ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Sunday, August 18, 2013

ရန်ကို ရန်ခြင်း တုန့်ပြန်ခြင်းဖြင့် ရန်မငြိမ်းအေးနိုင်ဟု မိုးကောင်းကင်ပြော..

ဓမ္မပဒ ယမက၀ဂ် တိဿတ္ထေရ၀တ္တုမှာ မြတ်စွာဘုရားက ဒီလိုဟောပြခဲ့တယ်..
               အက္ကောဆိ မံ အ၀ဓိ မံ၊ အဇိနိမံ အဟာသိမေ။

               ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ နသမ္မတိ။

ယေ-အကြင်ပုဂ္ဂိုလ်တို့သည် မံ-ငါ့ကို အက္ကောဆိ-ဆဲရေးဖူးပြီ။  မံ-ငါ့ကို အ၀ဓိ-ညှင်းဆဲဖူးပြီ။ မံ-ငါ့ကို အဇိနိ-အောင်နိုင်ဖူးပြီ။ မေ-ငါ၏ဥစ္စာကို အဟာသိ-ဆောင်ယူဖူးပြီ။ ၀ါ-ခိုးဖူးပြီ။ ဣတိ-ဤသို့တွေး ၍ တံ-ထိုရန်ငြိုးကို ဥပနယှန္တိ-ကပ်၍ဖွဲ့ကုန်၏ ။ ၀ါ-ရန်ငြိုးဖွဲ့ကုန်၏။ တေသံ-ထိုရန်ငြိုးဖွဲ့သောသူအား ဝေရံ-ရန် သည် နသမ္မတိ-မငြိမ်းအေးနိုင်ကုန်။ ၀ါ-တစ်နည်းကား ဝေရာနိ-ရန်တို့သည် နသမ္မတိ-မငြိမ်းအေးနိုင်ကုန်။

ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှင်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ခိုးဆောင်ဖူးပြီဟု ထိုသူ့ အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။


ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှင်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ခိုးဆောင်ဖူးပြီဟု ထိုသူ့ အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည်ပြေငြိမ်းနိုင်၏။ ဤဂါထာလေး ကို ကျုပ်ငယ်စဉ် ကလေးဘ၀ ၁၅ နှစ် ၁၆နှစ်ခန့်က သင်ကြားဖူးပါတယ်.။ ကျုပ်ငယ်စဉ်က ဒေါသအလွန် အမင်းကြီးလှပါတယ်.။ ကျုပ်မှာ ရန်ငြိုးဖွဲ့ခဲ့ဖူးတဲ့ စိတ်လည်း ရှိခဲ့ဖူးပါတယ်.။ ၁၄ နှစ်သားမှာ  ပုထုဇ္ဖဉ်မှန်သမျှ ရန်ငြိုးမဖွဲ့မနေနိုင်အောင် ဖြစ်ခဲ့ရဖူးပါတယ် ။ ကျုပ်တို့ညီအစ်ကိုတွေရဲ့ အားကိုးရာအဖေဟာ အရှုံးကြီး ဆုံးရှုံးခဲ့ဖူးပါတယ်.။ ရုံးတို့ဘာတို့ဆိုတာလည်း ကျုပ်ငယ်စဉ် အဲဒီ ၁၄နှစ်သားမှာ ရောက်ခဲ့ဖူးတယ်.။ ဒီအချိန် ဒီအရွယ်တုန်းကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေ မရှိသေးပါဘူး ကျော်ဝင်းထွဋ်တို့ သီဟတင်စိုးတို့ ထွန်းလုံရှိန်တို့
ဇာတ်ကားတွေကြည့်ပြီ.။ ငါကြီးလာတဲ့ တစ်နေ့ဆိုပြီးတော့ ရန်ငြိုးဖွဲ့ခဲ့ဖူးတယ်..။ သို့သော်လည်း ၁၅ နှစ် ၁၆ နှစ်သားမှာ ဆရာသမားက နွေရာသီမှာ ဓမ္မပဒလေး သင်ကြားပို့ချပေးခဲ့တယ်.။ ဒီဇာတ်တော် အကြောင်း အရာနှင့်တစ်ကွပေါ့.။ မိတ်ဆွေများ ကြားဖူးဖတ်ဖူးကြပါလိမ့်မယ် သမင်မွေးလိုက် ကျားစားလိုက်
ဆိုတဲ့ ဇာတ်တော်လေးကိုပေါ့..။ ကိုယ်ဝန်သည် ဘ၀က စခဲ့တဲ့ ရန်ငြိုးဟာ ဗုဒ္ဓဘုရားရှင် လက်ထက်ရောက်မှ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်နှင့် တွေ့သည့်အခါမှ ငြိမ်းချမ်းသွားခဲ့တာလေးကိုပေါ့..။ ဒါကြောင့် အဲဒီ ၁၆ နှစ်သားကတည်းက ရန်ငြိုးဖွဲ့မှုကို ကျုပ်တတ်နိုင်သမျှ မလုပ်တော့ဘူး ။ ဒီလို ရန်ငြိုးဖွဲ့နေသမျှ ကိုယ်တိုင်းလည်း စိတ်ချမ်းသာမှာ မဟုတ်သလို သူတို့လည်း စိတ်ချမ်းသာမှာ မဟုတ်ဘူး..။ ဒီရန်ငြိုးကြောင့်
သူ့ဘ၀ ကိုယ့်ဘ၀ နှစ်ခုလုံး ဆင်းရဲယုံကလွဲပြီး ဘာမှ ဖြစ်မလာ... ဒါကြောင့် ကျုပ် တတ်နိုင်သမျှ ရန်မဖြစ်အောင်နေတယ် ။ စာရေးရင်လည်း အကောင်းဆုံးဖြစ်အောင် အလယ်အလတ်
မဇ္ဈိမ မဋိပဒါ ဖြစ်အောင် ရေးတယ်.။ အနည်းစု ချမ်းသာရေးထက် အများစု ချမ်းသာဖို့ ရေးတယ်..။

