြားဖို့ မမေ့ပါနဲ့နော်။

"C:\Program Files\Google\Google Talk\googletalk.exe" /nomutex လေးဖြည့်ရေးပေးရုံပါပဲ။


အပေါ်က ပုံလေးအတိုင်းပေါ့ဗျာ။ပြီးရင် Apply ဆိုတာလေးကို နှိပ်ပြီး Ok လိုက်ကြပေါ့ဗျာ။ဒါဆိုရင် သူငယ်ချင်းတွေ လိုချင်တဲ့ Gtalk Account နှစ်ခု ဖွင့်လို့ရသွားကြပြီပေါ့ဗျာ။အယ် မှားလို့ နှစ်ခု မဟုတ်ဘူးနော်။အများကြီး ဖွင့်လို့ရသွားပြီပေါ့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး မရှင်းတာ ဘာရှိသေးလဲဗျာ။မရှင်းရင်လဲ Cbox လေးမှာ ဖြစ်ဖြစ် Comments ပေးထားလို့ရပါပြီဗျာ။ကျွန်တော့ IT Bank ဆိုဒ်လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ လက်ဆင့်ကမ်းပေးကြပါဦးနော်။ပင်လယ်သမုဒ္ဒရာရေ ဆိုတာ တစ်ယောက်တည်းသောက်လို့မှ မကုန်တာပဲနော်။မဟုတ်ဘူးလားဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် နေမကောင်းရင်း Post တင်ရကျိုးနပ်ပါပြီဗျာ။
-------------------------------------------------------------------------- 

Gmail Account အသစ်ဖွင့်နည်းနှင့် Account Lock ကျသွားတဲ့သူတွေ အတွက် ပြန်ရယူတဲ့နည်းလေးပါ။

ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့ Account လေးက Lock ကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်းကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် ပြောတဲ့ ဒီနည်းလေးကတော့ သူငယ်ချင်းတွေ အတွက် Gmail Account သစ်တွေလဲ ဖွင့်လို့ရတယ်။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ အဆင့်ဆင့် ပြပေးထားပါတယ်ဗျာ။ကျွန်တော်တို့Gmail Account ဖွင့်ပြီးသွားရင် နောက်ဆုံးမှာ ဖုန်းနံပါတ်နဲ့ Verify Code ကို တောင်းတောင်းနေကြလို့ သူငယ်ချင်းတွေ အားလုံးစိတ်ညစ်နေကြတယ် မဟုတ်လား။ပြီးတော့ အဲ့ဒီ ဖုန်းက နိုင်ငံခြားက ဖုန်းနံပါတ်ထည့်ပြီး သုံးမှ အဆင်ပြေကြတယ်လို့ ထင်ကြမှာပါ။အဲ့ဆို မှားသွားပါလိမ့်မယ်။ပြီးတော့ ကိုယ့်နိုင်ငံကို အထင်သေးရာ ကျသွားမှာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းနံပါတ်လဲ အသုံးပြုလို့ရပါတယ်။မသုံးတက်လို့ မလေ့လာလို့သာ မသိပဲ ကိုယ့်နိုင်ငံက အသုံးမကျဘူးလို့ ထင်မိကျမှာပါဗျာ။ကျွန်တော် ကတော့ ပေရှည်နေမိပြီဗျာ။စိတ်မဆိုးပါနဲ့နော်.။ကျွန်တော်က သူငယ်ချင်းတွေ နားလည်အာင် ရှင်းပြပေးတဲ့ အနေနဲ့ပါ။ကဲ....စကြတာပေါ့ဗျာ။ကျွန်တော်တို့  Gmail Account သစ်ဖွင့်ပြီး နောက်ဆုံး အဆင့်ရောက်ရင် အောက်ကပုံလေး အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီလို ပုံလေးက Gmail Account Lock ကျလို့ ဘယ်လိုမှ လုပ်လို့မရတော့အခါဆိုရင်လဲ မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားက ဖုန်းနံပါတ်ကို ထည့်ပေးရမယ်လို့ ကျွန်တော်တို့တွေက ထင်နေကြပါလိမ့်မယ်။အဲ့လိုလဲ အဆင်ပြေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းက လူတွေဆိုရင်လဲ အထူးအဆင်ပြေပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ်ဗျာ။

မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာ Mark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်းနံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။

အပေါ်က အတိုင်းလုပ်လို့ ပြီးသွားပါက မိမိ ဖုန်းကို ဖွင့်ထားပါ။ခဏ စောင့်နေပေးပါ။ဒါဆိုရင် Google ကနေ မိမိ ဖုန်းကို Voice Call Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါကျရင် မိမိ ဖုန်းကို ကိုင်လိုက်ပါ။အင်္ဂလိပ်လို Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါ မိမိအနေနဲ့ သူပြောတာတွေကို သေချာ မှတ်သားရမှာ ဖြစ်ပါတယ်။လွယ်လွယ်လေးပါပဲ။အင်္ဂလိပ်လို ပြောနေတဲ့ ကြားက သချာင်္ဂဏန်း တွေ ပြောလာပါလိမ့်မယ်။အဲ့ဒီ အခါ အဲ့ဒီ သချာင်္ဂဏန်း နံပါတ်လေးတွေကို စာရွှက်လေးနဲ့ ဖြစ်ဖြစ် မှတ်ပြီး အပေါ်က ပုံလေးမှာ ပြထားတဲ့ အတိုင်း ``Verification Code´´ ဆိုတဲ့ နေရာမှာ ခုန ကျွန်တော်တို့တွေ မှတ်ထားတဲ့ Code လေးကို ရိုက်ထည့်ပြီးတာနဲ့ ``Verify´´ ဆိုတာလေးကို Click လိုက်ပါ။ဒါဆို ရင် ကျွန်တော် တို့တွေ လုပ်ရမဲ့ အဆင့်တွေ အားလုံးပြီးဆုံးသွားလို့ အောင်မြင်တဲ့ ပန်းတိုင် ကို ရောက်သွားပါပြီဗျာ။အောက်က ပုံလေး အတိုင်း သူငယ်ချင်းတွေ ရဲ့ မျက်နှာလေးမှာ ပျော်ရွှင်မှုများစွာနဲ့ ပြည့်စုံနေတဲ့ မျက်နှာလေးကို ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။


ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး လေ့လာရကျိုး ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။သတင်းစာတွေ ထဲမှာလို့ Gmail Account သစ်တစ်ခုကို ပိုက်ဆံပေးပြီး ၀ယ်ယူစရာမလိုပဲ မိမိဘာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် Post လေးကို လွတ်လပ်စွာ ကူးယူ ဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့ တော့ တောင်းဆိုပါရစေလားဗျာ။ အိုင်တီဘဏ်မှ ကူးယူဖော်ပြသည်။
--------------------------------------------------------------

Gtalk ကနေ Mail ဖွင့်တဲ့အခါ Firefox နဲ့ တိုက်ရိုက်ပွင့်ပြီး အသုံးပြုစေလို သူများအတွက်ပါ။

ကျွန်တော် ဒီတစ်ခါတော့ Gtalk Chat Window Box ရဲ့ အောက်ဆုံးက Gmail Icon လေးကို Click လိုက်တာနဲ့ မိမိ သုံးနေတဲ့ Account ရဲ့ Gmail တစ်ခါတည်းပွင့်သွားအောင် လုပ်တဲ့ နည်းလေးပါဗျာ။www.gmail.com တွေ ဘာတွေ ရိုက်စရာလဲ မလိုပါဘူးဗျာ။ကဲ စမယ်နော်။ကျွန်တော် ပုံလေးတွေ နဲ့ တကွ ရှင်းပြပေးသွားမှာပါ။
မိမိ Gtalk ကို ဖွင့်လိုက်ရင် အပေါ်က ပုံလေး အတိုင်းမြင်နေရမှာ ဖြစ်ပါတယ်ဗျာ။ဆက်လိုက်ကြတာပေါ့ဗျာ။Firefox ကို အရင် ဖွင့်လိုက်ပါ။ပြီးမှ အောက်ကပုံလေးတွေ အတိုင်းအဆင့်ဆင့် လုပ်လိုက်ယုံပါပဲဗျာ။
Friefox က Tools ကိုအရင်သွားပါ။ပြီးရင် Option ကို Click လိုက်ပါ။အပေါ်ကပုံလေး အတိုင်းပါ။အောက်မှာ ဆက်ကြည့်လိုက်ပါဦးဗျာ။

ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း သူငယ်ချင်းတို့ လိုက်လုပ်ကြည့်လိုက်ပါ။ပြီးရင်တော့ Ok ပေါ့။သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ 
--------------------------------------------------

Gtalk မှာ အင်္ဂလိပ်စာလုံးများကို Font Style လန်းလန်းလေးတွေနဲ့ သုံးချင်သူတွေ အတွက်ပါ။

ဒီ တစ်ခါတော့ ကျွန်တော် Gtalk Box လေးမှာ အင်္ဂလိပ် စာလုံးတွေကို ရိုက်တဲ့ အခါမှာ သူများတွေနဲ့ မတူအောင် မိမိ ရိုက်လိုက်တဲ့ စာလုံးတိုင်းတွေဟာ လန်းလန်းလေး သုံးချင်သူတွေ အတွက်ပေါ့ ဗျာ။အောက်မှာ ကျွန်တော် ပုံလေး တွေနဲ့ နမူနာ ပြပေးထားပါတယ်ဗျာ။မြန်မာလိုတော့ မရပါဘူးဗျာ။
ကို ရိုက်လိုက်တဲ့ စာလုံးလေးဟာ အနက်ဆုံး အရောင်လေးနဲ့ ဖြစ်သွားမဲ့ Font Style လေးပါဗျာ။ဘယ်လို ရိုက်ရတာလဲ ဆိုတော့ Keyboard Shoutcut က Shift+8 ကို တွဲနှိပ်လိုက်ပါ ``*´´ ဒီကြယ်ပုံစံလေး ထွက်လိုက်မှာ ဖြစ်ပါတယ်။အဲ့ဒီ အတိုင်းလေးရိုက်သွားလိုက်ပါ။*မိမိ ထည့်ချင်တဲ့ အင်္ဂလိပ်စာလုံးထည့်ပါ* ဒါဆိုရင် ရသွားပါပြီ။နောက်တစ်ခု ကတော့ စာလုံး Font Style လေးက ဘေးနားလေးကို ခက်စောင်းစောင်းလေး ဖြစ်နေမဲ့ ပုံစံလေးပါ။ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွ ထပ်ပြီး ပြပေးထားပါတယ်ဗျာ။
အဲ့ဒီ လို စာလုံးစောင်းစောင်းလေးတွေ လုပ်ချင်ရင်တော့ Shift + - ကို တွဲပြီးနှိပ်လိုက်ပါ။``_´´ ဒီ မျဉ်းကြောင်းအတိုင်းထွက်လာမှာ ဖြစ်ပါတယ်ဗျာ။_မိမိ ထည့်ချင်တဲ့ အင်္ဂလိပ်စာလုံးထည့်ပါ_  ဒါဆိုရင် မိမိတို့လိုချင်တဲ့ အင်္ဂလိပ်စာလုံး စောင်းစောင်းလေးများကို မိမိအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းတွေ အားလုံး အင်္ဂလိပ်စာလုံးလှလှလေးများကို ရိုက်ပြီးအသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
-------------------------------------------------------

