ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, August 5, 2013

မနက်က အသိနဲ့ ညနေအသိ မတူပုံနှင့် 8888 လေးလုံးရဲ့ အကြောင်းအကျိုး..အနည်းငယ်လေးပေါ့

မနက်က အသိနဲ့ ညနေအသိ မတူတော့ဘူးဗျာ..မနက်က 8888 လေးလုံး အကြောင်းကို နဲနဲလေး ရေး လိုက်တယ်..သိပ်မသိဘူးလေ...ခုကော အများကြီးတော့ မသိဘူး..သို့သော် သိတန်သလောက် သိသွားတယ်..
ဒီ 8888 လေးလုံး ဖြစ်ပေါ်လာပုံ ဘာကြောင့် ဖြစ်ပေါ်လာတယ်...ဘယ်လို ထိန်းချုပ်လိုက်ရတယ်ဆိုတာ သိသွား တယ်..နဲနဲပေါ့ များသလောက်လည်း များတယ်ပေါ့....အဲတော့ မနက်က အသိနဲ့ ညနေအသိဟာ မတူတော့ဘူး ..ဒီနေရာမှာ နဲနဲလေး ပြောချင်တာက မသိသေးရင် အပြစ်မြင်တတ်တယ်..ဘာကြောင့် ဖြစ်သွားတယ်..ဆိုတာ သိရင် ခွင့်လွတ်တတ်လာတယ်ပေါ့..ကိုယ်တွေ ကြုံတွေ့ခဲ့ရင်တောင် ဒီလိုအသိက ပြည်သူအသိနဲ့ ဘေးကကြည့် သူ အသိမတူပါဘူး..ဘေးကကြည့်သူ အသိက တစ်မျိုး..ပါ လှုပ်ရှားသူ အသိက တစ်မျိုးပေါ့...အကျိုးတရား တိုင်းမှာ အကြောင်းတရားဆိုတာ ရှိတယ်....အကြောင်းတရား ဖြစ်ပေါ်လာပြီဆိုရင်...ဘယ်လို ဖြေရှင်းမလဲ....ဒါ အရေးပါလာတယ်...အကြောင်းတရားကို ပုံမှန်မြင်တာထက် အဲဒီထက် နဲနဲ ပိုမြင်လာရင်တော့..ကောင်းတယ် အကြောင်းတရား ဘာကြောင့်ဆိုတာ သိရင်.အဖြေက လွယ်သွားပြီ.သြာ် ဒါကြောင့်ကိုးဆိုတာလေး ဖြစ်သွားမယ်
လူတွေမှာ သီးခံစိတ်ဆိုတာရှိတယ် အတိုင်းတာ တစ်ခုအထိပေါ့..ဒါ ပုထုဇ္ဖန် လူတိုင်းပေါ့...ကိုယ့်အမျိုးကို 


...ကိုယ့်ကို ထိခိုက်လာပြီရင်....
တော်ရုံလူ ဘယ်သီးခံနိုင်မလဲ...
ဒါ ပုထုဇ္ဖန် သဘာဝဘဲလေ...
အဓိက ပြဿနာက အဲဒီက စဖြစ်တာဘဲ...
အဲဒါကို သေချာ နားမလည်ဘူးဆိုရင် အပြစ်တွေဘဲ တစ်ဦးပေါ် တစ်ဦး ပုံချနေမယ်...
ဒါတွေဟာ မှီတဲ့သူတွေ အတော်များများသိပါလိမ့်မယ်...
ကျုပ်တော့ မမှီလိုက်လို့ မသိခဲ့ဘူး..ခုနဲနဲသိတယ်..ခုပြောလိုက်တယ်...

အဲဒီအကြောင်းအရာလေးတွေ ပြည်သူတွေ အတော်များများ နားလည် သဘောပေါက်သွားရင်တော့..ကောင်းသွားမယ်...
အများကြီး မပြောတတ်ဘူး..
(1) အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိတယ်...
(2) ဘာကြောင့်ဆိုတဲ့ အကြောင်းတရားကို သိရင် ကောင်းတယ်..
(တစ်နည်း) ခဲဘာကြောင့် ပစ်သလဲ ဆိုတာ သိရင်ကောင်းတယ်..
(3) အဲဒီအကြောင်းကြောင့် အဒါမျိုးတွေ ဖြစ်သွားတာပါလားပေါ့ အဲဒါလေး သိသွားပြီဆိုရင် ကောင်းသွားပြီ...
(4) ခံရသူတွေဘက်က ကြည့်ရင် ခံရသူတို့မှန်သလို..
လုပ်တဲ့သူဘက်က ကြည့်ပြန်တော့လည်း သူတို့ လုပ်သင့် လုပ်ထိုက်လို့
လုပ်လိုက်ရတယ်ဆိုတော့လည်း သူ့ဘက်ကလည်း မှန်တာဘဲ...
အဒီတော့ သင်ဟာ ဒိုင်လူကြီးနေရာကနေ စဉ်းစားပေါ့...
ကျုပ် မဆုံးဖြတ်ချင်ဘူး...
နိဂုံးချုပ်အနေနဲ့ ပြောရရင် အကျိုးတရား တစ်ခုတည်းကို မကြည့်နဲ့ အကြောင်းတရားကို လိုက်ရှာပါ..
ကိုယ့်ထက်သိသူ တတ်သူများကို မေးမြန်းခြင်းဖြင့်..မိမိရဲ့ အသိပညာ အတတ်ပညာများကို တိုးပွါးအောင် လုပ်ပါ.
လူကြီး လူကောင်းနဲ့ စကားပြောရင် အမေးတတ်ဖို့ လိုသလို သူ့စကားကို သေချာ ဂရုစိုက်နားထောင်ဖို့လည်း
လိုတယ် မှတ်သားဖို့လည်း လိုတာပေါ့..

အရာရာကို ဒေါသနဲ့ မဖြေရှင်းစေချင်ဘူး.အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့သူ ဖြစ်အောင်
မိမိကိုယ်ကိုမိမိ တတ်သိနားလည်လာအောင် ပြုလုပ်ကြပါလို့ မသိရင် သိတဲ့သူကို မေးမြန်းကြပါလို့ တိုက်တွန်း
နိုးဆော်ရင်း အမုန်းတရားတွေ ကင်းဝေးနိုင်ကြပါစေ...တစ်ဦးကို တစ်ဦး မျက်နှာမြင် ချစ်ခင်နိုင်ကြပါစေ...
လို့ ဆုတောင်းရင်းဖြင့်....


အားလုံးကို ကျေးဇူးတင်ပါတယ်...

0 အားပေးစကားပြောကြားကြပါ:

Post a Comment