ပြောရရင် ကျုပ်ဘ၀က ရင်နာစရာ ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်..။ လူတစ်ရာမှာ တစ်ယောက် မရှိခဲ့ဖူးတဲ့ ဇာတ်လမ်းတွေပေါ့။ အတိတ်တွေကို ပြန်တွေးရင်း ၀မ်းလည်း သိပ်မနဲတော့ပါဘူးဗျာ.။ သူ့ကံနဲ့သူလို့ ဘဲ သဘောထားပါတယ်.။ ကိုယ်က ရန်ငြိုးဖွဲ့ခဲ့လျှင် ဒီရန်ငြိုးက ငြိမ်းအေးတော့မှာ မဟုတ်ဘူး ။ ကိုယ် တစ်ယောက်တည်း ပူဆွေးရမှာလား မဟုတ်ဘူး ကိုယ့်မိဘ ကိုယ့်ညီအစ်ကို မောင်နှမတွေ ကိုယ့်ရဲ့ဆွေမျိုးတွေ ကိုယ်နေထိုင်တဲ့ အသိုင်းအ၀ိုင်းတွေအားလုံး စိတ်မချမ်းသာစရာတွေ ဖြစ်ကုန်မှာပေါ့..။ အထူးသဖြင့် ကိုယ့်မိသားစု ငွေကုန်း လူပန်းဖြစ်မယ်..။ နောက်ပြီးတော့ ရှိသမျှ ပစ္စည်းတွေ ပြောင်ပြီးတော့ လုပ်စားမရတဲ့ အခြေအနေဖြစ်သွားမယ်.။ လူ့ဘ၀ကို ခဏလေး အလည်ရောက်ကြရတာပါ.။ သတ္တ၀ါတွေရဲ့ အမြဲတမ်းနေထိုင်ရာ ဘုံ ဘ၀ကတော့ ငရဲဘဲတဲ့.။

ဒါက ကျုပ်စကား မဟုတ်ပါဘူး ဘုရားစကားဘဲ.။ ဟုတ်တယ် များသောအားဖြင့် လူဘုံ လူ့ဘ၀လေး ရတုန်းမှာ ကိုယ့်အတွက် ကောင်းမှုကုသိုလ် အထုပ်ကို မယူဘဲနဲ့ ပျော်လိုက် ပါးလိုက်နဲ့ အချိန်ကုန်တော့
သူ့မူလနေရာ ငရဲ တိရိစ္ဆာန်ဘုံကို ပြန်ရောက်ကြရတယ်..။ ဒီတော့ ကျုပ်တို့ဟာ ခဏတာ ရလာတဲ့ ဘ၀လေးမှာ ရန်ငြိုးတွေ အာဃာတ တရားတွေ လောဘတွေ အရမ်းကြီးနေလို့ မဖြစ်ဖူး.။
ဘုရားရဲ့ သာသနာတော်နဲ့တွေ့တုန်း အသိဥာဏ်အတွေးအခေါ် ဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူလည်းဖြစ်လာတုန်းဘ၀မှာ ကုသိုလ်တွေ သယ်မသွားဘဲနဲ့ အကုသိုလ်အထုပ်တွေနဲ့သာ သေသွားရင်
လူဖြစ်ရကျိုး ဘယ်နှပ်တော့မလဲဗျာ..။

