ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, September 26, 2012

Intel ရဲ့ စီပီယူမင်းသားသစ် Ivy Bridge















လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက Intel အနေနဲ့ တီထွင်ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို “တစ်-တောက်” ပုံစံနဲ့ သွားမယ်လို့ ကြေငြာထားခဲ့တဲ့အတိုင်း အမှန်တကယ်လည်း “တစ်-တောက်” ပုံစံနဲပချီတက်နိုင်ခဲ့ပါတယ်။ နာရီစက်တွေက “တစ်-တောက်” ဆိုတဲံ စက်သံလေးအတိုင်း အချိန်တွေကို ရွှေ့ပြောင်းလာစေတယ်ဆိုတဲ့အယူအဆနဲ့ နှိုင်းယှဉ်တင်စားပြောဆိုခဲ့တာဖြစ်တယ်။
Intel ရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်နည်းပညာက တဖြည်းဖြည်းအရွယ်အားသေးသွားစေပြီး လုပ်ကိုင်ရာမှာ ပိုမြန်ဆန်စေမယ့် ပရိုဆက်ဆာတွေကိုထုတ်လုပ်မယ်ဆိုတဲံ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးဖို့ဖြစ်တယ်။ တစ်နည်းအားဖြင့် Intel Microarchitecture လို့ အမည်တွင်စေတယ်။ 45nm ထုတ်လုပ်မှုလမ်းစဉ် “တစ်” ကနေ 32nm ထုတ်လုပ်ရေးလမ်းစဉ် “တောက်” အဖြစ်နဲ့ချီတက်ခဲ့ပြီးတစ်ခါ 32 nm ထုတ်လုပ်ရေးလမ်းစဉ် “တစ်” ကနေ 22nm ထုတ်လုပ်ရေးလမ်းစဉ်ကို “တောက်”အနေနဲ့ ဆက်လက်ချီတက်ယူစေတယ်။


