ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, November 24, 2012

Google Play ကို မြန်မာပြည်ကနေသုံးစွဲခွင့်ရစေဖို့ ၀ိုင်းဝန်းတောင်းဆိုပေးလိုက်ကြရအောင်


ကဲဗျာ သတင်းကောင်းလေးတစ်ခုတွေ့လာလို့ တင်ပေးလိုက်ပါတယ်။ ကြော်ငြာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာကျုပ်တို့ မြန်မာနိုင်ငံက Mobile ဖုန်းသုံးစွဲသူတွေအနေနဲ့ တောင်းဆိုသင့်တာလေးပါ။ ဒီနေရာမှာ ဖုန်းဆော့
ဝဲပါတ်သက်ပြီး ဒေါင်းမရဖြစ်နေတာတွေကို ပြေလည်အောင်လို့ပါ ပြေလည်ပြီဆိုတာနဲ့ အသစ်အဆန်းဆော့
ဝဲတွေကို စိတ်ကြိုက်ဒေါင်းလော့ချနိုင်တယ်လေ။ ဒါကြောင့် ဖုန်းဆော့ဝဲနဲ့ပါတ်သက်ရင် Google Play ဟာ
အပြည့်စုံဆုံးလို့ထင်ပါတယ်။ အခုအသုံးပြုလို့ မရသေးပါဘူး အဲဒါကို တောင်းဆိုကြဖို့အတွက်ပါ။ ကဲအောက် Myanmar Mobile App Facebook ကနေပြီးတော့ ရေးသားထားတာလေး ကြည့်ပြီးလုပ်ရှားကြရအောင်ဗျာ။

Myanmar Mobile App Facebook မှ ငါးသောင်းကျော်တဲ့ မန်ဘာများအနေနဲ့ Google Play အား မြန်မာပြည်မှ ၀င်မရခြင်းကို ဖယ်ရှားပေးရန် မြန်မာပြည်မှ Android မိုဘိုင်းယူဇာများအားလုံးအတွက် ၀ိုင်းဝန်းတောင်း ဆိုပေးလိုက်ကြရအောင်။"ယခုအချိန်ဟာ အမေရိကန်အပါအ၀င် ဥရောပ သမဂ္ဂအဖွဲ့ ဝင်နိုင်ငံအတော် များများက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ မှုဖယ်ရှားပြီးဖြစ်လို့  Google Play Store အနေနဲ့ ပိတ်ပင် ထားမှုဟာ တိကျသောရည်ရွယ်ချက်မရှိပဲ အမှုမဲ့ အမှတ်မဲ့နေခြင်းသာဖြစ်ရာ မြန်မာပြည်မှ Android Users များအတွက် Android OS အသုံးပြုသည့်အတွက်ရရှိသင့်သည့် အခွင့်အရေးများဆုံးရှုံးနေပါသည်။နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြား ခွဲခြားမှုမရှိလို့  မြန်မာနိုင်ငံအ၀ှမ်း Andorid Mobile phone သုံးစွဲသူတိုင်းအတွက် အရေးပါအရာရောက်တာမို့  share နိုင်သလောက် share ပေးကြပါ။ "(Lift Google Play Store's ban on Myanmar Facebook Page Status)မိုဘိုင်းယူဇာများလုပ်ဆောင်ရမယ့် step တွေကတော့
အဆင့်(၁)- https://www.facebook.com/LiftGooglePlaysBanOnMyanmar ကိုဝင်ပြီး LiftGooglePlaysBanOnMyanmar Page ကို အရင်Like လုပ်ပါ။
အဆင့် (၂)- http://support.google.com/googleplay/bin/static.py?hl=en&page=suggestions.cs အဲ့ဒီ့ကိုသွားပါ။ ပြီးရင် အဲဒီ page ရဲ့အောက်ဆုံးနားက I have another idea ကို click ပြီး https://www.facebook.com/LiftGooglePlaysBanOnMyanmar ဆိုတဲ့ link ကို ရိုက်ထည့်လိုက ရိုက်ထည့် ကူးထည့်လိုက ကူးထည့်ပါ suggest it ခလုတ်ကိုနှိပ်ပေးရမည်ဖြစ်ပါ သည်။ကိုယ့်တိုင်းပြည်အတွက်အဆင်ပြေအောင်ပေါ့ဗျာ။ အဝေးရောက်နေသူများလည်း လုပ်ပေးကြပါ။

0 အားပေးစကားပြောကြားကြပါ:

Post a Comment