တိရိစ္ဆာန် တစ်ကောင်ရဲ့ ဘ၀ကိုဘဲ ကြည့်ကြည့်ပါ။ ဥပမာပေါ့ဗျာ ကျားတစ်ကောင်ရဲ့ ဘ၀ဆိုရင် ပိုဆိုးပြီပေါ့ နေ့တစ်ဓူဝ သားကောင်တွေ သတ်စားနေရတဲ့ဘ၀ဆိုတော့ ဘယ်မှာ ကုသိုလ်ရတော့မလဲ.
နောက်ပြီး ဗျိုင်းတစ်ကောင်ရဲ့ဘ၀ ဇာတ်တော် တစ်ခုလည်း ရှိပါတယ်..။ မာဃ၀တ္ထုကို ကြည့်ရင် သိနိုင်ပါတယ်နော်..။ ဒီဇာတ်တော်က မိန်းကလေးတစ်ယောက် ဘာကုသိုလ်မှ မလုပ်ဘဲ သူ့လင်ယောက်ျား
ကုသိုလ်လုပ်တာ သူလည်း ရတယ်ဆိုပြီး တစ်နေ့တစ်နေ့ အလှပြင်တာနဲ့ အချိန်ကုန်နေတာလေ..ဘ၀နံဂုံး အဆုံးလည်း သတ်ရော ဗျိုင်းမ ဖြစ်ရတဲ့ ဇာတ်လမ်းလေး..အကျဉ်းလေးပါ အကျယ်ကိုတော့
သိကြားမင်း ဦးမာဃ အကြောင်း ရှာဖတ်ပေါ့ဗျာ..။

ဒီနေရာမှာ ကျုပ်ကို ဆဲထားတာလေး ထည့်ပြောလိုက်ချင်တယ်..။ သူပြောတဲ့အထဲမှာ ကြော်ငြာတွေ ထည့်တဲ့အကြောင်းကိုပေါ့ ကျုပ်အနေနဲ့ ကြော်ငြာလေးထည့်ထားပေမယ့် ငွေလည်း တစ်ခါမှ မထုတ်ဖူးပါဘူး
ခု တစ်လလောက်ရှိမယ်ထင်တယ် ထည့်ထားတာ ငွေဘယ်လောက်ရသလဲကြည့်တော့ ၁၃၀၀ လောက်တော့ ရပါတယ် ၃၀၀၀၀ သောင်းကျပ်မှ ထုတ်ရမယ်တဲ့ ကဲ ဒါကို စဉ်းစားကြည့်ပေါ့ဗျာ တစ်လမှ ၁၃၀၀ ကျပ်ဘာ လုပ်စားလို့ ရမှာလည်း တစ်နေ့တာ လက်ဖက်ရည်ဖိုးလောက် ရှိတာပါ ဒါကြီးကိုများ ရေးကြီးခွင်ကျယ်လုပ်လို့ ပြောနေရသေးတယ်..။ အောက်မှာ ထည့်ထားတဲ့ ကြော်ငြာ လင့် လေးခုကလည်း ကျုပ်ဆိုက်နေ မပျင်းတဲ့အခါ လျှင်မြန်စွာ သွားရောက် ကလစ်ဖို့အတွက် ကိုယ့်အတွက် လုပ်တာပါ.။ မိတ်ဆွေတို့လည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး.. ဒါကို ဘာကြောင့် ပြောတာလဲ...ကျုပ်က ဘာမှားလို့လဲ သူများကိုနှစ်နာစေတဲ့ အရာ ဘာမှ မလုပ်ပါဘူး တတ်နိုင်သမျှ ရှောင်ပါတယ်..။