Intel က ထုတ်လုပ်တဲ့ ပရိုဆက်ဆာတွေရဲ့ ကုတ်အမည်တွေကိုလည်း ထုတ်လုပ်မှုလုပ်ငန်းစဉ်နည်းပညာနဲ့အညီ အမည်တွေ ပေးထားခဲ့တယ်။ 45nm ထုတ်လုပ်မှုကနေ 32nm ထုတ်လုပ်မှုစနစ်ကို ကူးပြောင်းဖို့အတွက် Nehalem ဆိုတဲ့အမည်ရှိခဲ့ပြီး 32 nm ကနေ 22nm အကူးအပြောင်းကို Sandy Bridge လို့ခေါ်ဆိုစေတယ်။ နောင်အခါ 22nm ကနေ 14nm ကိုပြောင်းချိန်မှာ Haswell ဆိုတဲ့ကုတ်အမည်ကိုခေါ်ဆိုသတ်မှတ်လိမ့်မယ်။
Sandy Bridge ကို 22nm ထုတ်လုပ်မှု လုပ်ငန်းစဉ်နဲ့ ထုတ်လုပ်ပြီး Tri-Gali ထရန်စစ္စတာတွေကို ထည့်သွင်းအသုံးပြုလာတဲ့ ပရိုဆက်ဆာအသစ်ကို ivy bridge အနေနဲ့ တွေ့မြင်နိုင်ပါပြီ။ Intel ရဲ့ ထုတ်လုပ်သမျှ ပရိုဆက်ဆာတွေမှာ လောလောဆယ် အသေးငယ်ဆုံးအရွယ်အစားဖြစ်နေစေသလို အမြန်နှုန်းထားနဲ့ လုပ်ကိုင်ပေးနိုင်မယ့် အရည်အချင်းရှိနေပါတယ်။ ထရန်စစ္စတာ အရေအတွက် ပိုမိုဝင်ဆံ့စေဖို့အတွက် nonplaner achitecture ကို အသုံးပြုလိုက်တာဖြစ်တယ်။ လက်တွေ့ စမ်းသပ်ချက်တွေအရ 22nm Tri-Gali ထရန်စစ္စတာတွေက ဗို့အားအနိမ့်ဆုံးအချိန် စွမ်းဆောင်ရည်ကို စစ်ဆေးကြည့်ရှုရာမှာ 32nm planer ထရန်စစ္စတာတွေထက် စွမ်းဆောင်ရည် ၃၂% ပိုပြီး မြင့်မြင့်မားမားရရှိတယ်။ ပါဝါသုံးစွဲမှုအပိုင်းကိုကြည့်ရင်လည်း 32nm planer တွေရဲ့ ထက်ဝက်လောက်ပဲရှိတာ တွေ့ရတယ်။
ivy Bridge မှာ အသုံးပြုထားတဲ့ Tri-Gali ထရန်စစ္စတာတွေကလည်း 3D fin ပုံစံနဲ့ အသုံးပြုထားတာဖြစ်တယ်။ ဆီလီကွန်အောက်ခံလွှာပေါ်မှာ ဆူးတောင်လေးတွေ တင်ထားတဲ့ပုံစံနဲ့ တည်ဆောက်ထားတယ်။ ဒါကြောင့်လည်း 3D Tri-Gali လို့ ခေါ်မှာသာ ပိုပြီး တိကျမှန်ကန်ပါလိမ့်မယ်။
ivy Bridge ကို Intel ရဲ့ ကိုးပရိုဆက်ဆာတွေထဲမှာ တတိယမျိုးဆက်သစ်အနေဲ့ မှတ်ယူနိုင်တယ်။ ၂၀၁၁ ခုနှစ်ပိုင်းမှာ Sandy Bridge မျိုးနွယ်ဝင်စီပီယူ ၂၉ ခု ထုတ်လုပ်ခဲ့တယ်။ လက်ပ်တော့သုံးစီပီယူ ၁၅ ခုနဲ့ ဒက်စ်တော့ပ်သုံး စီပီယူ ၁၄ ခုတို့ ပါဝင်တယ်။ နှစ်ကုန်ပိုင်းမှာ Sandy Bridge-E ဆိုတဲ့ Gulftown Processor တွေ ဆက်ထွက်လာခဲ့ပြန်သေးတယ်။
စီပီယူတွေကို မားသားဘုတ်တွေပေါ်မှာ တပ်ဆင်ရာမှာ အဓိကစစ်ဆေးကြည့်ရှုစရာရှိတာက Select ပုံစံအမျိုးအစားပဲဖြစ်တယ်။ ကိုးပရိုဆက်ဆာတွေအနေနဲ့ ကြည့်မယ်ဆိုရင် Socket အမျိုးအစားအနေနဲ့ LGA 1366/LEA-2011 ဆိုပြီး တွေ့မြင်ခဲ့ကြရတယ်။ ivy Bridge ကတော့ LEA-1155 နဲ့ဆင်ဆင်အသုံးပြုနိုင်တဲ့အတွက် LEA 1155 SOCKET ပါမားသားဘုတ်တွေမှာလည်း တပ်ဆင်အသုံးပြုနိုင်တဲ့အနေအထားရှိတယ်။ အခွင့်အလမ်းကောင်းတစ်ခုလို့လည်း ယူဆနိုင်တယ်။ ဒါပေမယ့် LGA-1155 ပါ မားသားဘုတ်အသစ်မှာ Chipset အမျိုးအစားသစ်ပါရှိလာတဲ့အတွက် Feature အသစ်တွေကိုလည်း အပြည့်အ၀ခံစားခွင့်ရနိုင်မှာဖြစ်ပါတယ်။ မားသားဘုတ်အသစ်ဆိုတဲ့ နေရာမှာ Intel ရဲ့ Z77 Chipset တွေကိုအသုံးပြုထားတဲ့ မားသားဘုတ်တွေကို ဆိုလိုတာဖြစ်တယ်။
စီပီယူဒိုင်ခွက်တစ်ခုတည်းမှာပဲ ဂျီပီယူကို ထည့်သွင်းတည်ဆောက်ယူတဲ့ စနစ်ကို Sandy Bridge ကနေစခဲ့တယ်။ ivy Bridge မှာ ဒီလိုပါရှိလာတဲ့အတွက် ဂရပ်ဖစ်ကို့စ်ကို အဆင့်မြှင့်တင်ပေးထားတဲ့အတွက် Sandy Bridge ရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ထက်ပိုပြီး ကောင်းနေစေတယ်။ ပကတိစွမ်းဆောင်ရည်နဲ့ပတ်သက်လို့တော့ LEA 2011 Socket နဲ့ တပ်ဆင်အသုံးပြုဖို့ထုတ်လုပ်ထားတဲ့ Sandy Bridge -E ကိုတော့ မမီနိုင်ဘူး။ ဒါပေမယ့်လည်း သတ်မှတ်တန်ဖိုးနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့ ပထမဆုံး 3D Tri-Gali ထရန်စစ္စတာသုံးထားတဲ့အတွက် ၀ယ်ယူအသုံးပြုသူအနေနဲ့ အကျိုးခံစားခွင့်အများကြီး ရရှိနိုင်ပါလိမ့်မယ်။
