ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, November 10, 2012

အာဇာနည်နေ့ သို့မဟုတ် နိုင်ငံတော်လုပ်ကြံမှုကြီး


ဗိုလ်ချုပ်ကို အတိုချုပ်ပြောရရင် ကျုပ်တို့ရဲ့ ကျေးဇူးရှင်ပါ။ လွတ်လပ်ရေး ရအောင်ကြိုးပမ်းပေးခဲ့တဲ့ လွတ်လပ်
ရေး ဖခင်ကြီးပေါ့။ အတင်းမများ ငပျင်းစကားပြောရရင်တော့ ဗိုလ်ချုပ်လည်း အတိုချုပ်သွားတာပါဘဲ။ သက်
တမ်းစေ့အောင်မနေရဘူးလေ။ လုပ်ကြံခံရပါတယ်ဆိုမှတော့ ဘယ်နေရတော့မလဲ။ ဧရာဝတီတိုင်းသာပေါ့
ဦးသန့်လည်းဧရာဝတီသားဘဲ သို့ပေမယ့်သူက မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ် ဟိုဦးစောက အာဏာရူး ဗိုလ်ချုပ်
က ယုံကြည်မှု အားကြီးသူ ၊(နိုင်ငံတော်ရဲ့အမှတ်တရ ပုဂ္ဂိုလ်ကြီး အဲလိုပြောရင် မှားမည်မထင် )။ ဘာပဲပြော2
ခေတ်စနစ်တွေကပြောင်းလာခဲ့ပါပြီ ဖြစ်ခဲ့တာတွေလည်း ကြာသော်လည်းကြာခဲ့ပါပြီ မမေ့နိုင်တာက ကျုပ်တို့
ယနေ့တိုင် မတိုးတက်သေးတာက တိုင်ပြည်နှင့်လူမျိုး အမျိုးမျိုးအဖုံတွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာအတိုင်း ယ္ခုလောလောဆယ် တိုင်ပတ်နေတာကရခိုင်နှင့်ကချင် အဆင်မပြေမှုတွေနှင့် တိုင်းပြည်လွတ်လပ်ရေးရတာ
ကြာလှပြီ ဆင်းရဲတွင်းထဲနက်မြဲနက်တုန်းပါဘဲ။ တိုင်းပြည်အပေါ်ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်က အတော်ရှား ကျုပ်တို့ရဲ့ဘ၀က ထူးမခြားနား၊ သြော်ဖြစ်ရလေဒို့တိုင်းပြည်၊ လေပြင်းမှုတ်ထုတ်ရုံကလွဲပြီး ဘာမျှမကယ်နိုင်။
ကဲဗျာ အတိတ်က အရိပ်လေးတွေကို ကြည့်လိုတယ်ဆိုရင်ဖြင့် ဒေါင်းလော့ချပြီး ဖတ်ကြပါ။ ဒီစာတွေဖတ်ပြီး
အရိပ်ဆိုးတွေ မကောင်းတဲ့ စိတ်ဓါတ်တွေ ပါယ်ထုတ်နိုင်တဲ့ အမျိုးအပေါ်ချစ်တတ်တဲ့ ဘာသာအပေါ်လေးစား
ချစ်ခင်တတ်တဲ့ မြန်မာ့သားကောင်းများဖြစ်အောင် လေ့လာကြပေတော့ဗျာ။ အာဏာကြီးတဲ့ လူကြီးဖြစ်တဲ့
အခါ မိမိတိုင်းပြည်ကို ချစ်တတ်ခင်တတ် စာနာတတ်တဲ့စိတ်တွေ တိုင်းပြည်တိုးတက်အောင် သယ်ပိုးနိုင်တဲ့ ပုဂ္ဂိုလ်တွေ များများပေါ်ပါစေလို့ ဆုတောင်းရင်း ဖြင့်...ဗိုလ်ချုပ်ရဲ့နိဂုံးချုပ် ဘ၀ဇာတ်လမ်းကို ဦးထွန်းအောင်
ရေးသားထုတ်လုပ်ထားပါတယ်။ အလိုရှိသူများ ဒေါင်းလော့ချပါမိတ်ဆွေ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။


 


♣♣♣♣ DOWNLOAD MEDIAFIRE ♣♣♣♣

0 အားပေးစကားပြောကြားကြပါ:

Post a Comment