ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, August 7, 2013

Windows 7 အတက်မြန်အောင် လုပ်နည်း

ကွန်ပျူတာ Windows အတက်နှေးနေလို့ ဆိုပြီးမေးထားလို့ နည်းနှစ်မျိုးတော့ ပေးလိုက်မယ်။ ပထမတစ်နည်း
က ဒီတိုင်းလေးလုပ်နည်း တစ်နည်းကတော့ ဆော့ဝဲသုံးပြီးလုပ်တဲ့နည်းပါ.။ ဟုတ်မဟုတ်စမ်းနိုင်ပါတယ်.။ ဒီနည်း
လေးကို အိုင်တီမုဆိုးရေးသားထားတာ ရှိပါတယ်.။ သို့သော်လည်း မေးလာတော့ သိသလောက်လေး ဖတ်ထား
မှတ်ထားတာလေး ပြန်ရေးပေးလိုက်ပါတယ်.။ ကဲစရအောင် Run ဘောက်ကိုဖွင့်ပါ Window+R ကိုနှိပ်ပြီးခေါ်
လိုက်ပါ.။ Run >>msconfig ရိုက်ပြီး Enter ခေါက် ပေါ်လာတဲ့ ဘောက်လေးမှာ Startup မှာ ၀င်းဒိုးတက်သည့်
အခါ တစ်ပါတည်း မတက်စေချင်တဲ့ ကိုယ်သုံးနေတဲ့ ဆော့ဝဲထဲက မလိုအပ်တဲ့ လေးနေတဲ့ ဆော့ဝဲလေးတွေကို
အမှန်ခြစ်ဖြုတ်ပေးပြီးတော့ OK ပေးလိုက်ရင် အဆင်ပြေပါပြီ.။ ခုဏက မက်ဆေ့ဘောက်မှာဘဲ ကွန်ပျူတာကို ပို
မြန်အောင် CPU ကို နှစ်လုံးရှိရင် နှစ်လုံးစလုံး အသုံးပြုခိုင်းလို့ရပါတယ်.။ Boot ထဲက Advanced options နှိပ်ပါ
ပြီးရင် Number of processors မှာ ကိုယ့် CPUက ဘယ်နှလုံးရှိသလဲကြည့်ပေါ့ တစ်လုံးထဲ အလုပ်လုပ်နေရင်
i 3 ဆို CPU (4) လုံးပါတယ် အဲတော့ သုံးလုံးလောက် အလုပ်လုပ်ခိုင်းလိုက်ပေါ့ အကုန်လုံးတော့ မလုပ်ခိုင်းနဲ့
ကြောင်သွားမှာစိုးလို့ ဒီနည်းအတိုင်းဘဲ i 5 သော်လည်းကောင်း i 7 သော်လည်းကောင်း ဒီနည်းနဲ့ လှုပ်ရှားရုံပါ
ဘဲ..။ ဒါက ကွန်ပျူတာ အလုပ်လုပ်မြန်အောင် သို့မဟုတ် Windows အတက်မြန်အောင်ပေါ့...။



နောက်တစ်နည်းကတော့ ဆော့ဝဲကို အသုံးပြုတာပါ.။ AcebyteUtilities ဆိုတဲ့ဆော့ဝဲမှာ Utilities box ဆိုတာ
လေးကို နှိပ်ပါ။ Startup Manager မှာ ကိုယ့် ၀င်းဒိုး တက်သည့်အခါ မတက်စေချင်တဲ့ ဆော့ဝဲတွေကို အမှန်ခြစ်
ဖြုတ်ထားခြင်းပါ အဲဒါဆိုရင်တော့ သိပ်ကြီးတော့ လေးတော့မှာ မဟုတ်ပါဘူး ကြာတော့မှာမဟုတ်ပါဘူး.။ သို့သော်လည်း ကိုယ့်ကွန်ပျူတာက CPU က နိမ့်နေရင်တော့ သူ့အိုးနဲ့ သူ့ဆန်ဆိုသလိုဘဲ လေးမှာပေါ့နော်..။
ကွန်ပျူတာက CPU  Mother Board Ram HDD ဟာ ညီမျှမှု ရှိဖို့လည်း အရေးကြီးတယ်ဗျာ ခေါင်းကကြီးပြီး
ခြေထောက်ကသေးနေရင်လည်း လမ်းလျှောက်တာ အဆင်မပြေနိုင်သလိုပါဘဲ သူ့ဟာနဲ့သူ ညီမျှမှုလေးတော့
ရှိသင့်ပါတယ်.။ P4 တစ်လုံးရဲ့ မြန်နှုန်းနဲ့ i 3 တစ်လုံးရဲ့ မြန်နှုန်းနဲ့တော့ နိုင်းလို့ ဘယ်ရမလဲနော် ဟုတ်တယ်နော်

ကဲဒါဆို ဆော့ဝဲက ဘယ်မှာယူရမှာလဲ ဒါလေးက မေးစရာဖြစ်လာတယ် ကျုပ်တင်ပေးထားပါတယ်.။ Registry Cleaner ပြုပြင်ခြင်း ဆိုတဲ့ လင့်လေးမှာ ထည့်ပေးထားတယ်နော်..။ ကဲပြောနေတာကြာတယ် တစ်ပါတည်း
လင့်ပါ ထည့်ပေးလိုက်ပါ့မယ်..။ ဆော့ဝဲကို ဒီလင့်မှာ ဒေါင်းလိုက်ပါ..
http://ohnthar.blogspot.com/2013/04/acebyteutilities.html
အားလုံးဘဲ အဆင်ပြေကြပါစေ...။





0 အားပေးစကားပြောကြားကြပါ:

Post a Comment