ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, October 2, 2012

မတောက်တစ်ခေါက် ကျုပ်ဆိုက်ကို အသုံးပြုနည်း

သိတဲ့အတိုင်းဘဲဗျာ ကျုပ်ဆိုက်ကတော့ ညာဘက်ချမ်းမှာ ပထမဆုံးတွေ့ရမှာကတော့ဖြင့် ဂျာနယ်တွေကို Download ချဘို့ရာ လင့်တွေကိုမှတ်သားထားပါတယ်။ ဒီဂျာနယ်တွေဟာ လူတိုင်းနီးပါးလိုအပ်တယ်လေ။ နိုင်
ငံတစ်ကာသတင်း ပြည်တွင်းသတင်းစတာတွေကို  ကြည့်နိုင်သလို အိုင်တီနည်းပညာနှင့်ပါတ်သက်ရင်လည်း
ICT ဂျာနယ်ရှိတယ် Internet ဂျာနယ်ရှိတယ် နောက်ပြီး Mobile Guide ဂျာနယ်တို့ကို ဒေါင်းလော့ချပြီးကြည့်ရုံ
ပေါ့ဗျာ။ ဒါလောက်ကောင်းတာရှိအုံးမလား။ ကဲနောက်ပြီးတော့ မြန်မာဘလော့ကာတွေရေးသမျှဆိုတာ ၄ခု
တောင်ရှိတယ်ဗျာ အဲဒီလောက်စုံတာ ကျုပ်တော့မတွေ့သေးဘူး။ ကဲဒါတွေကလည်း မြန်မာဘလော့ကာ အ
ကုန်လုံးမဟုတ်တောင်မှ 80 % လောက်ကိုပြည့်စုံနေပါပြီ။ ကိုယ်ကဘာဝါသနာပါလည်း သတင်းကြည့်ချင်သ
လား သတင်းနှင့်ပါတ်သက်တာတွေ စုံနေအောင်ရှိပြီးသားဘဲလေ။ တစ်ချက်လောက်  ကလစ်ပြီးရှာကြည့်ရုံ
ပေါ့။
      ကဲနောက်တစ်ခုကတော့ ဆော့ဝဲနှင့်နည်းပညာကို လေ့လာချင်တယ်ဆိုရင်ဖြင့် အင်တာနက်ဘိုးဘိုးကြီး
တွေရှိတယ်ဗျာ ကိုညီနေမင်းတို့ ကိုဝင်းကမ္ဘာကျော်တို့ဆိုက်တွေဟာ အင်မတန်မှကောင်းပါတယ်။ ကိုနေမင်း
မောင်ဆိုက်ကတော့ ပျက်သွားပြီ သူ့ဆိုက်လည်းအတော်ကောင်းတယ်ဗျာ။ ကျုပ်ထည့်ထားတဲ့နည်းပညာ
ဆိုက်တွေကတော့ အကောင်းတွေချည်းပါဘဲဗျာ။ အဲဒီမှာ facebook နည်းပညာ Gmail နည်းပညာ ဆော့ဝဲ အ
သုံးပြုပုံနည်းပညာ မိုဘိုင်းနည်းပညာ ကွန်ပျူတာနည်းပညာ အင်တာနက်နည်းပညာတွေစုံနေအောင် ကြည့်ရှုနိုင်သလို ကိုယ်ကြိုက်တဲ့ ဆော့ဝဲတွေလည်း ဒေါင်းလော့ချလို့ရတယ် အများကြီးလေ့လာလို့ ရပါတယ်ဗျာ။
   ကဲဗျာ နောက်တစ်ခုကတော့ လူငယ်တွေတော်များများ အားပေးကြတဲ့ ဘောလုံးပွဲတွေ ဘယ်အသင်းနိုင်
သလဲ ? ဘယ်အသင်းရှုံးသလဲ ကြည့်ဘို့ရာအတွက်လည်း လင့်လေးတွေ ထည့်ထားပါတယ်ဗျာ။ စိတ်ကြိုက်
ကြည့်ဘို့ရာပေါ့ဗျာ။ နှစ်လုံးဝါသနာရှင်တွေလည်း နှစ်လုံးဂဏန်းကြည့်ကြပေါ့ဗျာ။ ကျုပ်ကတော့ နှစ်လုံးဂဏ
န်း မကြည့်တတ်ဘူး။ ကြည့်တတ်သူများ ၀ါသနာပါသူများအတွက်ပေါ့ဗျာ။