Gtalk မှာ အင်္ဂလိပ် မြန်မာ အဘိဓာန်လေးထည့်ပြီး အသုံးပြုလိုသူများအတွက်ပါ။

ကဲ ဒီတစ်ခါတော့ ကျွန်တော် Site လေးကို ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်းတွေ အားလုံး Gtalk သုံးနေရင်းကနေ မိမိ မသိတဲ့ English Meaning တွေကို မြန်မာလို ဘာသာ ပြန်ပေးတဲ့ အဘိဓာန် Account လေးတစ်ခုလက်ဆောင်ပေးပါရစေဗျာ။အရင်တုန်းက ကျွန်တော်တို့ သုံးနေတဲ့ en2mm10@mmgeeks.org လေးက အလုပ်သိပ်မလုပ်တော့ပါဘူးဗျာ။ပြီးတော့ ဘာသာပြန်ပေးတာလဲ သိပ်ပြီးမစုံလင်လှပါဘူး။အခု ကျွန်တော် ပေးမဲ့  Account လေးက သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။လိုချင်ရင်တော့ အမြန်ဆုံးလေးသာ eng2myn@gmail.com လေးကို မိမိ Gtalk မှာ Add ထားလိုက်ကြပါတော့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ပါစေဗျာ။သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်မယ် ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်ဗျာ။
-------------------------------------------------------------------

ကဲ ဒီတစ်ခါတော့ Gtalk ကိုမှ Crazy ဖြစ်ပါတယ်ဆိုတဲ့ သူတွေ အတွက် မိမိသုံးနေတဲ့ Gtalk လေးတွေကို Style လန်းလန်းလေးတွေ နဲ့ သုံးလို့ ရအောင် Style 6 မျိုးနဲ့ ကျွန်တော် က စုစည်းပြီး တင်ပေးလိုက်ပါပြီဗျာ။အပေါ်က Style လေးတွေ အတိုင်း အသုံးပြုချင်တယ်ဆိုရင်တော့ ကျွန်တော် အောက်မှာ Download Link လေးပေးထားပါတယ်ဗျာ။အောက်မှာ သွားယူလိုက်ပါနော်။

(ဒီ နေရာလေးမှာ Download ယူသွားလိုက်ပါနော်။) 
--------------------------------------------------------------------------------------

Connection ကျနေတဲ့အချိန် Gtalk Gmail အလျင်မြန်ဆုံးအသုံးပြုလိုသူများအတွက်ပါ။

Connection တွေ မကောင်းတဲ့ ကြားက ကျွန်တော်  သူငယ်ချင်းတွေ ကို သတိရနေမိတာတော့ အမှန်ပါပဲဗျာ။ကဲ ဒီတစ်ခါလည်း မြန်မာနိုင်ငံမှာ Connection တွေ ကျနေတာတော့ လူတိုင်းသိပြိးသားဖြစ်မှာပါ။အဲ့ဒီလို အဆိုးတွေထဲက အကောင်းလေးတွေကို ကျွန်တော်က ရှာပြီး သူငယ်ချင်းတွေ ရဲ့ဖြစ်နေတဲ့ အခက်အခဲ အလုပ်တွေ အဆင်ပြေအောင်လို့ ကျွန်တော်ရဲ့ မအားတဲ့ အချိန်လေးတွေကို ဖျက်ပြီးသူငယ်ချင်းတွေ အတွက် သဘောအကျဆုံးဖြစ်မဲ့ လက်ဆောင်လေးတစ်ချို့ ပေးပါရစေဗျာ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများဟာ Gtalk Gmail ကိုအသုံးအများဆုံး ဖြစ်တယ် ဆိုတာ လူတိုင်းသိကြမှာပါ။အဲ့လို အချိန်တွေမှာ ရုံးမှာ အလုပ်လုပ်တဲ့ သူတွေဆို အလုပ်ကလဲ အရေးကြီးနေပြီ။Connection ကလဲ မရဖြစ်နေ တော်တော်ခက်ခဲကြမှာပါ။အဲ့ဒီ အပြင် တစ်ချို့ ကိုယ်ပိုင်အင်တာနက်မရှိပဲ အင်တာနက်ဆိုင်တွေမှာ ပိုက်ဆံပေးသုံးပြီး Connection မရလို့ စိတ်ညစ်နေတဲ့ သူတွေ အတွက် တော့ ကျွန်တော့ လက်ဆောင်လေးက သူငယ်ချင်းတွေ အတွက် တန်ဖိုးရှိကောင်းရှိပါလိမ့်မယ်။ကဲ ထားပါလေ။ကိုရဲရဲ ကတော့ ပေရှည်နေပြီ လို့ ထင်နေကြဦးမယ်။ခုကနေ ပဲ စလိုက်ကြတာပေါ့ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးတွေ နဲ့ကော လိပ်စာတွေနဲ့ကော သူငယ်ချင်းတွေ ဖတ်လို့ အဆင်ပြေအောင် ကျွန်တော်တင်ပေးထားပါတယ် အောက်က ပုံလေးတွေရဲ့ Web Site လိပ်စာလေးတွေသာမှတ်ထားလိုက်ကြတော့ဗျာ။