ivy Bridge နဲ့ Sandy Bridge တို့ရဲ့ပုံစံအနေအထားကိုကြည့်မယ်ဆိုရင် 22nm ထုတ်လုပ်မှုလုပ်ငန်းစဉ်လုပ်ထားတဲ့အတွက် ivy bridge ပရိုဆက်ဆာက ထရန်စစ္စတာ အရေအတွက် သန်း ၄၀၀ လောက်များနေပြီး ၂၅%အရွယ်အစား ပိုသေးငယ်နေတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက Intel အနေနဲ့ ဂရပ်ဖစ် Cave ရဲ့ အမြန်နှုန်းကို မျိုးဆက်သစ်တစ်ခုကူးပြောင်းတိုင်း 10X Speedup ပုံစံနဲ့ တိုးမြှင့်ဆောင်ရွက်လာတာဖြစ်တာနဲ့ ivy Bridge မှာလည်း 10x နှုန်းထားပိုလာတာတွေ့နိုင်တယ်။ ဂရပ်ဖစ်အတွက် Intel HD Graphics 2500/4000 တို့ကို အသုံးပြုစေတယ်။ Sandy Bridge မှာ HD Graphics 2000/3000 ကို အသုံးပြုခဲ့တယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက Intel အနေနဲ့ ဂရပ်ဖစ် Cave ရဲ့ အမြန်နှုန်းကို မျိုးဆက်သစ်တစ်ခုကူးပြောင်းတိုင်း 10X Speedup ပုံစံနဲ့ တိုးမြှင့်ဆောင်ရွက်လာတာဖြစ်တာနဲ့ ivy Bridge မှာလည်း 10x နှုန်းထားပိုလာတာတွေ့နိုင်တယ်။ ဂရပ်ဖစ်အတွက် Intel HD Graphics 2500/4000 တို့ကို အသုံးပြုစေတယ်။ Sandy Bridge မှာ HD Graphics 2000/3000 ကို အသုံးပြုခဲ့တယ်။
Dired X ပံ့ပိုးပေးမှုကိုကြည့်မယ်ဆိုရင် Sandy Bridge မှာ Dx 10 ကိုသာ ပံ့ပိုးပေးနိုင်ပေမယ့် ivy Bridge မှ Dx11 ကို H/W Tessellation နဲ့ Computer Shader အပါအ၀င် ပံ့ပိုးပေးထားတာတွေ့ရတယ်။ Open El 3.1 ကို အသုံးပြုခွင့်ရတာကြောင့် OpenEl 3.0 ကရတဲ့ Sandy Bridge ထက်သာနေပြန်တယ်။ Display အရေအတွက်ကို နှိုင်းယှဉ်ကြည့်ရင်လည်း Ivy Bridge က ၃ ခုအထိ ခွင့်ပြုပေမယ့် Sandy Bridge မှာ ၂ ခုသာ ခွင့်ပြုနိုင်ခဲ့တာကို တွေ့ရတယ်။
Ivy Bridge ပရိုဆက်ဆာကနေရလာတဲ့အခြေအနေကို ပိုမိုသိသာလာစေဖို့ Windows 7 Home Premisson 64bit နဲ့လည်ပတ်ဆောင်ရွက်စေပြီး DZ 77GA-70K မားသားဘုတ်ပေါ်ကို 16GB-DDR3 Memory (1600Mhz) နဲ့ 256GH-SSD တို့ တပ်ဆင်ထားတဲ့ ကွန်ပျူတာယူနစ်တစ်ခုတည်းပေါ်မှာ Cave i7-2700K Sandy Bridge နဲ့ Core i7-3770K ivy Bridge တို့ နှစ်ခုယူပြီး စမ်းသပ်ကြည့်ခဲ့တယ်။
အသုံးချဆော့ဖ်ဝဲပရိုဂရမ်ကို Worldbench 6 နဲ့ စမ်းသပ်ကြည်ရာ အလုံးစုံအနေအထားမှာ ၆% ပိုကောင်းတာတွေ့ရတယ်။ Video Transcoding အတွက် Cyberlinles's Media Expresso ပရိုကို အသုံးပြုပြီး စစ်ဆေးကြည့်ခဲ့ရာ Core i7-2700K က ၂ မိနစ် ၂၀ စက္ကန့်နဲ့ ပြီးစီးသွားတယ်။ ဂိမ်းကစားရတဲ့အခြေအနေအတွက် 1280x720 Resolution မှာ Cynic Benchmark နဲ့လည်ပတ်စေရာမှာလည်း Low Qualitly Medium Qulity ၂ မျိုးလုံးမှာ Core i7-3770K က ပိုကောင်းနေတာ တွေ့ရပြန်တယ်။ ပါဝါသုံးစွဲမှုအပိုင်းမှာတော့ Core i7-2700K က 142 အသုံးချိန်မှာ Cave i73770 က 113 wm အသုံးပြုနေတာကို တွေ့ရတယ်။
နောက်ဆုံးအနေအထားအားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် Intel ရဲ့ အသစ်စက်စက် ivy Bridge ပရိုဆက်ဆာကို ရလဒ်ကောင်တွေနဲ့ အသုံးပြုနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
from http://www.techspacejournal.com/



0 အားပေးစကားပြောကြားကြပါ:

Post a Comment