   ကဲနည်းနည်းကျော်လိုက်ရင် အောက်မှာ Phone ပဲပြောပြော Mobile ပဲပြောပြောပါ။ မိုဘိုင်းနည်းပညာတွေ
Software တွေကို လေ့လာနိုင်ပါတယ်ဗျာ။ မိုဘိုင်းနည်းပညာနှင့် ပါတ်သက်ရင်တော့ MobileStore App ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒီမှာကလည်း ၀က်ဆိုက်နှင့် Facebook နှစ်မျိုးရှိပါတယ်ဗျာ။ အဲဒီမှာ ကျုပ်ကတော့ Facebook ကို ပိုသဘောကျတယ်ဗျာ။ လေ့လာကြည့်ပါ သိပ်ကောင်းတယ် မသိတာရှိရင် လည်း မေးမြန်းနိုင်တယ်လေ။ နောက်ပြီးတော့ အခြားမိုဘိုင်းဆိုက်တွေကလည်း အတော်ကောင်းပါတယ်။ ဒါကြောင့်လည်း ကျုပ်တင်ထားတာပေါ့ဗျာ။
  ကဲဗျာ ကျုပ်ရဲ့ဆိုက်ထည်းမှာတော့ တတ်နိုင်သမျှတင်ထားတဲ့ စာအုပ်လေးတွေ ရှိပါတယ်။ နောက်ပြီးတော့
သူများဆိုက်က ကောင်းတာလေးတွေ သဘောကျတာလေးတွေကို စုဆောင်းထားပါတယ်။ facebook နှင့်
ပါတ်သက်တာလေးတွေ gmail နှင့်ပါတ်သက်တာလေးတွေလည်း တော်တော်စုံအောင်ကို စုဆောင်းထားပါ
တယ်ဗျာ မသိတာလေးတွေကို ကြည့်ပြီး လုပ်ရှုားရအောင်လို့ပါ။
   Blogger သမားတွေအတွက်လည်း ဘလော့မှာ အသုံးပြုဖို့ရာအတွက် ကောင်းတာလေးတွေစုဆောင်းထား
ပါတယ်ဗျာ။ မသိသေးတာ မရှိသေးတာလေးတွေကို ယူသုံးကြပေါ့။ ကုသိုလ်ရတာပေါ့ဗျာ။ ကျုပ်ကတော့ အလှူလက္ဖက်နဲ့ မျက်နှာလုပ်နေရသလိုမျိုးပါဘဲဗျာ။ ကျုပ်ခုတစ်လော ဘာတင်လို့ တင်ရကောင်းမှန်းကို မသိတော့ပါဘူး ဆိုက်တွေလည်း အတော်စုံအောင် လည်းဖူးသွားတယ်။ ဘလော့ပါးဝတယ်ပြောမလားမသိ
ဘူးဗျာ။ ဆန်းတာလေးတွေတော့ ရှာနေတုန်းဘဲ ရှာတွေ့ရင် တင်ပေးပါ့မယ်။ ကဲဗျာ အတော့်ကိုပျင်းစရာ ကောင်းမှာဘဲ ဒါမျိုး ဘယ်ဆိုက်မှာမှ မမြင်ဖူးဘူး ။ ဘာတွေလျောက်ရေးနေမှန်းမသိဘူး
လို့ဘဲပြောကြပါလိမ့်မယ်။ ကျုပ်အရူးထလို့ ရေးတာလို့ဘဲ ခွင့်လွတ်ပေးကြပါ။ တစ်ကယ်တော့ ကျုပ်ဟာ ပညာရှင်တစ်ယောက်မဟုတ်ပါဘူး သူများတွေ ဘလော့ရေးတာ အားကြလို့ စမ်းသပ်တဲ့ သဘောလေး လုပ်
ကြည့်တာပါ။ ကျုပ်ဆိုက်လည်း နည်းနည်းတော့ စုံနေပါပြီ။ အလည်အပါတ်ထွက်ဖို့ရော ဒေါင်းလော့ချစရာ လင့်တွေရောလေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘလော့ကို မတောက်တစ်ခေါက်ရေးနေတဲ့ မိုးကောင်းကင်။  အားလုံးဘဲ မိမိတို့ရဲ့ ဘ၀ခရီးမှာ အောင်မြင်မှုတွေ ရပါစေလို့ဆုတောင်းရင်းဖြင့်.......

0 အားပေးစကားပြောကြားကြပါ:

Post a Comment