ဒီပုံလေး အတွက် လိပ်စာကတော့ http://www.livego.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://karoolark.com  ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iwantim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iloveim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.meebo.com/messenger ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.koolim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://express.instan-t.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ https://imo.im ပါ။
ကဲ သူငယ်ချင်းတွေ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်ဗျာ။ကျွန်တော် အကြိုက်ဆုံး သုံးရတာအပေါ့ဆုံးနဲ့ အလျင်မြန်ဆုံး Site လေးကတော့ http://www.livego.com နဲ့ http://www.iwantim.com ပါဗျာ။သူငယ်ချင်းတွေလဲ သုံးကြည့်ကြပါဗျာ။ အိုင်တီဘဏ်ကနော်။
မိုးကောင်းကင် ဖောင်းပြင် ကြိုက်တာလေးများ ရှာဖွေနေဆဲပါ။ 2 ရက် 9လ 2012 (2.9.2012)
----------------------------------------------------------------

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
-------------------------------------

G-Mail အကောင့် ဖောက်နည်း အသစ်

ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


အရင်ဆုံး အကောင့်တစ်ခု ဖောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..

အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..

ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ  ..



အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..


အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..


အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..


ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..


အားလုံးပဲ အဆင်ပြေကြပါစေ 
=====================================================

G-Mail အကောင့်နှစ်ခုကို တစ်ပြိုင်ထဲဖွင့်ချင်တယ် ဆိုရင်

ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. အကြောင်းကြောင်း ကြောင့်လို့ပဲ နားလည်ပေးပါဗျာ .. ဒီနေ့တော့ ကျွန်တော်လည်း စာပြန်ရေးမယ် ဆိုပြီး စဉ်းစား မိတာနဲ့  အလွယ်ကူဆုံး အကြောင်းအရာလေး တစ်ခုကို မသိသေးတဲ့ သူတွေအတွက် စပြီး ရေးပေးသွားပါမယ် .. ကျွန်တော်တို့ Browser တစ်ခုထဲမှာ G-mail နှစ်ခုကို တစ်ပြိုင်ထဲဖွင့်ပြီး အသုံးပြုချင်သူတွေ အတွက် နည်းလမ်းလေးပါ .. သိပြီးသား သူတွေကတော့ သည်းခံပေးပါ .. ကျွန်တော် အဆင်ပြေပြေ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့လည်း ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ ဖွင့်ချင်တဲ့ G-Mail အကောင့် တစ်ခုကို  ၀င်လိုက်ပါ .. ပြီးရင် ကျွန်တော် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ အကောင့်လေးကို နှိပ်လိုက်ပါ .. ပေါ်လာတဲ့ အထဲက Switch account ကိုနှိပ်လိုက်ပါ .. အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Sign in to another account ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် နောက်ထပ် အကောင့်တစ်ခု ထပ်ဝင်လို့ ရမဲ့ စာမျက်နှာလေး ပေါ်လာပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မိမိတို့ G-Mail အကောင့် နောက်တစ်ခုကို ရိုက်ထည့်ပြီးသွားပြီ ဆိုရင်တော့ Browser တစ်ခုထဲမှာ အကောင့်နှစ်ခုလုံးကို တစ်ပြိုင်ထဲ အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ် ..
အားလုံးပဲအဆင်ပြေကြပါစေ ..
==================================

G-Mail အကောင့်ကို စိတ်ချလက်ချသုံးကြရအောင်


ကျွန်တော် ဒီအကြောင်းအရာ လေးကို ရေးပေးချင် တာတော့ ကြာပါပြီ .. ဒါပေမယ့် ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက် ဖြစ်နေလို့အခုမှပဲ ရေးဖြစ်သွားတာပါ .. ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အလွယ်တကူ Recovey ပြန်လုပ် ပေးနိုင်ဖို့ အတွက် မိမိတို့ရဲ့ G-Mail အကောင့် Personal Setting လေးတွေကိုတော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးအတိုင်း သွားပြီး စိတ်ကြိုက် ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ် .. အရင်ဆုံး မိမိတို့ G-Mail အကောင့်ကိုဝင်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Account Setting ကိုသွားလိုက်ပါ ..


ဒီအောက်က ပုံကတော့ Google + အသုံးပြုသူတွေရဲ့ Personal Setting ပုံဖြစ်ပါတယ် .. အောက်ပုံမှာ ပြထားတဲ့ အတိုင်း Change Recovery Option ကိုသွားလိုက်ပါ ..


အောက်ပုံကတော့ ပုံမှန်အတိုင်း Google + အသုံးမပြုတဲ့ သူတွေရဲ့ Personal Setting ပဲဖြစ်ပါတယ် .. ပုံမှာပြထားတဲ့အတိုင်း Recover your password ကိုသွားလိုက်ပါ ..


အောက်ပုံမှာပြထားတဲ့အတိုင်း Verify လုပ်ပေးလိုက်ပါ ..


အောက်မှာ ကျွန်တော် 1 နဲ့ 2 ဆိုပြီး ပြပေးထားပါတယ် .. နံပါတ် ( )ကတော့ ကျွန်တော်တို့ recovery email address ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့ စိတ်ကြိုက် အကောင့်တစ်ခုကို ပြောင်းလို့ရပါတယ် .. ဒါမှသာ Recovery ပြန်လုပ်တဲ့ အခါမှာ Recovery Email Address ကိုအလွယ်တကူ ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..  နံပါတ် ( ) ကတော့ ကျွန်တော်တို့ Security question ကို မိမိတို့စိတ်ကြိုက် ပြောင်းပေးဖို့ ဖြစ်ပါတယ် .. Edit ကိုနှိပ်ပြီး မိမိတို့စိတ်ကြိုက်ပြင်လို့ ရပါတယ် ..


အောက်ပုံအတိုင်း Recovery Email နဲ့ Security question ကို မိမိတို့စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..

