ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, November 5, 2012

bloggerအကောင့်ကို ၀င်သည်နှင့် မိတ်ဆွေများရဲ့သတင်းတွေကြည့်မယ်

      ကဲဗျာ ကျုပ်သဘောကျတာလေးတစ်ခုတင်ပြချင်ပါတယ်။ ဘာလဲဆိုတော့၊ ကျုပ်တို့ blogger တွေရေးနေတဲ့
ပုဂ္ဂိုလ်တွေဟာ ဘလော့ကို စ၀င်ပြီဆိုတာနှင့် ကိုယ့်မိတ်ဆွေတွေ ကိုယ်နှစ်သက်တဲ့ ဘလော့တွေဘာတွေရေး တယ်ဆိုတာကို သိအောင်လုပ်ခြင်းပါ။ လိုင်းမကောင်းတာတောင် သတင်းအချက်အလက်ကြည့်ဖို့ အတော်လေး
ကောင်းပါတယ်။ လုပ်နည်းကလွယ်လွယ်လေးပါ။ blogger အကောင့်ကိုဝင်ပါ ၀င်လိုက်ရင် ဘယ်ဘက်ချမ်းမှာ Reading list  အောက်က ADD မှာ ကိုယ့်ရဲ့ဘလော့အဖော်နှင့် ကိုယ်နှစ်သက်တဲ့ ဘလော့လိပ်စာလေးကို
ထည့်ထားခြင်းပါဘဲ။ အောက်မှာ ပုံလေးကြည့်ပြီး လုပ်စမ်းလိုက်ရအောင်။



   ADD ဆိုတာလေးကိုနှိပ်လိုက်ပါ။  Reading list  အောက်က Add from URL ဆိုတဲ့အကွက်ထဲမှာ(ဥပမာ)
www.ohnthar.blogspot.com ဆိုတာလေးကို ကော်ပီကူးလို့ထည့်လိုလျှင်ထည့် ရိုက်ထည့်လိုလျှင်လည်းထည့်  ပါ။ ပုံမှာတော့ ကိုဝင်းထွဋ်တင် လေးနဲ့ ထည့်ပြထားပါတယ်။ ထည့်ပြီးလျှင် Fllow ဆိုတာလေးကို နှိပ်လိုက်ရင်
ရပါပြီ။ ကဲဗျာ အခုလိုဘဲ မိမိတို့ရဲ့ဘလော့မိတ်ဆွေများ အကြိုက်တွေ့တဲ့ ဆိုက်လေးများကို ဒီနည်းအတိုင်းလေး
ထည့်ထားခြင်းဖြင့် မိမိဘလော့အကောင့်လေးထဲဝင်တိုင်း နောက်ဆုံး Update ဖြစ်တဲ့ဆိုက်ကို အရင်ဆုံးဖော်ပြ
ပေးနေမှာပါ။ အဲဒီမှာ မိမိထည့်ခဲ့သည့်ဆိုက်ထဲက ကြည့်လိုတဲ့ဆိုက်ကို ကလစ်ပေးပြီးကြည့်ရုံပါဘဲ။ သတင်းကြည့် ရတာမြန်တယ် မှတ်လို့တင်ပြခြင်းသာဖြစ်ပါတယ်။ စမ်းသပ်သုံးဆောင်ကြည့်ပါ။


 ဒီနည်းလေးလုပ်ထားရင် Layout ထဲဝင်းပြီး Add Gadget >> Blog List >>မှာကိုယ့်မိတ်ဆွေလင့်တစ်ခုထည့်
လိုက်ပြီးရင် blogger HomePage မှာထည့်ခဲ့တဲ့ ဆိုက်တွေကို တစ်ခါတည်း လှမ်းခေါ်လို့ရပါပြီ။ လာခဲ့ပါ ငါထည့်
ခဲ့သည့် ဆိုက်အကုန်လုံးဒီထည်းကိုလာလို့ ခေါ်လိုက်ရင် ဘွားခနဲပေါ်လာပါလိမ့်မယ်။ လန့်လို့တော့မအော်နဲ့နော်။
ဒါလေးကလည်း ထူးခြားမှုလေးလို့ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။ ကဲဗျာ မိတ်ဆွေများ စာဖတ်ရတာပျင်းရောပေါ့။
ဒီလောက်လေးပါဘဲ။ ကျုပ်ဆိုက်ရောက်လာသည့် ဘလော့ကာကြီးတွေကတော့ ဟာသလို့ထင်နေမှာဘဲ ဘာလဲ
ဆိုတော့ ကျုပ်သိတာထက်အများကြီးသိနေလို့ပါ။ ကျုပ်ကအခုမှစလုပ်ခါစဆိုတော့ HTML ကုတ်တွေကလည်း
မရေးတတ်ဆိုတော့ ဆိုက်ကတော့ ရိုးအကြီးပါဘဲ ။ အားလုံးကိုကျေးဇူးတင်ပါတယ်။


 ရွှင်လန်းချမ်းမြေ့ကြပါစေ ။မိုးကောင်းကင် 5.11.2012  3:30 PM အမှတ်တရ


0 အားပေးစကားပြောကြားကြပါ:

Post a Comment