ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, November 26, 2012

လိုင်းမကောင်းတဲ့ 3G အစုတ်ပလုပ်လေး ရောင်းမယ်နော် 3G ဆိုပြီး အထင်မကြီးနဲ့


ကဲဗျာ ဒီနေ့တော့ ဒီဇင်ဘာလ တစ်ရက်နေ့တွင် အတည်ဖြစ်မယ့် ဆက်သွယ်ရေးရဲ့ မမျတတဲ့သတင်းလေး   ပြည်သူကို ဆင်းရဲအောင် လုပ်မယ့်သတင်းလေးထွက်လာလို့ တင်လိုက်ပါတယ်ဗျာ။
GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည် GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း ကပြောကြားခဲ့သည်။လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီးအင်တာနက်အသုံးပြုရာတွင် နှေးကွေးမှုများဖြစ်ပေါ်လျက်ရှိသည်။ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက်စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ၃ခုနှင့်   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့် နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်ဦးဌေးဝင်း က ပြောကြားခဲ့သည်။ထိုပြင် လက်ရှိရောင်းချနေသော ၂သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ်
  ၁ သိန်းခွဲသို့ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာလျော့ချရောင်းချပေးရန်ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။၂၀၁၃ခုနှစ်၊ ဇန်န၀ါရီ လလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်းအနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများခေါ်ယူထားကြောင်း သိရှိရသည်။
============================================

ဒီဇင်ဘာလမှစ၍ ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook အသုံးပြုမယ့်မြန်မာပြည်သူများသိရှိထားဖို့ပါ။
------------------------------
----------------------------------------
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook သုံးမယ်ဆိုရင် ပုံမှန်အားဖြင့် ဖုန်းထဲက Facebook ဆော့ဝဲက ကိုယ့် wall ပေါ်မှာရှိနေတဲ့ ပုံတွေရော စာတွေရောဖော်ပြပေးမှာဖြစ်တဲ့အတွ
က် တစ်မိနစ်ကို 1 MB နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Facebook သုံးလိုက်ရင် တစ်မိနစ်ကို ၂၀ ကျပ်ကျမှာဖြစ်ပါတယ်။ နာရီဝက်ဖေ့ဘုတ်သုံးရင် ၆၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ် အေးချမ်းမွန်တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။
======================================
မိုဘိုင်းအင်တာနက်ကို Data ဆွဲနှုန်းဖြင့်ကောက်ခံတော့မည်ဖြစ်၍ မြန်မာပြည်သူများ သိမှတ်ဖွယ်
-------------------------------------------------------------------

1024 kb ဟာ 1 MB နဲ့ညီမျှပါတယ်သီချင်းတစ်ပုဒ် သို့မဟုတ် ရုပ်ထွက်အရမ်းကောင်းတဲ့ ပုံတစ်ပုံရဲ့ size ဟာ 3MB သို့ 4 MB အထိရှိပါတယ်။ တစ်ချို့သီချင်းတွေဆိုရင် 6 MB လောက်ထိရှိပါတယ်။
ရန်ကုန် ၊ မန္တလေးမြို့ထဲမှာ မိုဘိုင်းအင်တာနက် Speed ဟာ ပုံမှန်(သို့မဟုတ်) ကောင်းတယ် လို့ဆိုရပါမယ် ။ကွန်နက်ရှင်ကောင်းနေရင် ခုနကပြောခဲ့တဲ့ 3 MB နှုန်းကို စက္ကန့်သုံးဆယ်ထဲ နဲ့လည်း ပြီးစီးအောင် download လုပ်နိုင်ပါတယ်။ သို့မဟုတ် ဖုန်းနဲ့ facebook သုံးရင်း facebook ထဲမှာသူများ တင်ထားတဲ့ ပုံတွေကို ဟိုကြည့်ဒီကြည့်လုပ်လိုက်တာ တစ်မိနစ်အတွင်း ပုံဆယ်ပုံလောက်ကြည့်ပြီးသွားတယ်ဆိုပါစို့ပုံရဲ့ size ဟာ ပျှမ်းမျှအားဖြင့် 300 KB လောက် ရှိပါတယ်။

အခုပြောသွားတဲ့ပုံစံမျိုးနဲ့ မိုဘိုင်းအင်တာနက်သုံးလိုက်မယ်ဆိုရင် တစ်မိနစ်ကို အင်တာနက်သုံးခ ၁၂၀ ကျပ်လောက်ကျပါလိမ့်မယ်။ဒါဟာ မြန်မာဆက့်သွယ်ရေးက ယာယီသတ်မှတ်ထားတဲ့ မိုဘိုင်းအင်တာနက်အသုံးပြုခဈေးနှုန်းနဲ့တွက်ချက်ပြထားခြင်းသာဖြစ်ပါတယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -

(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)

100 Kb - 2 ကျပ်

1 MB - 20 ကျပ်

100 MB - 1500 - 1800 ကျပ် 

မြန်မာမိုဘိုင်း App စတိုးမှ ကူးယူဖော်ပြသည်

ကဲဗျာပြောတာတော့ နိုင်ငံတစ်ကာ စံချိန်စံညွန်းတွေနဲ့ဘဲ ဒါပမယ့် စင်္ကာပူမှာ တစ်လလုံး 24 နာရီ အင်တာနက်ဖွင့်ပြီး သုံးတာတောင် တစ်သောင်းလောက်ဘဲကျတယ်လို့ ကျုပ်ကြားဖူးတယ်။ ဒီလိုသာ
ဆိုရင် တိုင်းသူပြည်သားတွေ မွဲအောင် ဆင်ရဲမွဲတေမှုတွေ များလာအောင် ဖန်တီးရာကျပါတယ်ဗျာ။
တစ်ခုတော့ ကောင်းတယ် အင်တာနက်ဖွင့်ထားပေမယ့် မသုံးရင် တစ်ပြားမှ မကုန်ဘူး။ အဲဒါလေး
တော့ကောင်းတယ် ကျန်တာကတော့ ပြည်သူကို နှိပ်စက်မယ့် စကားလုံးတွေချည်းဘဲ ကဲမိတ်ဆွေ
တို့ကော ဘယ်လိုလဲ။ ဒီတိုင်းဆို ကျုပ်ဆိုက်လေးလဲ သက်ဆိုးမရှည်လောက်တော့ပါဘူးဗျာ။
အားလုံးဘဲ ကန့်ကွက်ကြပါ။ လိုင်းမကောင်းတဲ့ကြားထဲ ဒီသတင်းဆိုးက ၀င်လာတော့ အတော့်ကို 
စိတ်ပျက်စရာ အတော်ကောင်းတယ်နော်....။     


1 အားပေးစကားပြောကြားကြပါ:

  1. ဒါဆိုငါတို့ရွှေဘိုမှာအင်တာနက်သုံးတဲ့သူတွေမွဲလိမ့်မယ်လိုင်းကမကောင်းဘူးလေ

    ReplyDelete