ဒါကတော့ မိမိတို့ G-mail အကောင့် Password ပျောက်သွားလို့ ပဲဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်နိုင်အောင် ကြိုတင်ပြင်ဆင် ထားခြင်း ဖြစ်ပါတယ် . အပေါ်မှာ ပြင်ခဲ့တဲ့ အချက်တွေကို ကျွန်တော်တို့ အကောင့်စဖောက်ထဲက ဖြည့်ခဲ့ရတာပါ .. ဒါပေမယ့်မဲ့ အကောင့်ဖောက်တဲ့ အချိန်မှာ အများစုက အမှု့မဲ့ အမှတ်မဲ့ပဲ ထည့်လိုက်ကြတာ ဖြစ်တဲ့အတွက် ပြန်လည် ပြင်ဆင်လို့ ရအောင် ဖော်ပြပေးတာ ဖြစ်ပါတယ် ..  ဒါဆိုရင်တော့ ပြင်ဆင်ခြင်း အပိုင်းပြီးပါပြီ ..

ဆက်ပြီးတော့ ကျွန်တော် Recovery ဘယ်လို လုပ်ရမယ် ဆိုတာကို ပြောပြပေးပါမယ် .. မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲဖြစ်ဖြစ် Recovery ပြန်လုပ်ဖို့ အတွက် အရင်ဆုံး အောက်မှာ ဖော်ပြပေးထားတဲ့ လင့်လေးကို သွားလိုက်ပါ ..


ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း မိမိတို့ Recovery လုပ်ချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး Submit ပေးလိုက်ပါ .. 



ပြီးရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း စာလုံးလေးတွေကို ဖြည့်ပေးလိုက်ပါ .. ပြီးရင်Continue ပေးလိုက်ပါ ..


ဒီအောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အပေါ်က  Personal Setting မှာမိမိတို့ စိတ်ကြိုက် ပြင်ဆင်ခဲ့တဲ့ Recovery Email  နဲ့ Security question ကိုဖြည့်ခိုင်းပါလိမ့်မယ် .. ကြိုက်တဲ့ တစ်ခုကို ဖြည့်ပေးလိုက်ပါ .. Recover Email ကိုရွေးချယ်တယ် ဆိုရင်တော့ Pessword Rest တဲ့လင့်ကို မေးလ်ထဲကို Recovery Email ဆိုပြီး ဖြည့်ခဲ့တဲ့ မေးလ်ထဲကို ပို့ပေးမှာဖြစ်ပါတယ် .. ပြီးရင်တော့ Continue ပေးလိုက်ပါ .. 


အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် Password အသစ်ကို ရိုက်ထည့်ပြီး  .. Rest Password ပေးလိုက်ယုံပါပဲ ..


ဒီလောက်ဆိုရင်တော့ မိမိတို့ရဲ့ Gmail Account Pasword ပျောက်သွားလို့ပဲ ဖြစ်ဖြစ် မေ့သွားလို့ပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Recovery ပြန်လုပ်လို့ ရမဲ့ နည်းလမ်းလေးကို သိသွားပြီလို့ ထင်ပါတယ် ..
=========================================================

မေးလ်ဝင်လာတာနဲ့ AutoReply Massage လေးပြန်ပို့ချင်တယ်ဆိုရင်


ကျွန်တော့်ကို မေးလ်ထဲကနေ မေးထားတာလေး ရှိလို့ ရေးပေးလိုက်ပါတယ် .. မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. ကျွန်တော်တို့ ဆီကို တစ်ယောက်ယောက် ကပို့လိုက်တဲ့ မေးလ်တစ်စောင်စောင် ၀င်လာတာနဲ့ မိမိတို့ဆီက  Auto Reply ပြန်လုပ် ပေးနိုင်တဲ့ နည်းလမ်းလေးပါ .. လုပ်နည်းလေးကတော့ လွယ်ပါတယ် .. ကျွန်တော် အောက်မှာ လိုက်လုပ်ရတာ အဆင်ပြေအောင် ပုံလေးတွေနဲ့ ဖော်ပြ ပေးထားပါတယ် ..  

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် Setting ကိုသွားလိုက်ပါ ..ကျွန်တော် အောက်မှာလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
ဒီအောက်က ပုံမှာပြထားတဲ့အတိုင်း Subject မှာ မိမိတို့ရေးချင်တဲ့ ခေါင်းစဉ်ကို ရေးလိုက်ပါ .. Massage မှာတော့ မိမိတို့ ရေးချင်တဲ့ အကြောင်းအရာကို ရေးလိုက်ပါ .. ပြီးရင် Out of Office AuteReply on ကိုရွေးပေးလိုက်ပါ .. ပြီးရင် Save Change ပေးလိုက်ပါ ..
ဒါဆိုရင် မိမိတို့ဆီကို မေးလ်တစ်ခု ၀င်လာပြီ ဆိုတာနဲ့ မိမိတို့ ရေးထားတဲ့ Massage လေးကို AutoReply ပြန်ပေးမှာ ဖြစ်ပါတယ် .. 
===========================================================

အင်တာနက် ဆိုင်မှာ အသုံးပြုသူများအတွက်

ဒါကတော့ ကျွန်တော်တို့ အင်တာနက်ကို စတင် အသုံးပြုခါစ သူတွေအတွက် သတိမထားမိ တက်တာလေး တွေကြောင့် မိမိတို့အကောင့် တွေကို သူများတွေက လွယ်ကူစွာရယူ အသုံးပြုသွား နိုင်သလို တစ်ချို့ အင်တာနက်ဆိုင်များမှာ Keylogger တွေကိုအသုံးပြုထားမယ် ဆိုရင် မိမိတို့ G-Mail အကောင့်တွေကို အလွယ်တကူနဲ့ ရယူမသွားနိုင်အောင် သတိထား အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် .. နည်းလမ်း လေးတွေကတော့ ရိုးရိုးလေးပါပဲ .. သိထားတော့လည်း လိုအပ်လာရင် အသုံးပြုလို့ ရတာပေါ့ဗျာ .. 

ပထမဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ အနေနဲ့  မိမိတို့ G-Mail အကောင့်တွေကို ၀င်တော့ မယ်ဆိုရင် အရင်ဆုံး Windows Srart  Botton ကို Click လိုက်ပါ .. ပြီးရင် Search Box မှာ Screen Keyboard လို့ရိုက်ထည့် လိုက်ပါ .. ဒါဆိုရင် Screen Keyboard  လေးကျလာပါလိမ့်မယ် .. အဲ့ဒီ Screen Keyboard လေးကို အသုံးပြုမယ် ဆိုရင် မိမိရိုက်ထည့်လိုက်တဲ့ Username နဲ့ Password ကို Keylogger ကမှတ်ထားလို့ မရတော့ ပါဘူး ။ ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် .. 

နောက်တစ်ချက်တော့ တစ်ချို့ Keylogger တွေဟာ အပေါ်မှာ ပြောခဲ့သလို Screen-Keyboard တွေကို ခေါ်လို့ မရအောင် ပိတ်ထားတက်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့  မိမိတို့ရဲ့ Username နဲ့ Password တွေကို Notepad ထဲမှာ အရင်ရေး ပြီးတော့မှ Copy , Paste လုပ်ပေးခြင်းဖြင့်လည်း Kyelogger များမှတ်သားလို့ ရမှာမဟုတ်ပါဘူး .. အရင်ဆုံး  Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. Run Box ပွင့်လာပြီ ဆိုရင် Run Box ထဲမှာ  Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Notepad လေးပွင့်လာပါလိမ့်မယ် .. Notepad ထဲမှာ မိမိတို့ Username နဲ့ Password ကို အရင်ရိုက်ထည့်လိုက်ပါ .. ပြီးတော့မှ G-mail Username နဲ့ Password ထဲမှာ Copy , Paste လုပ်ပြီး ပြန်ထည့်ပေးလိုက် ယုံပါပဲ .. 
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့်တွေကို Firefox မှာဝင်တဲ့ အခါမှာ Firefox မှာ Save လုပ်မှာလား မေးပါလိမ့်မယ် .. အဲ့ဒါကို မသိတဲ့ သူတွေက သွားပြီး Save မိတဲ့ အခါမှာ မိမိတို့ G-mail အကောင့်ရော Password ရောဟာ Firefox မှာ မှတ်ပြီး ကျန်ခဲ့ပါလိမ့်မယ် .. အဲ့ဒီအခါမှာ အခုကျွန်တော် ပြောတဲ့ နည်းလမ်း အတိုင်း သွားပြီး ကြည့်လိုက်တာနဲ့  Firefox မှာ Save မိလိုက်တဲ့ Account နဲ့ Password တွေကို အလွယ်တကူပဲ ရရှိသွားမှာ ဖြစ်ပါတယ် .. အဲ့ဒီအတွက်  Save ထားတဲ့ Password တွေ အလွယ်တကူ မကျန်ခဲ့အောင် အခုကျွန်တော် ပြောတဲ့ နည်းလမ်းအတိုင်း သွားပြီး ဖျက်ပေးဖို့လည်း လိုပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မေးရင် Yes ကိုပေးလိုက် ယုံပါပဲ ..
ဒါဆိုရင်တော့ ကျွန်တော်တို့  Firefox မှာ မှတ်ထားတဲ့ Account ရော Password ရောပျက်သွားမှာ ဖြစ်ပါတယ် ..
နောက်တစ်ချက်ကတော့  G-talk ကနေ သုံးတဲ့သူများ မိမိတို့ ပြောသမျှကို  record  လုပ်မထားတဲ့ နည်းလမ်း လေးပဲ ဖြစ်ပါတယ် .. အဲ့ဒီအတွက်  မိမိတို့ပြောသမျှက record မလုပ်ထားတာ ဖြစ်တဲ့ အတွက် ဘာမှကျန်ခဲ့ မှာမဟုတ်တော့ ပါဘူး .. နောက်ပိုင်း မိမိတို့က View past Chat ကနေ ပြန်ကြည့် ချင်ရင်တောင် ပြန်ကြည့်လို့ ရမှာမဟုတ်တော့ပါဘူး .. အဲ့ဒီနည်းလမ်းကို ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ ပြပေးထားပါတယ် ..
အပေါ်ကအတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သမျှတွေဟာ record လုပ်ထားတော့မှာ မဟုတ်တော့ပါဘူး .. တကယ်လို့ မိမိတို့က နောက်ပိုင်း ပြန်ပြီးတော့  Record လုပ်ချင်တယ် ဆိုရင်တော့  Save  chat  history in my Gmail account အကိုပြန်ရွေး ပေးလိုက် ယုံပါပဲ .. အားလုံးပဲ ဒီလောက် ဆိုရင်တော့  အတန်အသင့်တော့ မိမိတိုပ G-Mail အကောင့်ကို လွယ်လွယ် ကူကူနဲ့ သူများနောက် ပါမသွားအောင် သတိထားလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ် ..
===============================================

