ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, August 14, 2013

Call Center ၏ 1875 Hot Line မှ အလုပ်အကိုင် အခွင့်အလမ်း များအတွက် ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှုကို ဆောင်ရွက်

Call Center ၏ 1875 Hot Line မှ အလုပ်အကိုင် အခွင့်အလမ်း များအတွက် ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှု ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အလုပ်အကိုင် ရှာဖွေလိုသော ဝန်ထမ်းများ၊ ဝန်ထမ်းများ ရှာဖွေနေသော လုပ်ငန်းရှင်များအတွက် ဆောင်ရွက်လိုက်ခြင်း ဖြစ်ပြီး 1875 Hot Line လိုင်းခွဲနံပါတ် ၄ သို့ ဖုန်းခေါ်ဆို၍ အဆိုပါ ဝန်ဆောင်မှုကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ခေါ်ဆိုခ တစ်မိနစ်ကို ၁၀၀ ကျပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်ကို Call Center ဆီကို လာပို့၊ ဒါမှမဟုတ် အီးမေးလ်က တစ်ဆင့်လည်း ပို့လို့ရပါတယ်” ဟု Call Center မှ တာဝန်ရှိသူက ပြောကြားသည်။ လာရောက်ပေး ပို့ထားသော ကိုယ်ရေးရာဇဝင် အချက်အလက်များ သိမ်းဆည်းထားမည် ဖြစ်ပြီး လုပ်ငန်းရှင်များက Call Center သို့ ချိတ်ဆက်ကာ ဝန်ထမ်းလာရောက် ရွေးချယ်ပါက သင့်တော်သူနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝန်ထမ်းများ အနေဖြင့် 1875 Hot Line သို့ ဖုန်းခေါ်ဆို၍သော် လည်းကောင်း၊ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ ရုံးသို့ ကိုယ်တိုင်လာ ရောက်၍ဖြစ်စေ CV ဖောင်များကို တင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များ အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်၍ မိမိလိုအပ်သော ဝန်ထမ်းနှင့် ကိုက်ညီမည့် အချက်များကို ပြောပြပေးကာ 1875 Hot Line မှ ရှင်းလင်းဖြေကြားပေးမည် ဖြစ်ကြောင်းသိရသည်။ “ဝန်ဆောင်ခအတွက် အလုပ်လျှောက်ထားသူ ဝန်ထမ်းတွေဘက်က တစ်စုံတစ်ရာ ယူမှာမဟုတ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ အလုပ်သွားရောက် လျှောက်ထားပြီးနောက် အင်တာဗျူး ဝင်ရောက်ရန် နေ့ရက်မှာ လာရောက်ချိတ်ဆက် သောလုပ်ငန်းရှင်များ အပေါ်မူတည်ကြောင်း သိရသည်။
လုပ်ငန်းရှင်များ လိုအပ်သော ဝန်ထမ်းအရေအတွက် အလိုက် ကိုယ်ရေးရာဇဝင် အချက်အလက်များနှင့် အတူ ဝန်ထမ်းများကို ရုံးသို့အရောက် ပို့ဆောင်၍ အင်တာဗျူး ပြုလုပ်နိုင်စေရန် 1875 Hot Line မှ
ဆောင်ရွက်ပေးသွားမည် ဟု ဆိုသည်။ အဆိုပါ ဝန်ဆောင်မှုအား ၂၄ နာရီ ဆောင်ရွက်ပေးမည်ဟု သိရသည်။ လုပ်ငန်းရှင်များဘက်မှ ခန့်ထားလိုသော ဝန်ထမ်း၏ ရာထူးနှင့် ကိုက်ညီသော အရည်အချင်း၊ လုပ်ခလစာတို့ကို ဖုန်းဆက်၍ ရှာဖွေနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
http://www.myanmarinternetjournal.com/content/7465
ဒီ အင်တာနက်ဂျာနယ် စာမျက်နှာက လာတယ်ပေါ့

0 အားပေးစကားပြောကြားကြပါ:

Post a Comment