ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, August 2, 2014

360 Total Scurity PC For ( 360 ကင်မရာထုတ်တဲ့ ကုမ္မဏီရဲ့ ကွန်ပျူတာအတွက် ထုတ်ကုန်ပါ )

360 ကင်မရာထုတ်လုပ်တဲ့ တရုတ်ကုမ္မဏီက 360 ကင်မရာနဲ့ နာမည်ကြီးလာတော့ သူတို့က ကွန်ပျူတာ
သမားများအတွက်ပါ Software တွေ ထုတ်လာကြတယ်။ သုံးစွဲသူတွေကလည်း မီလီလျှံနဲ့ ချီပြီး ရှိနေတော့
ဟိုတစ်နေ့က တင်ပေးတဲ့ Baidu Browser ထုတ်တဲ့ ကုမ္မဏီနဲ့ အားပြိုင်နေတယ်လို့ သတင်းတွေ့မိတယ်ဗျ။
360 ကုမ္မဏီက ထုတ်လုပ်တဲ့ 360 Total Scurity ကလည်း လူသုံးများတဲ့ ဆော့ဖ်ဝဲတစ်ခုပါ။ ဒို့မြန်မာပြည်
ကတော့ဖြင့် သိပ်အသုံးမတွင်ကျယ်သေးဘူးပေါ့ဗျာ။ ကိုယ်လည်း သိတောင်မသိပါဘူး မနေ့ကမှ သတင်း
တစ်ခုတွေ့လို့ လမ်းစတွေ့တာနဲ့ လိုက်ရှာကြည့်တာပါ။ အဲဒီသတင်းကလည်း ကိုမိုးဆီက အခြေခံတယ်လို့
ထင်တာဘဲ သို့သော်လည်း ကိုမိုးကလည်း မြန်မာဆိုက်တစ်ခုဆီကနေ Baidu Browser အကြောင်းတွေ့
လို့ လိုက်မွှေနှောက်ရာကနေ သိခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သတင်းသမားတွေ ကိုယ့်ဆိုက်ကို လာလည်ကြ
တာကို ၀မ်းသာပါတယ်။ ဟုတ်လားမဟုတ်လားတော့ မသိ ရမ်းတုတ်တာကောင်းပါတယ်။


ဘာကြောင့်
ပြောတာလည်းဆိုတော့ အချို့သော သတင်းလေးတွေက ကိုမိုးတင်ပြီးလို့ တစ်ပတ်အတွင်းမှာ သတင်းလေး
တွေ မြင်တွေ့ရတာကြောင့် အဲလိုပြောတာပါ။ ကိုယ့်ဆီများရောက်ခဲ့လေသလားလို့ စိတ်ထဲထင်နေတာပေါ့
ဗျာ။ ကိုယ်ကတော့ လမ်းစရှာတယ် အဲဒီလမ်းစလေးတွေကနေ သူတို့တွေလည်း သတင်းတစ်ပုဒ်ဖြစ်လာ
တယ်ဆိုရင် ကိုယ့်လည်းကုသိုလ်ရတာပေါ့ ကိုယ့်ဆိုက်အနေနဲ့က လူကြည့်သိပ်မများဘူးလေ ဒီတော့သူတို့
ဂျာနယ်သမားတွေကနေပြီးတော့ ကိုယ့်ဆီက အနည်းငယ်သော သတင်းအချက်အလက်ကိုရတာနဲ့ သူတို့
က သတင်းသမားတွေဆိုတော့ ဇစ်မြစ်ကို လိုက်နိုင်တယ်လေ။ ဒီတော့ အားလုံးသော နည်းပညာလိုက်စား
ကြတဲ့ မြန်မာပြည်သူအပေါင်းကို ချပြနိုင်တော့ အကျိုးများတာပေါ့ဗျာ.။

ကိုယ်ကလည်း ဘာမှမဟုတ်ဘူး လိုက်ကလိတာဘဲ လိုက်ကလိလို့ တွေ့လာတာကို ချပြရုံ သက်သက်ပါ။
သူများတွေလို ပညာတတ်လို့ လုပ်နေတာမဟုတ်ပါဘူး..။ တစ်ချို့တွေက ကိုယ့်ကို အထင်ကြီးကြတယ်။
တစ်ကယ်တော့ ကိုယ်က ဘာမှ မတတ်ဘူးဗျ။ ဘယ်ကွန်ပျူတာ တက္ကသိုလ်မှလည်း မတက်ဖူးဘူး..။ ဘယ်
Website ရေးနည်း သင်တန်းမှလည်း မတက်ဖူးဘူး။ ယုတ်စွအဆုံး A+ တောင်မှ မတက်ဖူးဘူး..။
အဲတော့ စဉ်းစားသာကြည့်ပေတော့...သို့သော်လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်လေ့လာမှုလေးတော့ နဲနဲရှိတာပေါ့
ဗျာ မဟုတ်ရင် ဘာသိမှာလဲ ဟုတ်ဘူးလား....။ ကဲ ဒါပါဘဲဗျာ...သုံးစမ်းကြည့်ပါ ကြိုက်ရင်ထား မကြိုက်ရင်
သွားစနစ်ကို အသုံးပြုကြပါလေကုန်..။


http://www.360safe.com/
ဒီလင့်ကတော့ မူရင်းထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ လင့်ပါဘဲ အဲ့မှာလည်း လေ့လာနိုင်ပါတယ်..။
MAC သမားများကတော့ဖြင့်...အောက်ကလင့်မှာ ဒေါင်းပါလေ..



0 အားပေးစကားပြောကြားကြပါ:

Post a Comment