ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, August 12, 2013

Nokia ဖုန်းများ နေရောင်ခြည်ဖြင့် အားသွင်းနိုင်မည် (မြ၀တီ)

nokiaကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 44 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျားနည်းပညာ များ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့
မယ်လို့ သိရပါတယ်။ အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။ တောင်တက် ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်းပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။ အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာပါတယ်လို့တောင် မသိရလောက်အောင် ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြား တပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လိုအလွှာတစ်ခုမျှ သာဖြစ်ပြီး နေရောင်ခြည်ကို ပြလိုက်တာနဲ့ အလိုအလျောက်စွမ်းအင်တွေ စွဲယူနေစေဖို့ ဖြစ်ပါတယ်။ ခန့်မှန်းခြေ အရကတော့ လာမယ့် Mobile World Congress မှာ Nokia က ယင်းနည်းပညာကို ဝင်ရောက်ပြသမှာ   ဖြစ်ကြောင်း သိရပါတယ်။  မြ၀တီ

0 အားပေးစကားပြောကြားကြပါ:

Post a Comment