ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, August 5, 2014

အိမ်မှုရေးရာ အဖြာဖြာ ( အတော်ကောင်းတဲ့ ပညာပေး Apk လေးပါလား )

အောက်က စုစည်းမှုထဲမှာတော့ ထည့်ပေးထားတယ်နော်။ သို့သော်လည်း ဒီဆိုက်က Search box ကနေရှာတဲ့
အခါမှာ မတွေ့မှာစိုးလို့ ပြန်တင်ပေးလိုက်တာပေါ့ကွယ် ကောင်းလည်း ကောင်းတာကိုးဗျ။ ဒီတော့ အဆင်ပြေ
သည်ထက် ပြေအောင်ပေါ့ဗျာ။ ခုလောလောဆယ်မှာ ဆိုက်လည်လာသူတွေအတွက်ကတော့ သိပ်အကျိုးမများ
ပေမယ့် နောက်ကျမှ ရောက်လာတဲ့သူတွေအတွက်တော့လည်း ရည်ရွယ်ပြီးတော့ တင်လိုက်တာပါလို့ သဘော
ထားပေါ့။ ဒီကောင်လေးကတော့ဖြင့် မုန်လုပ်နည်းတွေ ဟင်းချက်နည်းတွေ သစ်သီးဖျော်နည်း အသုပ်စုံသုပ်နည်း
တွေ စတဲ့ ထမင်းဝိုင်းနဲ့ ပါတ်သက်တာလေးတွေရယ်။ နောက်ပြီးတော့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်ဖို့
ပြုလုပ်နည်းလေးတွေရယ်။ လက်တွေ့အသုံးချ ပရိဘောဂဆိုတဲ့အခန်းကလည်း ပါသေးတယ်ဗျ ဒီအခန်းမှာဆိုရင်
ဧည့်ခန်းနဲ့ ပါတ်သက်တာလေးတွေ အိပ်ခန်းနဲ့ ပါတ်သက်တာလေးတွေ မီးဖိုချောင်နဲ့ ပါတ်သက်တာလေးတွေ
ဘယ်လို အသုံးချရယ်ဆိုတာပေါ့ ဥပမာအားဖြင့် အိပ်ခန်းမှာဆိုရင် အင်္ကျီ ဘောင်းဘီတွေကို ဒီတိုင်းမထားဘဲနဲ့
 ဗီယိုနဲ့ သပ်သပ်ရပ်ထားရင် ဘယ်လိုအကျိုးရှိမယ်ဆိုတာပေါ့။ အဲလိုအစစအရာရာ သန့်ရှင်းအောင် သပ်ရပ်
အောင် အဆင်ပြေအောင် ရေးသားထားတဲ့ ဆော့ဖ်ဝဲပါ။



ဒီဆော့ဖ်ဝဲမှာ အခန်းလေးခန်းနဲ့ ဖော်ပြထားပါတယ်။ ၁။  ထမင်းဝိုင်း ၂။ သပ်သပ်ရပ်ရပ် ၃။ လက်တွေ့ အသုံးချ
ပရိဘောဂ ၄။ ထိထိမိမိ အကျိုးရှိဆိုတဲ့အခန်းပါ ခု နောက်ဆုံးကျန်တာကတော့ ထိထိမိမိ အကျိုးရှိဆိုတဲ့အခန်း
လေးပါဘဲ။ ဒီအခန်းမှာကတော့ဖြင့် 

ကကြီးက စ အအဆုံး အိမ်မှုရေးရာမှာ အသုံးပြုကြတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို ဖတ်ရှုလေ့လာကြ
ရမှာပါ။ ဥပမာအားဖြင့် ကကြီးဆိုလျှင် ကွမ်းသွေးစက်များကို ပျောက်အောင်လုပ်နည်း ( အ၀တ်အထည်များကို
ကွမ်းသွေးများ စွန်းထင်းပေကျံလျှင် နို့ရေကို စွန်းကွက်ပေကျံနေတဲ့ နေရာပေါ်ကို ဆွတ်ဖြန်းပေးပါ။ နို့ရေခြောက်
သွေ့သောအခါ ကွမ်းသွေးများ ကင်းစင်နိုင်တယ်။ ) အဲလိုဥစ္စာမျိုးလေးတွေပေါ့ဗျာ အများကြီးပါဘဲ ဒေါင်းလော့
ချပြီးတော့ လေ့လာကြည့်ပါ တစ်ကယ်ကောင်းပါတယ်..။






1 အားပေးစကားပြောကြားကြပါ:

  1. အရမ်းကောင်းပါသည်။ ကျေးဇူးတင်ပါတယ်နော်

    ReplyDelete