ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, October 2, 2012

WCDMA သမားများအတွက် 3G Internet အသုံးပြုနည်းနှင့် မိုဘိုင်းနည်းပညာစာအုပ်လေး

ကဲဗျာ ကျုပ်သိထားတာလေးမျှဝေပေးလိုက်ပါတယ် ဘာလဲဆိုတော့ WCDMA ဖုန်းတစ်လုံးဝယ်ပြီး အင်တာ
နက် အသုံးပြုရာမှာ 2G သာသုံးရပြီး 3G သုံးမရဘဲ ကျုပ်ကိုယ်တိုင်ဖြစ်ခဲ့ဘူးလို့ ရှင်း2ပြောရရင် ခံလိုက်ရ
တယ်ပေါ့ဗျာ။ ငွေကုန်ပြီး အကျိုးမထူးဘူးလေ။ ဒါကြောင့် ကျုပ်ရဲ့ဘော်ဒါများ မိတ်ဆွေများ မခံရအောင် မသိသေးတဲ့သူများအတွက် ရည်ရွယ်ပြီးတော့ ရေးသားလိုက်ပါတယ်ဗျာ။ ကဲစပြီဗျာ ကျုပ်ဖုန်းက HUAWEI ပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ Settings>>> Wireless & networks >>>  Mobile networks >>> Network operators >>> ကဲဒီမှာစတာပါဘဲဗျာ တွေ့ပြီ Myanmar Post and Telecommunication ဆိုတာ နှစ်ခုတွေ့
ပါလိမ့်မယ် အပေါ်ကတစ်ခုက 3G ပါ။ အဲဒါကိုတစ်ချက်တောက်ပြီးတော့ ပြောင်းရုံပါဘဲ။ ဒါဆိုရင် 3G သုံးလို့ ရပါပြီ။ သုံးနည်းကလည်း နည်းနည်းလိုသေးတယ် ပေါ်ဘာကိုဆွဲချလိုက်ပါ WLAN Bluetooth တို့ စသဖြင့်ရှိ
တယ် အဲဒီထဲကမှ Data Switch ဆိုတာလေးကို တောက်လိုက်ပါ။ H ပုံလေးနှင့် 3Gကို မြင်ရမှာပါ။ E ပုံလေး ဆိုရင်တော့ 3G မဟုတ်သေးပါဘူး။ အဲလိုလုပ်လို့မှ 3G ရဲ့သင်္ကေတဖြစ်တဲ့ H ပုံလေးမပေါ်သေးဘူးဆိုရင်ဖြင့်
မူလတုန်းကလုပ်ခဲ့တဲ့ Settings >>> ကနေ >>Network operators အထိသွားလိုက်ပါ။ အဲဒီမှာ Select automatically ကိုတစ်ချက်တောက်လိုက်ပါ။ ခဏစောင့်ပါ ဒါပြီးရင် တစ်ခါ Network operators ကိုပြန်တောက်ပြီး ၀င်လိုက်ပါ။ Myanmar Post and Telecommunication နှစ်ခုထဲက အပေါ်က Myanmar Post and Telecommunication ကိုတောက်လိုက်ပါ။ ဒါဆိုရင်တော့ မပေါ်ဘဲမနေနိုင်ပါဘူး။ 3G Network ရဲ့ပုံသဏ္ဍာန်ဖြစ်တဲ့ H ပုံလေးကိုတွေ့ရတော့မှာပါ။ ဒါဆိုရင် E ပုံနဲ့ H ပုံပေါ်တာ ဘာထူးလဲလို့ မိတ်ဆွေများ
မေးကောင်းမေးနိုင်ပါတယ်။ ဒါကြောင့် ရှင်းပြပါ့မယ် E ပုံလေးနဲ့ပြရင် 2G ပေါ့ သူ့ကို အင်တာနက်ကို မြန်စေ
တဲ SpeedConnect ဆိုတဲ့ဆော့ဝဲလေးတင်ပြီးတော့ စမ်းကြည့်ပါ။


2G ရဲ့မြန်နှုန်းဟာ အမြန်ဆုံးမှ 45/ 50 kb ဒီထက်မပိုပါဘူး။  3G Network ဖြစ်တဲ့ H ပုံလေးနဲ့ကတော့ မြန်နှုန်း ကောင်းရင်ကောင်းသလို 200 kb ကျော်ပါတယ်။ ဒီလိုမြန်နှုန်းမြင့်တာကို ကြည့်ချင်ရင်တော့ ဒေါင်းလော့ချစမ်းကြည့်မှ သိသာမယ်နော် ဒီတိုင်းကတော့ ဘာမှသိပ်ထူးမှာမဟုတ်ဘူး မမြင်ရလို့လေ။ Internet Downlod Manager ထည့်ပြီး ဆွဲစမ်းကြည့်ပါ။ မယုံဘူးဆိုရင်ပေါ့ ။ ကျုပ်ကတော့ အဲလိုသုံးလိုက်တာလိုင်းကတော့ရှယ်ဘဲဗျာ။   ငွေကတော့ကုန်တယ် တစ်နာရီ 240 ဆိုတော့လေ။မိတ်ဆွေများလည်း စမ်းသပ်ကြည့်ပေါ့။ ကိုယ့်ဖုန်းဟာ ဘယ်လောက်မြန်နှုန်းရှိလဲဆိုတာကိုပေါ့။ ကဲဗျာ တစ်ခုသတိချပ်ဘို့ မှာလိုက်ပါရစေ Setting ထဲက Use only
2G networks ဆိုတာကို အမှန်မချစ်ထားပါနဲ့ ဖြုတ်ထားပါ။ နောက်ပြီး အင်တာနက်အသုံးပြုတော့မယ်ဆိုရင်
လည်း အပေါ်ဘားကို ဆွဲချပြီး Data Switch ဆိုတာကိုဘဲ နှိပ်ပြီး သုံးဘို့ပါ။ မမေ့နဲ့နော်။



ကဲဗျာ ဒီထက်ပြည့်ပြည့်စုံစုံလေးသိချင်ရင်တော့ မိုဘိုင်းဖုန်းအသုံးပြုနည်း စာအုပ်လေးကို ဖတ်ကြည့်လိုက်ပါ။
ဒါကတော့ ကိုမောင်ဆီက ရလာတာ ကိုယ်တိုင်တင်ပေးထားပါတယ်။ အဲဒါလေးကြည့်ပြီး မိမိမသိတာလေး
တွေကို သိအောင်လေ့လာလိုတယ်ဆိုရင်ဖြင့် ဒီမှာဒေါင်းလော့ချသွားပါ  မိတ်ဆွေ။ အားလုံးကို ကြိုဆိုလျှက်
မိုးကောင်းကင်

2 အားပေးစကားပြောကြားကြပါ:

  1. ကျေးဇူးတင်ပါသည်/အရမ်းလည်းကောင်းပါတယ်.

    ReplyDelete
  2. ကျေးဇူးပါဘဲ အားပေးစကားပြောပေးလို့

    ReplyDelete