G-talk Account ကအမြဲတမ်း Online ပြနေတယ်ဆိုရင်


ကျွန်တော့်ကို ကိုတစ်ယောက် မေးထားတာလည်း ရှိတာနဲ့ G-talk အကောင့်တွေကို Sing Out လုပ်လိုက် ပေမယ့်လည်း တစ်ခြား မိမိအကောင့်ထဲက သူတွေဆီမှာ Offline မဖြစ်သွားပဲ Online ဖြစ်နေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေကို ရေးပေးသွားပါမယ် .. 
အရင်ဆုံး မိမိတို့ G-talk ဟာ မိမိတို့က Sing Out လုပ်လိုက် ပေးမယ့်လည်း Online အနေနဲ့ပဲ မိမိအကောင့် ထဲက သူတွေဆီမှာ ဖြစ်နေသေးတယ် ဆိုရင် အရင်ဆုံး စဉ်းစား ရမှာက မိမိက G-talk မှာမဟုတ်ပဲ G-Mail မှာများ အကောင့်ကို ဖွင့်ထားသေးလား ဒါမှမဟုတ် တစ်ခြား ဆိုဒ်တစ်ခုခုကနေ G-Mail ဖွင့်ထားခဲ့ တာများ ရှိသေးလား ဆိုတာတွေကို အရင်စဉ်းစား သင့်ပါတယ် .. အဲ့လိုမှ မဟုတ်သေးဘူး ဆိုရင်တော့ အရင်ဆုံး မိမိတို G-Mail အကောင့်ကို ပါတ်ဝတ်စ်ချိန်း လိုက်ပါ .. ကျွန်တော် အောက်မှာပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ .. 

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ အကောင့်ဖောက် တုန်းက ပေးထားခဲ့တဲ့  Security question တွေ နောက်ပြီးတော့ Recovery email တွေကို ပြန်ပြီးတော့ ပြောင်းပေးလိုက်ပါ .. တကယ်လို့ မိမိတို့အကောင်က ဖွင့်လို့မရတော့ဘူး Fail ဖြစ်သွားမယ် ဆိုရင်တောင် ဒီကောင်လေး တွေကို မှတ်မိနေမယ် ဆိုရင် ပြန်ပြီးတော့ Recover လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်ကလင့်လေးကနေ သွားပြီး ချိန်းပေးလိုက်ပါ .. 
နောက်တစ်ချက်ကတော့ G-talk မဟုတ်ပဲနဲ့ 3rd Party Clients တွေဖြစ်တဲ့ GMail/Orkut chat တွေ သုံးတယ် ဆိုရင် အဲ့ဒီကောင်တွေမှာsign out မလုပ်မိတာ တွေရှိတာလည်း ဖြစ်နိုင်ပါတယ် .. ဒီအောက်ကလင့် လေးမှာ တစ်ချက်သွား ကြည့်လိုက်ပါ .. တကယ်လို့ Sign Out မလုပ်ရသေးဘူး ဆိုရင် Sign  Out လုပ်ပေးလိုက်ပါ ..Sign Out ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးနဲ့လည်း ပြပေးထားပါတယ် ..
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ မိမိတို့ G-mail ထဲကနေပြီး ကိုယ့်အကောင့်ထဲကို ၀င်ရောက်အသုံး ပြုထားတဲ့ Detail တွေကို တစ်ချက်စစ်ပြီး Session တွေကို Sign Out လုပ်ပေး ရမှာဖြစ်ပါတယ် .. တကယ်လို့ မိမိအကောင်ကို မိမိမသိပဲ ၀င်ရောက် အသုံးပြုထား တယ်ဆိုရင်တော့ Password ချိန်းပေးဖို့ လိုအပ်တယ် ဆိုပြီး ပြနေမှာ ဖြစ်ပါတယ် .. ဒါဆိုရင်တော့ လက်ရှိသုံးနေတဲ့ Password ကို စိတ်ချရတဲ့ Password အသစ်ချိန်းပေးဖို့ လိုအပ်ပါတယ် .. ကျွန်တော် အကောင့် Detail တွေကို ဘယ်လိုစစ်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Detail ကိုနှိပ်ပြီး ဖွင့်လိုက်ပါ .. 
 ပုံမှန်အတိုင်း အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Sign Out other session ကိုနှိပ်ပြီး Sign Out လုပ်ပေး လိုက်ပါ ..
တကယ်လို့ အောက်ကပုံအတိုင်း မိမိရဲ့ G-Mail အကောင့်မှာ မိမိတို့ မသိရှိပဲ ၀င်ရောက်ထားတယ်လို့ ဖော်ပြနေပြီဆိုရင်တော့ လက်ရှိအသုံးပြုနေတဲ့ Password ကို အသစ်ချိန်းပေးဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ် .. 
ကျွန်တော်တို့ အခုလိုအများဆုံး ဘာကြောင့်ဖြစ်ရလည်း ဆိုရင် ကော်နက်ရှင် မကောင်းတဲ့ အချိန်တွေမှာ အသုံးပြုကြတဲ့ third party client တွေဖြစ်တဲ့ gmail client sever တွေကို အသုံးပြုတဲ့ အခါမှာ မိမိတို့ အသုံးပြုနေရင်နဲ့ ကော်နက်ရှင် ကျသွားလို့ အကောင့်တွေကို မပိတ်မိပဲ ထားခဲ့ရတာ ပဲဖြစ်ဖြစ် ဒီ Connection မကောင်းတဲ့ အချိန်မှာ အသုံးပြုထားတဲ့ gmail client sever တွေကို မပိတ်ပဲ ထားခဲ့မိတာတွေ ကြောင့် ဖြစ်တက်ပါတယ် .. ဒါကြောင့် အခုလိုမျိုး ကြုံလာရပြီ ဆိုရင် အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို အရင်ဆုံး Password ချိန်းပေးလိုက်ပါ .. ပြီးမှ ကျွန်တော် အပေါ်မှာ ပြထားတဲ့ အတိုင်း လိုက်ပြီး စစ်ပေးလိုက်ရင်တော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ် ..
=========================================================

