ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, August 4, 2014

honor 3c ဖုန်းများအတွက် မြန်မာစာ Font အမှန်ပေါ်ဖို့အတွက် Font နှစ်ခုနှင့် ထည့်သွင်းနည်း ( honor V 4.2.2 for )

ကဲဗျာ ကိုယ်လည်း honor 3c လေး ကိုင်ထားတာ တစ်လလောက်ရှိတော့မယ်။ font က facebook သုံးတဲ့အခါ
အမှန်မပေါ်ဘူး ဖြစ်ဖြစ်နေတယ်။ မနေ့ညက စမ်းသပ်ကြည့်ရာမှာ font လေး အဆင်ပြေလာလို့ ကြော်ငြာလိုက်
တာပါ။ အားလုံးဘဲ honor 3c Font သွင်းနည်းလေး စလိုက်ကြရအောင်။ ပထမဆုံး ကျုပ်တင်ထားတဲ့ Font Apk
နှစ်ခုကို ဒေါင်းလိုက်ပါ။ အတွင်းမှာပါတဲ့ MMAS Zawgyi Changer 2 ဆိုတဲ့ကောင်လေးကို အရင်သွင်းထား
ပါ။ install လုပ်ပြီး Open နဲ့ဖွင့်ပြီးတော့ Root ရှိမရှိစစ်ဆေးပါ။ ( Root မဖောက်ရသေးရင် Vroot 1.7.8 နဲ့ ဖောက်ထားပေါ့ ) ကဲ Root ရှိပြီဆိုပါတော့ဗျာ ရှေ့ဆက်ပြီးတော့ ကီးဘုတ်နဲ့ ဖောင့်ထည့်ဖို့နှိပ်ပါ။ font တွေများ
စွာ ပေါ်လာတဲ့ အထဲကမှ အပေါ်ဆုံး Install Smart Zawgyi 3 font + MM Keyboard ဆိုတာလေးကို နှိပ်ပြီး
Box တစ်ခုတက်လာရင် Continue နှိပ်ပြီး အတည်ပြုပေးပါ။ Continue နှိပ်ပြီး Reboot ချပေးပါ။



ကဲ ပထမအဆင့်ကတော့ ပြီးသွားပြီး ဒုတိယကတော့ဖြင့် EUI Fonts Installer(No Need Root) ကိုထည့်ပါ။
သူ့ကိုလည်း အစဉ်အတိုင်း Intsall နှိပ်ပြီးထည့်ပါ Smart Zawgyi Pro ပုံလေးမပေါ်ရင် နောက်တစ်ချက်ဆုတ်ပြီး
တော့ ပြန် Install လုပ်ပါ။ Smart Zawgyi Pro ပုံပေါ်လာရင် သူ့ကိုရွေးပေးပြီး Apply နှိပ်ပါ။ Theme With font ကိုနှိပ်ပြီး Restart ချလိုက်ပါ။ ပြန်တက်လာရင်တော့ မြန်မာစာ လုံးဝ မှန်သွားပါပြီ ပုံလေးတွေနဲ့လည်းရှင်းပြ
ထားပါတယ်..။
မှတ်ချက်။  ။ EUI Fonts Installer(No Need Root) သီးသန့်ကား Restart ချလိုက်တိုင်း ဖုန်းပိတ်လိုက်တိုင်း
မြန်မာစာ မပေါ်တော့ပါ။ ယခုနည်းသည်ကား Restrat ဘဲချချ Shut down ဘဲချချ ပြန်တက်လာရင် မြန်မာစာ
ပေါ်နေမည်သာ။ ကျုပ်စမ်းသပ်ထားတာကတော့ honor 3c International 4.2.2 Version ပါ။
MMAS Zawgyi Changer 2 ပန်းဖောင့်များနှင့်ကတော့ မြန်မာစာ သိပ်မမှန်ပါ။ အဲဒါလေးတော့ သတိထားပါ။

ပုံမှာ နှိပ်ရမယ့် နေရာလေးတွေ မြှားနဲ့ ပြသထားပါတယ် မလုပ်တတ်စရာ အကြောင်းမရှိပါ ရှင်းလိမ့်မယ်လို့
ယုံကြည်ပါတယ်.။
MMAS Zawgyi Changer 2 ထည့်သွင်းပုံ



EUI Fonts Installer(No Need Root) ထည့်သွင်းပုံ


Theme With font ကိုနှိပ်ပြီး Restart ချလိုက်ပါ။
 ကဲ ဒါဆိုရင်တော့ဖြင့် မြန်မာဖောင့် မှန်သွားပါလိမ့်မယ် နှစ်ခုပေါင်းပြီးတော့ တွယ်လိုက်တာဘဲလေ..နော်..။
ကူးယူးဖော်ပြလိုက လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါတယ်...နော်..စိတ်မဆိုးပါဘူး.။


ဒီလင့်လေးက https://www.facebook.com/ohnthar ကိုမိုးရဲ့ Page ပါ Like လုပ်ပြီး အားပေးကြပါဦးကွယ်


0 အားပေးစကားပြောကြားကြပါ:

Post a Comment