နည်းပညာနဲ့ ပါတ်သက်လို့ ကျုပ်ဆရာကြီး မဟုတ်ဘူးလို့လည်း ပြောထားတယ်..။ မလုပ်တတ်ရင် မလုပ်တတ်ဖူး ရှင်းရှင်းဘဲ ရေးတာဘဲ ကိုယ် သဘောကျတာလေးတွေကို လိုက်ကူးခဲ့တယ် မှတ်စု အနေနဲ့ပါ.။
ကိုယ့်ဆီမှာရှိထားတော့ ပြန်ရှာတဲ့အခါ လွယ်လင့်တစ်ကူ ယူသုံးလို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ.။ သူများတွေလို ဘယ်ကွန်ပျူတာ တက္ကသိုလ်မှလည်း မတက်ဖူးပါဘူး တက္ကသိုလ်မပြောနဲ့ ဆယ်တန်းတောင် မရောက်ခဲ့ပါဘူး.။ ကျုပ် ၁၄ နှစ်သားမှာ အဖေမရှိတော့တဲ့ နောက်ပိုင်း ကျောင်း ထွက်ပြီး နွားကျောင်း ကျွဲကျောင်းလုပ်နေခဲ့တာဘဲ..။ အဲဒီတော့ ကျုပ်က တတ်တယ်လို့လည်း မပြောဘူး..။ ကိုယ်သိသလောက်လေး ကိုယ့်အတွက် အမှတ်တရလေး ဖြစ်အောင်ဆိုပြီး ရေးတာဘဲဗျာ..။ ခင်ဗျားက ဘယ်လို အကြောင်းတွေကြောင့် ဒါမျိုးတွေ လာပြောရတာလဲ မပြောသင့်ပါဘူးဗျာ..။

အမေယုတ်ညံ့ရင် နုတ်ကြမ်းတယ် အဖေယုတ်ညံ့ရင် ကိုယ်အမူအရာ ကြမ်းတမ်းတယ်တဲ့ဗျာ..။ အမေယုတ်တယ်ဆိုတာကတော့ အားလုံး သိပြီးဖြစ်မှာပါ ဘယ်သို့ ဘယ်ပုံ ယုတ်တယ်ဆိုတာကိုပေါ့..။
မင်းအဲလို ရိုင်းစိုင်းအောင် မင်းရဲ့ ဆရာသမားတွေက သင်ပေးလိုက်တာလား မင်းမိဘ၀ ဘိုးဘွားတွေက သင်ပေးနေတာလား..ကုန်ကုန်ပြောရရင် လူဆိုတာ အကျင့်တူရာဘဲ ပေါင်းလို့ရတယ်ဆိုတော့ မင်းရဲ့အသိုင်းအ၀ိုင်းတွေ မင်းရဲ့ဆွေမျိုးတွေကလည်း ဒီလိုဘဲ သင်ပေးတာလား ပြောနေကြတာလား.. ။ ပြောရရင် မကောင်းဘူးဗျာ ကိုယ့်တစ်ယောက်အတွက်နဲ့ အများထိခိုက်တယ်ဆိုတာ အဲဒါဘဲ ရှင်းသွားအောင်လို့ ထည့်ပြောလိုက်တာ..။ အခုတော့ သိလောက်ရော
ပေါ့ ကိုယ် မကောင်းရင် ကိုယ်တစ်ယောက်တည်း ခံရတာမဟုတ်ဘူး ။ ကိုယ့်မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း သူငယ်ချင်း အပေါင်းအသင်းတွေ ဆရာသမားတွေပါ ထိခိုက်တယ်ဆိုတာ အဲဒါဘဲ..။

ကျုပ်အနေနဲ့ ဘာရန်ငြိုးမှ မထားပါဘူး သို့သော်လည်း ကျုပ်ကို ပြစ်မှားမိတဲ့အတွက် မင်းမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်...။ ကျန်းမာရေးတော့ ဂရုစိုက်..။ မင်းပြစ်မှားတာက ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး..အဲဒီတော့ အားကြီးတဲ့ မကောင်းမှုဆိုရင် သူ့စေတနာအလိုက် အကျိုးပေးကလည်း ကြီးမှာပါ..

အားလုံးဘဲ ရန်ငြိုးတွေ ပြေပြောက်ပါစေ....ကမ္ဘာမြေ ငြိမ်းချမ်းပါစေလို့ ဆုတောင်းရင်းဖြင့်.....
18.8.2013 အမှတ်တရ....

0 အားပေးစကားပြောကြားကြပါ:

Post a Comment