လိပ်စာအတုနဲ့ E-Mail ပို့ကြရအောင်

ကျွန်တော် အခုမိမိတို့ E-Mail ပို့ချင်တဲ့သူဆီကို မိမိရဲ့  E-Mail လိပ်စာအမှန်ကို မဖော်ပြပဲနဲ့ လိပ်စာအတုနဲ့ မေးလ်ပို့ ချင်သူတွေအတွက်  အလွယ်တကူ မေးလ်ပို့လို့ရမဲ့ ဆိုဒ်လေးတစ်ခုနဲ့ အသုံးပြုနည်းကို ပြန်ပြီးတော့ မျှဝေပေး လိုက်ပါတယ်..အသုံးပြုရတာ လွယ်ပါတယ်.. ကျွန်တော် အောက်မှာ ဖော်ပြပေးထားတဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ပေး လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်.. 

အရင်ဆုံး အောက်မှာပေးထားတဲ့ ဆိုဒ်လေးကိုသွားလိုက်ပါ .. ပြီးရင်အောက်မှာ ပုံလေးတွေနဲ့ပြထားသလို လိုက်ဖြည့်ပေးပြီး ပို့ပေးယုံပါပဲ..

http://emkei.cz/



အားလုံးပဲအဆင်ပြေကြပါစေ 
=======================================

G-Mail , Facebook တို့ကို Tab Bar ထဲကနေသုံးရအောင်



ကျွန်တော်တို့ကွန်ပျုတာရဲ့Tab Bar မှာပုံမှန်အတိုင်းဆိုရင် Firefox  ,  G-Talk  စတာတွေကို icon လေးတွေ
ထားပြီးလိုတဲ့အချိန်မှာအလွယ်တကူဖွင့်ပြီးသုံးဖူးကြပါလိမ့်မယ်..။အခုနည်းလေးကတော့  Pokki  ဆိုတဲ့ကောင်
လေးကိုသုံးပြီးမိမိတို့ရဲ့ Tab Bar ထဲမှာ  G-MailFacebookGoogle Search  စတာတွေကိုမိမိတို့ကွန်ပျုတာ
ရဲ့ Tab Bar  ထဲမှာ  Icon လေးတွေနဲ့ထားယုံသာမကပဲ ၊ အသုံးပြုလို့ရမှာဖြစ်ပါတယ်..။လန်းလန်းလေးတွေ
သုံးတက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မယ်လို့ထင်ပါတယ်..။ဒါပေမယ့်ဒီကောင်လေးမှာအားနည်း
ချက်တစ်ခုရှိတာကတော့  Myanmar  Font  ကို  Support  မလုပ်တဲ့အတွက်မြန်မာလိုတော့ပေါ်မှာမဟုတ်ပါ
ဘူး..။ဒါပေမယ့်ဒီကောင်လေးက  Firefox  တို့လို  Bowser  လေးတွေသုံးစရာမလိုတော့ပဲ Tab  Bar  ထဲက
Icon  လေးမှာတင်  G-Mail  တို့  Facebook တို့ကိုဖွင့်ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်..ကျွန်တော်အသုံးပြုနည်း
လေးကိုတော့နည်းနည်းပြောပြပေးပါမယ်..

 အရင်ဆုံး  ဒီလင့်လေး  မှာ  Pokki  ဆိုတဲ့ကောင်လေးကိုဒေါင်းလော့ချလိုက်ပါ ။ပြီးရင်မိမိတို့စက်မှာ  Install
လုပ်လိုက်ပါ..Install  လုပ်ပြီးပြီဆိုရင်တော့  Windows  Tab Bar မှာအောက်ကပုံလေးအတိုင်း Icon လေးပေါ်
လာပါလိမ့်မယ်..။



အပေါ်ကပုံအတိုင်း  Icon  လေးပေါ်လာပြီဆိုရင်အဲ့ဒီကောင်လေးကို  Click  လိုက်ပါ..။ပြီးရင်မိမိတို့
ထည့်ချင်တဲ့  G-MailFacebook တို့ကို  Tab Bar ထဲမှာထည့်ချင်တယ်ဆိုရင်  Add  to  pooki ဆို
တာလေးကို  Click  ပေးလိုက်ယုံပါပဲ..။အဲ့ဒီလိုပဲမိမိတို့ကြိုက်တဲ့  favourite web sites လေးတွေကို
Tab  Bar  ထဲမှာထည့်ပြီးသုံးလို့ရမှာဖြစ်ပါတယ်..။















အားလုံးပဲအဆင်ပြေကြပါစေ..
နေမင်းမောင်မှ ကူးယူဖော်ပြထားခြင်းပါဗျာ။ 3.9.2012 (၃ရက်၉လ၂၀၁၂) ကူးယူလိုက်မှဘဲ အတော်လေးပြည့်စုံလာတော့တယ်။
ကောင်းတာလေးတွေချည်း စုစည်းထားခြင်းပါ။ ကျုပ်အနေနဲ့ လွယ်ကူအောင်လို့ပါဗျာ။ ကျုပ်ကသိပ်မသိတတ်ဘူးလေ။ 
အဲဒါကြောင့် ကော်ပီဆရာလုပ်နေရတာပေါ့ဗျာ။ အားလုံးကိုကျေးဇူးတင်ပါသည်။ 
=========================

0 အားပေးစကားပြောကြားကြပါ:

Post a Comment